၁ သက် 4:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း2 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သခင်ယေရှု၏ အခွင့်အာဏာဖြင့် သင်တို့ကို မည်သို့သော အကြောင်းအရာများ ညွှန်ကြားခဲ့ကြောင်း သင်တို့ သိသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible2 သင်တို့အဘယ်သို့ပြုကျင့်ရမည်နှင့်ပတ် သက်၍ သခင်ယေရှုပေးအပ်ထားသည့် အခွင့်အာဏာအရ၊ သင်တို့အားငါတို့ ညွှန်ကြားထားသည့်အချက်များကိုသင် တို့သိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 အ ရှင် ယေ ရှု ကြောင့် ငါ တို့ မည် သို့ မှာ ထား ခဲ့ ကြောင်း သင် တို့ သိ ကြ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible2 အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အကြောင်းမူကား ငါတို့သည် သခင်ယေရှုအားဖြင့် သင်တို့အား မည်သည့်ညွှန်ကြားချက်များပေးခဲ့သည်ကို သင်တို့သိကြ၏။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။