Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း ကြွေးကြော်သောသူ​သည် ယေရှု​ကဲ့သို့ အသက်ရှင်​နေထိုင်​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ကိုယ် တော်၌ တည် နေ သည် ဟု ဆို သူ သည် ကိုယ် တော် ကျင့် ကြံ တော် မူ သည့် နည်း တူ ကျင့် ကြံ သင့် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သ​ခင်၌​ငါ​တည်၏​ဟု​ဆို​သော​သူ​သည်၊ ထို​သ​ခင်​ကျင့်​တော်​မူ​သည်​နည်း​တူ ကျင့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဘုရားသခင်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ခရစ်တော်​အသက်ရှင်​လျှောက်လှမ်း​တော်မူ​ခဲ့​သည့်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:6
14 ပူးပေါင်းရင်းမြစ်များ  

ငါ့​ထမ်းပိုး​ကို​ယူ​၍ ထမ်း​ကာ ငါ့​ထံမှ သင်ယူကြလော့။ ငါ​သည် နူးညံ့သိမ်မွေ့​၍ နှိမ့်ချသော​စိတ်နှလုံး​ရှိ​သောကြောင့် သင်တို့​၏​စိတ်ဝိညာဉ်​သည် သက်သာရာ​ရ​လိမ့်မည်။


ငါ​သည် သင်တို့​အတွက် စံနမူနာ​ကို ငါ​ပြခဲ့ပြီ။ သင်တို့​ကို ငါ​ပြု​သကဲ့သို့ သင်တို့​အချင်းချင်း​သည်လည်း ပြုကြ​ရမည်။


ငါ​သည် ခမည်းတော်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ ခမည်းတော်​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေ​သကဲ့သို့ သင်တို့​သည်လည်း ငါ့​ပညတ်တို့​ကို လိုက်နာ​လျှင် ငါ​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေကြ​လိမ့်မည်။


ကျွန်ုပ်​သည် ခရစ်တော်​ကို အတုယူ​သကဲ့သို့ သင်တို့​သည်လည်း ကျွန်ုပ်​ကို အတုယူကြလော့။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


ထိုသို့ ဒုက္ခ​ဆင်းရဲ​ခံရ​လျှင်ပင် ကောင်းမှု​ပြုရန် သင်တို့​ကို ဘုရားသခင်​ရွေးကောက်တော်မူ၏။ ခရစ်တော်​သည်လည်း သင်တို့​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​၍ မိမိ​ခြေရာတော်​ကို သင်တို့​လိုက်​နိုင်ရန် စံနမူနာ​ထားခဲ့တော်မူ၏။


သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


“ဘုရားသခင်​ကို ငါ​သိ၏” ဟု ဆို​သော်လည်း ဘုရားသခင်​၏ ပညတ်တော်တို့​ကို မလိုက်နာသောသူ​သည် လိမ်လည်သောသူ​ဖြစ်၏။ ထို​သူ​၌ သမ္မာတရား​မရှိ။


ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာသောသူတို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း သူတို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူကြောင်း​ကို ကျွန်ုပ်တို့​အတွက် ပေးတော်မူသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​သိကြ၏။


ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သူ​သည် အပြစ်​ကျူးလွန်နေသူ​မဟုတ်။ အပြစ်​ကို ဆက်​၍​ကျူးလွန်နေ​လျှင် ထို​သူ​သည် ကိုယ်တော်​ကို မသိ မမြင်ဖူးသူ​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့ ဖြစ်ကြ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံနေ​သောကြောင့် တရားစီရင်တော်မူရာ​နေ့​၌ စိတ်ချယုံကြည်မှု ရှိကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ