Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 16:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့နောက် ယေရှု​က “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ငါ့​တ​ပည့်​ဖြစ်​လို​သူ သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ် တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့​လိုက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ထို နောက် တ ပည့် တော် တို့ အား ယေ ရှု က မည် သူ မ ဆို ငါ့ နောက် လိုက် လို လျှင် ကိုယ် ကို ငြင်း ပယ်၍ ကိုယ့် ကား တိုင် ကို ထမ်း လျက် လိုက် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 16:24
18 ပူးပေါင်းရင်းမြစ်များ  

မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​၍ ငါ့​နောက်သို့ မလိုက်သောသူ​သည်လည်း ငါ့​တပည့်​ဖြစ်​ရန် မထိုက်တန်ပါ။


သူတို့​ထွက်သွားကြ​စဉ် လမ်း​တွင် ရှိမုန်​ဟု ခေါ်သော ကုရေနေမြို့သား​တစ်ဦး​ကို တွေ့​သဖြင့် သူ့​အား ယေရှု​၏ လက်ဝါးကပ်တိုင်​ကို အတင်းအကျပ်​ထမ်းစေကြ၏။


ယေရှု​သည် ထို​သူ​ကို ကြည့်​လျက် မေတ္တာထားတော်မူ​သဖြင့် “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သွားလော့။ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ထို​အချိန်​၌ စစ်သားများ​သည် တောရွာ​မှ ပြန်လာသော ကုရေနေမြို့သား ရှိမုန်​ကို​တွေ့​သဖြင့် သူ့​အား ယေရှု​၏ လက်ဝါးကပ်တိုင်​ကို အတင်းအကျပ်​ထမ်းစေကြ၏။ ရှိမုန်​သည် အလက်ဇန်းဒါး​နှင့် ရုဖု​တို့​၏ ဖခင်​ဖြစ်၏။


ထို့နောက် ယေရှု​က တပည့်တော်တို့​နှင့်တကွ လူထုပရိသတ်​အား ခေါ်တော်မူ​ပြီးလျှင် “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။


မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​၍ ငါ့​နောက်သို့ မလိုက်သောသူ​သည်လည်း ငါ့​တပည့်​မဖြစ်နိုင်ပါ။


ယေရှု​အား ခေါ်ဆောင်သွား​စဉ် စစ်သားတို့​သည် ကျေးလက်ဒေသ​မှ​လာသော ကုရေနေမြို့သား ရှိမုန်​ကို​ဖမ်းဆီး​၍ လက်ဝါးကပ်တိုင်​ကို​ထမ်းစေ​ပြီးလျှင် ယေရှု​၏​နောက်တော်​မှ​လိုက်စေကြ၏။


ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​ကို ကိုယ်တိုင်​ထမ်း​၍ ဦးခေါင်းခွံ​ဟု ခေါ်ဆိုသော​အရပ်​သို့ ကြွတော်မူ၏။ ထို​အရပ်​ကို ဟေဗြဲဘာသာ​ဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။


ဤသို့ ယေရှု​မိန့်တော်မူခြင်း​မှာ ပေတရု​သည် မည်သို့သော သေခြင်း​ဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​စေမည့်​အရိပ်အမြွက်​ကို ဖော်ပြတော်မူခြင်း​ဖြစ်၏။ ထိုသို့​မိန့်တော်မူ​ပြီးနောက် ယေရှု​က “ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ယေရှု​က “ငါ​ပြန်လာသည့်​အချိန်​တိုင်အောင် သူ့​ကို ငါ​အသက်ရှင်​စေလို​လျှင် သင်​နှင့် မည်သို့​ဆိုင်သနည်း။ သင်​ကမူ ငါ့​နောက်သို့​သာ လိုက်လော့” ဟု မိန့်တော်မူ၏။


သူတို့​က “ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​များစွာ​ခံရခြင်း​အားဖြင့် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ရောက်ကြရမည်” ဟု ဆို​လျက် ထို​မြို့များ​ရှိ တပည့်တော်တို့​၏ စိတ်​ကို ကြံ့ခိုင်​စေကြ၏။ ယုံကြည်ခြင်း​တွင်လည်း ဆက်လက်​ရပ်တည်​ရန် ခွန်အားပေးကြ၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


ထို့ပြင် ဤ​ဆင်းရဲ​ဒုက္ခများ​ကြောင့် သင်တို့​တစ်ဦး​တစ်ယောက်​မျှ ယိမ်းယိုင်​မသွား​စေရန် ဖြစ်၏။ ထို​ဆင်းရဲ​ဒုက္ခများ တွေ့ကြုံရခြင်း​သည် ဘုရားသခင်​၏ အလိုတော်​အရ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


အမှန်ပင် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ဘုရားတရား​ကိုင်းရှိုင်း​လျက် နေထိုင်​လိုသူ​တိုင်း ညှဉ်းပန်း​နှိပ်စက်​ခံရ​လိမ့်မည်။


ထိုသို့ ဒုက္ခ​ဆင်းရဲ​ခံရ​လျှင်ပင် ကောင်းမှု​ပြုရန် သင်တို့​ကို ဘုရားသခင်​ရွေးကောက်တော်မူ၏။ ခရစ်တော်​သည်လည်း သင်တို့​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​၍ မိမိ​ခြေရာတော်​ကို သင်တို့​လိုက်​နိုင်ရန် စံနမူနာ​ထားခဲ့တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ