မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
၁ ပေ 2:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။ Common Language Bible ဤနည်းအတိုင်းပြုမူစေရန်သင်တို့အား ကိုယ်တော်ရွေးကောက်တော်မူခြင်းဖြစ်ပေ သည်။ ခရစ်တော်ကိုယ်တိုင်ပင်လျှင်သင်တို့ အတွက်ဒုက္ခဝေဒနာခံတော်မူ၍ ခြေတော် ရာကိုသင်တို့လိုက်လျှောက်နိုင်စေရန်စံနမူ နာထားခဲ့ပြီ။- Garrad Bible ခ ရစ် တော် သည် သင် တို့ အ ဖို့ ဒု က္ခ ခံ တော် မူ လျက် ခြေ ရာ တော် များ ၌ လျှောက် လိုက် ကြ စေ ရန် ပုံ စံ ထား တော် မူ ခဲ့ သည့် အ လျောက် ထို သို့ ခံ ခြင်း ငှာ သင် တို့ ကို ခေါ် ထား တော် မူ ၏။ Judson Bible အကြောင်းမူကား၊ ထိုသို့အလိုငှာ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍၊ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် သင်တို့သည် ဤအတွက် ခေါ်ယူတော်မူခြင်းခံရ၏။ အကြောင်းမူကား ခရစ်တော်သည်လည်း သင်တို့ကို မိမိခြေရာတော်အတိုင်းလိုက်လျှောက်စေရန် သင်တို့ကိုယ်စား ဒုက္ခဝေဒနာခံစားရလျက် သင်တို့အတွက် စံနမူနာကိုထားပေးတော်မူ၏။ |
မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ငါသည် သင်တို့အတွက် စံနမူနာကို ငါပြခဲ့ပြီ။ သင်တို့ကို ငါပြုသကဲ့သို့ သင်တို့အချင်းချင်းသည်လည်း ပြုကြရမည်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ခရစ်တော်သည် ဒုက္ခဝေဒနာကိုခံစားရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြပြီးလျှင် “သင်တို့အား ကျွန်ုပ်ပြောပြသောယေရှုသည် ခရစ်တော်ပင်ဖြစ်သည်” ဟု ပြောလေ၏။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
သင်တို့၏ အချင်းချင်းဆက်ဆံရေးတွင် ယေရှုခရစ်တော်၌ရှိသော ထိုစိတ်သဘောထားကို ရှိစေကြလော့။
ထို့ပြင် ဤဆင်းရဲဒုက္ခများကြောင့် သင်တို့တစ်ဦးတစ်ယောက်မျှ ယိမ်းယိုင်မသွားစေရန် ဖြစ်၏။ ထိုဆင်းရဲဒုက္ခများ တွေ့ကြုံရခြင်းသည် ဘုရားသခင်၏ အလိုတော်အရဖြစ်ကြောင်း သင်တို့သိကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သခင်ယေရှု၏ အခွင့်အာဏာဖြင့် သင်တို့ကို မည်သို့သော အကြောင်းအရာများ ညွှန်ကြားခဲ့ကြောင်း သင်တို့ သိသောကြောင့် ဖြစ်၏။
အမှန်ပင် ယေရှုခရစ်တော်ကို ယုံကြည်၍ ဘုရားတရားကိုင်းရှိုင်းလျက် နေထိုင်လိုသူတိုင်း ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည်။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားသမီးများစွာကို ဘုန်းစည်းစိမ်ခံစားရာသို့ ခေါ်ဆောင်လိုသောကြောင့် ထိုသူတို့ကို ကယ်တင်ရန် ယေရှုအား ဆင်းရဲဒုက္ခခံစားစေခြင်းအားဖြင့် ပြီးပြည့်စုံသောကယ်တင်ရှင်ဖြစ်စေသည်မှာ သင့်လျော်ပေ၏။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
ခရစ်တော်သည် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားခဲ့ရသောကြောင့် သင်တို့သည်လည်း ခရစ်တော်ကဲ့သို့သော သဘောထားဖြင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားရသောသူတို့သည် အပြစ်မကျူးလွန်တော့ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို စွန့်တော်မူသည့်အမှုကို ထောက်၍ မေတ္တာအကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်တို့သည်လည်း မိမိညီအစ်ကိုမောင်နှမချင်းအတွက် အသက်ကို စွန့်သင့်၏။
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။