Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 10:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 လူ​တချို့​က ကျွန်ုပ်တို့​သည် လောကီ​စံနှုန်း​အတိုင်း ပြုမူနေထိုင်ကြသည်​ဟု ထင်မြင်ကြ၏။ ကျွန်ုပ်​ရောက်လာ​သောအခါ ထို​သူတို့​အား ရဲရင့်ပြတ်သား​စွာ ပြုမူ​ရန် ကြံစည်ထား၏။ သို့သော် သင်တို့​ကိုမူ ထိုသို့​ရဲရင့်ပြတ်သား​စွာ မပြုမူရ​စေရန် ကျွန်ုပ်​တောင်းပန်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ငါ​တို့​သည်​လော​ကီ​အ​ကျိုး​ကို​မြော်​ကိုး​၍ ဆောင်​ရွက်​သူ​များ​ဖြစ်​သည်​ဟု​စွပ်​စွဲ​ဝေ​ဖန် ကြ​သော​သူ​တို့​အား ငါ​သည်​မိ​မိ​၏​ရဲ​စွမ်း သတ္တိ​ကို​ငါ​ပြ​နိုင်​ကြောင်း​ကို​သိ​စေ​လို​၏။ သို့ ဖြစ်​၍​သင်​တို့​ထံ​သို့​ငါ​ရောက်​ရှိ​လာ​သော အ​ခါ ထို​ရဲ​စွမ်း​သတ္တိ​ကို​ပြ​ရ​သည့်​အ​ဖြစ် နှင့်​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ရုပ် ခန္ဓာ အ လျောက် ငါ တို့ ကျင့် ကြံ ကြ သည် ဟု မှတ် ယူ ကြ သူ တို့ တစ် ဘက် ရဲ ရင့် စွာ ဆုံး မ မည့် အ ကြံ အ စည် အ တိုင်း ငါ ရောက် လာ၍ အ မောက် အ မာ မ ပြု ရ စေ ခြင်း ငှာ တောင်း ပန် ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​လို​သို့​လိုက်၍ ကျင့်​သော​သူ ဖြစ်​ကြ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​အား၊ ငါ​ကြံ​စည်​သော ရဲ​ရင့်​ခြင်း​အ​တိုင်း သင်​တို့​ဆီ​သို့ ရောက်​လာ​သော​အ​ခါ၊ ထို​မျှ​လောက်​ရဲ​ရင့်​ခြင်း မ​ရှိ​မည်​အ​ကြောင်း ငါ​တောင်း​ပန်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ငါ​တို့​ကို သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သူ​ကဲ့သို့ သတ်မှတ်​သော​သူ​အချို့​တို့​အပေါ် ရဲဝံ့​စွာ​ပြုမူ​ရ​မည်​ဟု ငါ​ယုံကြည်​ခံယူ​ထား​သည့်​အတိုင်း ငါ​ရောက်လာ​သောအခါ ထိုသို့​ရဲဝံ့​ပြတ်သား​စွာ​မ​ပြုမူ​ရ​စေရန် ငါ​တောင်းပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 10:2
12 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


ထိုသို့​ပြုတော်မူခဲ့ခြင်း​မှာ လူ့​ဗီဇစိတ်​အလို​အတိုင်း ပြုမူ​မနေထိုင်တော့ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်သော ကျွန်ုပ်တို့​သည် ပညတ်တရား​၏ ပြဋ္ဌာန်းချက်တို့​ကို အပြည့်အဝ​ဖြည့်ဆည်း​နိုင်ရန် ဖြစ်၏။


လူ့​ဗီဇစိတ် အလို​အတိုင်း အသက်ရှင်သော​သူတို့​သည် လူ့​ဗီဇစိတ်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်သောသူတို့​မှာ ဝိညာဉ်တော်​နှင့်​ဆိုင်သော အရာတို့​ကို စွဲလမ်းကြ၏။


ဤသို့ စီစဉ်​သောအခါ ကျွန်ုပ်​သည် ပေါ့ပေါ့တန်တန်​စီစဉ်သည်​ဟု သင်တို့​ထင်သလော။ ကျွန်ုပ်​သည် အစီအစဉ်များ​ကို ချမှတ်​ရာတွင် တစ်ချိန်တည်း​၌ “ဟုတ်၏” ဟူ၍​လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍​လည်းကောင်း စကား​နှစ်ခွ​ဖြင့် ပြောဆိုတတ်သော လောကီသားများ​နှင့် တူသလော။


ကျွန်ုပ်တို့​သည် သင်တို့​အား ထိုသို့​ပြု​ရန် သတ္တိ​နည်းကြောင်း ကျွန်ုပ်​ရှက်ရွံ့​စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်​သည် တစ်စုံတစ်ရာ​အတွက် ကြွားဝါ​ဝံ့​ပါက ကျွန်ုပ်​သည်လည်း ကြွားဝါ​ဝံ့သည်​ဟု မိုက်မဲ​စွာ ဆိုရပေမည်။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ဒုတိယ​အကြိမ် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိခဲ့​စဉ်က ယခင် အပြစ်​ကျူးလွန်သူများ​နှင့် အခြားသူ​အပေါင်းတို့​အား နောက်တစ်ကြိမ် ရောက်လာ​လျှင် ညှာတာမည်​မဟုတ်​ဟု သတိပေးခဲ့သည့်​အတိုင်း ယခု​အဝေး​၌ ရှိစဉ်​တွင်လည်း ထပ်မံ​၍ သတိပေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ