Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 3:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ဤသို့သော​မျှော်လင့်ခြင်း​ရှိ​သဖြင့် ကျွန်ုပ်တို့​သည် အလွန်​ရဲရင့်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ငါ​တို့​သည်​ဤ​မျှော်​လင့်​ခြင်း​ရှိ​သ​ဖြင့်​အ​လွန် ရဲ​ရင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12-13 ထို သို့ မြော် လင့် ခွင့် ရှိ သော ကြောင့် ငါ တို့ သည် ကွယ် ပျောက် ဆဲ ဘုန်း ၏ ကုန် ဆုံး ခြင်း ကို ဣ သ ရေ လ အ မျိုး သား တို့ မ ရှု ကြည့် ရ စေ ခြင်း ငှာ မျက် နှာ ဖုံး ဆင် ယင် ရ သူ မော ရှေ အ လေ့ ကို မ လိုက် ဘဲ ထင် ထင် ဟော ပြော ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​သို့​သော ယုံ​ကြည်​မျှော်​လ​င့်​ခြင်း​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် ထိမ်​ဝှက်​ခြင်း အ​လျှင်း​မ​ရှိ။ အ​တည့်​အ​လင်း ဟော​ပြော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​တို့​သည် ဤသို့​သော​မျှော်လင့်​ခြင်း​ရှိ​သည်​ဖြစ်၍ အလွန်​ရဲရင့်​စွာ​ဖြင့်​ပြုမူ​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 3:12
21 ပူးပေါင်းရင်းမြစ်များ  

ဂျူးလူမျိုးတို့​သည် ယေရှု​ထံတော်သို့ စုဝေးလာ​၍ “သင်​သည် မည်မျှ​ကြာသည်​အထိ ငါတို့​ကို ဝေခွဲဆုံးဖြတ်ရ​ခက်စေမည်နည်း။ အကယ်၍ သင်​သည် ခရစ်တော်​မှန်​လျှင် ငါတို့​ကို အတိအလင်း​ပြောပါ” ဟု ဆိုကြ၏။


ဤ​အကြောင်းအရာများ​ကို ပုံဆောင်​တင်စား​၍ ငါ​ဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်​တင်စား​ရန် မလိုဘဲ ခမည်းတော်​၏​အကြောင်း​မှန်သမျှ​ကို ရှင်းလင်း​စွာ ငါ​ဖော်ပြမည့်​အချိန် ရောက်လာ​လိမ့်မည်။


ထိုအခါ တပည့်တော်တို့​က “ကိုယ်တော်​သည် ယခု​တွင် ပုံဥပမာ​မဆောင်ဘဲ ရှင်းလင်း​စွာ မိန့်တော်မူ၏။


သူတို့​သည် အချိန်​ကြာမြင့်​စွာ​နေ​၍ သခင်ဘုရား​၏​အကြောင်း​ကို ရဲရင့်​စွာ​ဟောပြောကြ၏။ သခင်ဘုရား​သည် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို သူတို့​အား ပြုခွင့်​ပေးခြင်း​ဖြင့် မိမိ​၏​ကျေးဇူးတော်​နှင့်ဆိုင်သော နှုတ်ကပတ်​တရားတော်​မှန်ကန်​ကြောင်း သက်သေပြတော်မူ၏။


ပေတရု​နှင့် ယောဟန်​တို့​မှာ ပညာတတ်​မဟုတ်၊ သာမန်လူ​သာ​ဖြစ်​လျက်နှင့် ထိုသို့​ရဲစွမ်းသတ္တိ​ရှိကြသည်​ကို မြင်​သောအခါ ထို​သူတို့​သည် အံ့သြကြ၏။ ထို့ပြင် ယေရှု​၏​အပေါင်းအဖော်များ​ဖြစ်ကြောင်း​ကိုလည်း မှတ်မိကြ၏။


သို့သော် ဗာနဗ​သည် သူ့​ကို​တမန်တော်များ​ထံသို့ ခေါ်ဆောင်လာခဲ့ပြီး ရှောလု​သည် လမ်းခရီး​တွင် သခင်ဘုရား​ကို မည်သို့ တွေ့မြင်ခဲ့ပုံ၊ သခင်ဘုရား​က သူ့​အား မည်သို့​မိန့်တော်မူခဲ့ပုံ​နှင့် ဒမတ်စကပ်မြို့​တွင်လည်း ယေရှု​၏​အမည်​နာမ​ကို​အမှီပြု​၍ ရဲဝံ့​စွာ​ဟောပြောခဲ့ပုံ​တို့​ကို ပြောပြလေ၏။


သူ​သည် ဂရိစကား​ပြောသော​ဂျူး​တို့​နှင့် အချေအတင်​ပြောဆို​ဆွေးနွေးလေ၏။ သို့သော် သူတို့​က ရှောလု​ကို သတ်​ရန် ကြိုးပမ်းကြ၏။


သို့ဖြစ်စေကာမူ အသင်းတော်​တွင် အခြား​ဘာသာစကား​ဖြင့် အခွန်း​တစ်သောင်း​ကို ပြောဆိုသည်​ထက် တစ်ပါးသူ​ကို သွန်သင်​ရန် နားလည်နိုင်သော​စကား​ငါးခွန်း​ကိုသာ ကျွန်ုပ်​ပြောဆိုမည်။


သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။


မှေးမှိန်သွားသော​အရာ​၌ ဘုန်းအသရေ​ရှိ​လျှင် ထာဝရ​တည်မြဲသော​အရာ​၌ မည်မျှ ပို၍ ဘုန်းအသရေ​ရှိ​လိမ့်မည်နည်း။


ကျမ်းစာ​၌ “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော၏” ဟု ရေးသားထား၏။ ကျွန်ုပ်တို့​တွင်လည်း ထို​ယုံကြည်သည့်​စိတ် ရှိ​သဖြင့် ဟောပြောကြ၏။


ကျွန်ုပ်​သည် သင်တို့​ကို အလွန်​ယုံကြည်စိတ်ချ​၍ သင်တို့​အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်​သည် နှစ်သိမ့်မှု​ကို အပြည့်အဝ​ရရှိ​သဖြင့် ဆင်းရဲဒုက္ခ​အမျိုးမျိုး​နှင့် ရင်ဆိုင်ရ​သော်လည်း ဝမ်းမြောက်​လျက်​ရှိ၏။


ကျွန်ုပ်​အကျဉ်းချခံရခြင်း​ကြောင့် အများစုသော ညီအစ်ကို​မောင်နှမတို့​သည် သခင်ဘုရား​အပေါ် စိတ်ချယုံကြည်​လျက် မကြောက်ရွံ့ဘဲ သတင်းကောင်း​ကို ဟောပြော​ရန် ပိုမို​ရဲရင့်လာကြ၏။


ကျွန်ုပ်​သည် မည်သည့်​အခါ​မျှ မရှက်ကြောက်ဘဲ ယခင်က​ကဲ့သို့ ယခု​အချိန်​တွင်​လည်း အစဉ်​ရဲရင့်​နိုင်မည်​ဟု အပြည့်အဝ​ယုံကြည်​၍ မျှော်လင့်ပါ၏။ ကျွန်ုပ်​အသက်​ရှင်သည်​ဖြစ်စေ၊ သေသည်​ဖြစ်စေ ကျွန်ုပ်​ပြောဆို​ပြုမူသော​အရာများ​ကြောင့် ခရစ်တော်​သည် ချီးမွမ်းခံရမည်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်၏။


ကျွန်ုပ်​ဟောပြော​သင့်သည့်​အတိုင်း ထို​လျှို့ဝှက်နက်နဲသော​တရားတော်​ကို ရှင်းလင်း​စွာ ဟောပြောနိုင်​ရန် ဆုတောင်းပေးကြလော့။


ကျွန်ုပ်တို့​သည် ဖိလိပ္ပိမြို့​၌ ဒုက္ခ​ဆင်းရဲခြင်း​နှင့် ညှဉ်းပန်း​နှိပ်စက်ခြင်း​များ​ကို ခံခဲ့ကြောင်း သင်တို့​သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူ​သောကြောင့် ပြင်းထန်သည့် ဆန့်ကျင်​တိုက်ခိုက်မှု​ကြား​ကပင် ကိုယ်တော်​၏ သတင်းကောင်း​ကို သင်တို့​ထံ ရဲဝံ့​စွာ ဟောပြောခဲ့ကြ၏။


မိမိ​တာဝန်​ကို ကောင်းစွာ ထမ်းဆောင်သော သင်းထောက်​သည် နာမည်ကောင်း​ရ​၍ ယေရှု​ခရစ်တော်​ကို ယုံကြည်သည့်​အကြောင်း ရဲဝံ့​စွာ ပြောနိုင်၏။


ထို့ကြောင့် ကျွန်ုပ်​သည် သင့်​အား သင့်လျော်သော​အရာ​ကို လုပ်ဆောင်​ရန် ခရစ်တော်​အားဖြင့် ရဲဝံ့​စွာ အမိန့်ပေးနိုင်​သော်လည်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ