Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 သင်တို့​သည် ပြစ်မှား​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် မည်သည့်​ဂုဏ်ယူစရာ​ရှိမည်နည်း။ သို့သော် ကောင်းမှု​ပြု​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် ဘုရားသခင်​ရှေ့တော်​၌ ချီးကျူးထိုက်ဖွယ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သင်​တို့​သည်​မိ​မိ​တို့​ပြု​မိ​သည့်​အ​မှား​များ အ​တွက်​ခံ​ထိုက်​သော​အ​ပြစ်​များ​ကို​မ​ညည်း မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ သင်​တို့​အား​အ​ဘယ်​သို့ လျှင်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​ရာ​တွင် အ​မှန်​ကို​ပြု​လျက်​ဒုက္ခ​ဆင်း​ရဲ​ကို​ခံ​ရ​သော အ​ခါ မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သင် တို့ သည် အ ပြစ် ပြု ကျင့်၍ ရိုက် ပုတ် ခြင်း ကို သည်း ခံ လျှင် မည် သည့် ချီး မွမ်း ဖွယ် နည်း။ အ ကောင်း ပြု ကျင့်၍ ရိုက် ပုတ် ခြင်း ကို သည်း ခံ လျှင် ဘု ရား သ ခင့် ရှေ့ တော်၌ အ ကျိုး ရှိ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကိုယ်​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ အ​ဘယ်​ချီး​မွမ်း​စ​ရာ​ရှိ​သ​နည်း။ ကောင်း​မွန်​စွာ​ပြု၍ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကျေး​ဇူး​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သင်​တို့​သည် အပြစ်​ပြု​၍ ရိုက်နှက်​ခြင်း​ခံရ​သည်​ကို​သည်းခံ​လျှင် မည်သည့်​ချီးမွမ်း​စရာ​ရှိ​မည်နည်း။ သို့သော် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ကို​သည်းခံ​လျှင် ဘုရားသခင်​ရှေ့​တော်​၌ ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:20
14 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူတို့​သည် ယေရှု​၏ မျက်နှာတော်​ကို တံတွေး​နှင့် ထွေး​၍ လက်သီး​ဖြင့် ထိုးနှက်ကြ၏။ တချို့​ကလည်း ယေရှု​ကို ရိုက်ပုတ်​လျက်


ထို့ပြင် သင်တို့​၏ မိတ်ဆွေများ​ကိုသာ နှုတ်ဆက်​လျှင် အခြားသူများ​နှင့် မည်သို့​ခြားနားမှု​ရှိမည်နည်း။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။


ထို့နောက် လူတချို့​သည် ယေရှု​ကို တံတွေး​နှင့် ထွေးကြ၏။ မျက်နှာတော်​ကို ဖုံးအုပ်ပြီး​လျှင် ကိုယ်တော်​ကို လက်သီး​ဖြင့် ထိုးနှက်​၍ “ပရောဖက်ပြု​၍ ဟောတော်မူပါ” ဟု ဆိုကြ၏။ အစောင့်တပ်သားတို့​ကလည်း ယေရှု​၏​ပါးတော်​ကို ရိုက်ပုတ်ကြ၏။


သင်တို့​အား ချစ်သော​သူတို့​ကို​သာ ပြန်​၍​ချစ်​လျှင် မည်သည့်​ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့​ပင်လျှင် မိမိတို့​အား ချစ်သော​သူတို့​ကို ချစ်ကြ​သောကြောင့်​ဖြစ်၏။


ယခု​အချိန်​တိုင်အောင် ကျွန်ုပ်တို့​သည် အစာရေစာ​ငတ်ပြတ်​လျက်​ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်​ထိုးနှက်ခြင်း​ကို ခံရကြ၏။ အိမ်ခြေရာခြေ​မဲ့ လှည့်လည်​သွားလာကြရ၏။


သင်တို့​နှင့်အတူ ကျွန်ုပ်​ရှိနေချိန်​၌သာ မဟုတ်ဘဲ လူတို့​သည် သင်တို့​ကို ကောင်းသော​ရည်ရွယ်ချက်​ဖြင့် အစဉ်အမြဲ အရေးတယူ ဆက်ဆံကြသည်​မှာ ကောင်း၏။


သခင်ဘုရား နှစ်သက်တော်မူသော​အရာ​မှာ မည်သည့်​အရာ ဖြစ်သည်​ကို ဆန်းစစ်ကြလော့။


ယခု​အခါ ကျွန်ုပ်​၌ လိုအပ်သော​အရာများ​အားလုံး​ကို လက်ခံရရှိ​၍ ကြွယ်ဝ​လျက် ရှိပြီ။ သင်တို့ ရက်ရော​စွာ ပေးလိုက်သော​အရာတို့​ကို ဧပဖြောဒိတ်​ထံမှ လက်ခံရရှိ​၍ ပြည့်စုံ​လျက် ရှိ၏။ ထို​အရာတို့​သည် မွှေးကြိုင်သော​ပူဇော်စရာ၊ ဘုရားသခင် လက်ခံ​နှစ်သက်တော်မူသော​ယဇ် ဖြစ်ကြ၏။


တစ်စုံတစ်ဦး​သည် မိမိ​မခံထိုက်သော ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ ဘုရားသခင်​၏​မျက်နှာတော်​ကို ထောက်​၍ သည်းခံ​လျှင် ဘုရားသခင်​နှစ်သက်ဖွယ်​ဖြစ်၏။


ဖြောင့်မတ်​စွာ ပြုမူခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရ​လျှင်ပင် သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ လူတို့​၏ ခြိမ်းခြောက်မှု​ကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။


ကောင်းမှု​ပြုခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရခြင်း​သည် ဘုရားသခင်​၏​အလိုတော်​ဖြစ်​ပါက ၎င်း​သည် မကောင်းမှု​ပြု​၍ ဆင်းရဲဒုက္ခ​ခံစားရခြင်း​ထက် ပို၍​ကောင်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ