၁ သက် 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထို့ပြင် ဤဆင်းရဲဒုက္ခများကြောင့် သင်တို့တစ်ဦးတစ်ယောက်မျှ ယိမ်းယိုင်မသွားစေရန် ဖြစ်၏။ ထိုဆင်းရဲဒုက္ခများ တွေ့ကြုံရခြင်းသည် ဘုရားသခင်၏ အလိုတော်အရဖြစ်ကြောင်း သင်တို့သိကြ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း၊ သင်တို့ကိုမြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှာ သူ့ကို ငါလွှတ်လိုက်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်ခြင်းမရှိစေရန်ဖြစ်၏။ အကြောင်းမူကား ဤသို့ဆင်းရဲဒုက္ခကိုခံရစေရန် ငါတို့ကိုခန့်ထားတော်မူကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် တမန်တော်ဖြစ်သော ကျွန်ုပ်တို့အား လူသတ်ကွင်း၌ အသေခံရန်အတွက် ပြစ်ဒဏ်ချခံရထားသောသူတို့ကဲ့သို့ နောက်ဆုံးတွင် ထား၍ ထုတ်ပြတော်မူပြီဟု ကျွန်ုပ်ထင်မြင်မိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကောင်းကင်တမန်တို့ရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာမြင်ကွင်း ဖြစ်လာသောကြောင့်ဖြစ်၏။
သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။