Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 မည်သို့ပင်​ဖြစ်စေ အကြောင်းအရာ​တချို့​နှင့်​ပတ်သက်၍ သင်တို့​ကို သတိပေးရာ​တွင် ကျွန်ုပ်​သည် ဘုရားသခင်​ပေးသနားတော်မူသော အခွင့်ထူး​ကို ထောက်​၍ ရဲရင့်​စွာ ရေးလိုက်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​သော်​ဤ​စာ​တွင်​အ​ချို့​အ​မှု​ကိစ္စ​များ​နှင့် ပတ်​သက်​၍​သင်​တို့​အား​သ​တိ​ပေး​ရာ​၌ ငါ သည်​ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ခွင့်​ထူး​ကို​အ​ကြောင်း​ပြု​၍​ရဲ​တင်း ပွင့်​လင်း​စွာ​ရေး​သား​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15-16 သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် သန့် ရှင်း၍ နှစ် သက် တော် မူ ဖွယ် ပူ ဇော် သ က္ကာ အ ဖြစ် လူ မျိုး ခြား တို့ ကို ဆက် ကပ် ရ အံ့ သော ငှါ ဘု ရား သ ခင့် သ တင်း တော် ဝတ် ကို ပူ ဇော် လျက် လူ မျိုး ခြား တို့ တွင် ခ ရစ် တော် ယေ ရှု၏ အ မှု တော် ဆောင် အ ဖြစ် ဘု ရား သ ခင် ကျေး ဇူး တော် ကို ခံ စား ရ သည့် အ လျောက် ငါ့ ကိုယ် တိုင် သ တိ ပေး၍ ရဲ ရင့် စွာ ရေး လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15-16 သို့​သော်​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​စေ​တော်​မူ​သော နှစ်​သက်​ဖွယ်​ရာ ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော တစ်​ပါး​အ​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​ငှာ ငါ​သည် ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု​ကို ဆောင်​ရွက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ယေ​ရှု​ခ​ရစ်၏ အ​မှု​ဆောင်​ဖြစ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အပ်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​အ​မှီ​ပြု၍၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ကို သ​တိ​ပေး​လျက် သာ၍​ရဲ​ရင့်​စွာ ရေး​လိုက်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15-16 သို့သော် လူမျိုးခြား​တို့​အတွက် ငါ့​ကို​ခရစ်တော်​ယေရှု​၏​အမှု​တော်​ကို​ထမ်းဆောင်​သူ​ဖြစ်​စေ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ဆိုင်သည့်​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​စေ​ပြီး ထို​လူမျိုးခြား​တို့​ကို​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သည့်​နှစ်သက်​လက်ခံ​ဖွယ်​ပူဇော်သက္ကာ​ဖြစ်​စေရန် ငါ့​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို တစ်ဖန်​သတိပေး​ရန် တချို့​အပိုင်း​၌ ငါ​ရဲဝံ့​စွာ ရေး​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:15
22 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​သည် ထို​သားတော်​အားဖြင့် တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ကို ရရှိကြ၏။ ဤသည်​မှာ ထို​သခင်​၏ နာမတော်​အတွက် ယုံကြည်ခြင်း​ကြောင့် ဖြစ်လာသော နာခံခြင်း​အကြောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထဲတွင် ဟောပြော​ရန် ဖြစ်၏။


ကျွန်ုပ်​အား ဘုရားသခင်​ပေးအပ်တော်မူသော တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ဖြင့် သင်တို့​တစ်ဦးချင်း​ကို ကျွန်ုပ်​ပြော​လိုသည်​မှာ သင်တို့​သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်​ထက် ပို၍ အထင်​မကြီးကြနှင့်။ မိမိတို့​အတွက် ဘုရားသခင်​ခွဲဝေ​ပေးသနားတော်မူသော ယုံကြည်ခြင်း​ပမာဏ​အတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်​ရိုးသား​စွာ သုံးသပ်ကြလော့။


သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်​အတိုင်း ကျွန်ုပ်တို့​သည် ကွဲပြား​ခြားနားသော ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့​လက်ခံရရှိသော ဆုကျေးဇူး​သည် ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်လျှင် ယုံကြည်ခြင်း​၏ ပမာဏ​အတိုင်း ဟောပြောကြရမည်။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


အသင်းတော်​၏ မဏ္ဍိုင်များ​ကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရု​နှင့် ယောဟန်​တို့​က ကျွန်ုပ်​အား ပေးထားသော​ကျေးဇူးတော်​ကို သဘောပေါက်​လျက် ကျွန်ုပ်တို့​အားလုံး​သည် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြောင်း​ကို ပြသော​အားဖြင့် ဗာနဗ​နှင့် ကျွန်ုပ်​ကို လက်ဆွဲ​နှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့​သည် လူမျိုးခြား​ထံသို့ သွားရောက်​ဟောပြော​ရန်​နှင့် သူတို့​သည် ဂျူးလူမျိုး​ထံသို့ သွားရောက်​ဟောပြော​ရန် သဘောတူကြ၏။


ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။


ထို့ကြောင့် သင့်​အပေါ် ကျွန်ုပ်​လက်တင်​စဉ်က ဘုရားသခင် သင့်​အား ပေးတော်မူသော ဆုကျေးဇူး​ကို ပြန်လည်​တောက်လောင်​စေရန် လှုံ့ဆော်လော့​ဟု ကျွန်ုပ်​သတိပေး၏။


ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။


အုပ်ချုပ်သူများ​နှင့် အာဏာပိုင်များ​ကို နာခံကြ​ရန် ကရေတေကျွန်း​၌ နေထိုင်ကြသော​ယုံကြည်သူတို့​အား သတိပေးလော့။ သူတို့​သည် နာခံ​၍ ကောင်းမှု​အမျိုးမျိုး​ကို အချိန်မရွေး​ပြုနိုင်​ရန် အဆင်သင့်​ဖြစ်နေ​ရမည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံ အကျဉ်းချုံး ရေးလိုက်ခြင်း​သာ ဖြစ်​၍ ကျွန်ုပ်​၏ အားပေး​တိုက်တွန်းစကား​ကို နားထောင်ကြ​ရန် ကျွန်ုပ်​တိုက်တွန်း​နိုးဆော်ပါ၏။


သစ္စာရှိသော​ညီအစ်ကို​ဟု ကျွန်ုပ်​မှတ်ယူသော သိလွာနု​၏​အကူအညီ​ဖြင့် သင်တို့​ထံ စာ​ကို အကျဉ်းချုံး​၍ ရေးလိုက်၏။ အကြောင်းအရာ​မှာ သင်တို့​အား တိုက်တွန်း​နှိုးဆော်​ရန်​နှင့် ကျွန်ုပ်​ရေးလိုက်သော​အရာတို့​သည် ဘုရားသခင်​၏ စစ်မှန်သော​ကျေးဇူးတော်​ဖြစ်ကြောင်း သက်သေခံ​ရန်​ဖြစ်၏။ ထို​ကျေးဇူးတော်​တွင် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ကျွန်ုပ်တို့​၏ ချစ်ရသော​ညီအစ်ကို​ပေါလု​သည်လည်း ကျွန်ုပ်တို့​၏​သခင်ဘုရား​ပေးတော်မူသော ဉာဏ်ပညာ​ဖြင့် သင်တို့​ထံ စာရေးခဲ့သည့်​အတိုင်း ကျွန်ုပ်တို့​၏​သခင်ဘုရား​၏ စိတ်ရှည်တော်မူခြင်း​သည် သင်တို့​ကယ်တင်ခံရ​ရန် ဖြစ်ကြောင်း မှတ်ယူကြလော့။


ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သော​သင်တို့​သည် ထာဝရ​အသက်​ကို ရကြောင်း​သိ​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ