ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
၁ ကော 8:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း သင်တို့၏ လွတ်လပ်မှုသည် အသိစိတ်အားနည်းသူတို့အတွက် ထိမိ၍ လဲစရာ မဖြစ်စေရန် သတိပြုကြလော့။ Common Language Bible သို့ရာတွင်သင်တို့ဤသို့လွတ်လပ်စွာစား သောက်နိုင်ခွင့်သည် ယုံကြည်မှုအားနည်းသူ များအတွက်မှောက်မှားစရာမဖြစ်စေရန် သတိပြုကြလော့။- Garrad Bible ကိုယ့် သုံး ဆောင် ခွင့် သည် နုန့် နဲ့ သူ တို့၌ ခ လုတ် မ ဖြစ် စေ ခြင်း ငှာ သ တိ မူ ကြ လော့။ Judson Bible သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့၏လွတ်လပ်ခွင့်သည် အကြောင်းတစ်စုံတစ်ခုကြောင့် အားနည်းသောသူတို့အတွက် ခလုတ်တံသင်းမဖြစ်စေရန် သတိပြုကြလော့။ |
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤအစားအစာသည် ရုပ်တုကို ပူဇော်ထားသောအရာဖြစ်၏ဟု ပြောလျှင် ထိုသို့ပြောသောသူအတွက်လည်းကောင်း၊ အသိစိတ်ကိုလည်းကောင်း ငဲ့ရမည်ဖြစ်သောကြောင့် မစားကြနှင့်။
အသိစိတ်ဟု ဆိုရာတွင် သင်တို့၏ အသိစိတ်ကို မဆိုလို။ အခြားသူ၏ အသိစိတ်ကို ဆိုလို၏။ ကျွန်ုပ်၏ လွတ်လပ်ခွင့်သည် အခြားသူတစ်ယောက်၏ အသိစိတ်အားဖြင့် အဘယ်ကြောင့် အပြစ်တင်ခံရမည်နည်း။
ကျွန်ုပ်သည် လူများစွာ ကယ်တင်ခံရစေလိုသောကြောင့် ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုသာ ရှာလျက် လုပ်ဆောင်လေရာရာတွင် လူတိုင်း၏ ကျေနပ်နှစ်သက်မှုကို ရစေရန် ကြိုးစား၏။ သင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်၏အသင်းတော် စသည်တို့ကို ထိမိ၍ လဲစရာ မဖြစ်စေရန် ကြိုးစားကြလော့။
အဘယ်ကြောင့်ဆိုသော် အသိပညာရှိသောသင်သည် ရုပ်တုဆောင်အတွင်း၌ စားသောက်နေသည်ကို အသိစိတ်အားနည်းသူက မြင်တွေ့လျှင် ထိုသူသည် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားရန် ရဲဝံ့လာမည်မဟုတ်လော။
ထိုသို့ အခြားယုံကြည်သူများ၏ အသိစိတ်၌ မှားယွင်းသည်ဟု ခံယူထားသောအရာကို လုပ်ဆောင်ရန် အားပေးခြင်းမှာ သင်သည် ထိုသူတို့ကို သာမက ခရစ်တော်ကိုလည်း ပြစ်မှားခြင်းပင်ဖြစ်၏။
အားနည်းသောသူတို့နှင့်အတူရှိစဉ်က အားနည်းသောသူတို့ကို ကယ်တင်နိုင်ရန် အားနည်းသောသူဖြစ်လာ၏။ တတ်နိုင်သမျှ လူတချို့ကို ကယ်တင်နိုင်ရန် ထိုသူတို့နှင့် တူသောအချက်ကို ရှာ၍ နေထိုင်၏။
ကျွန်ုပ်တို့သည် သင်တို့အား ထိုသို့ပြုရန် သတ္တိနည်းကြောင်း ကျွန်ုပ်ရှက်ရွံ့စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာအတွက် ကြွားဝါဝံ့ပါက ကျွန်ုပ်သည်လည်း ကြွားဝါဝံ့သည်ဟု မိုက်မဲစွာ ဆိုရပေမည်။
တစ်စုံတစ်ယောက်အားနည်းသောအခါ ကျွန်ုပ်သည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်လမ်းမှားရောက်သောအခါ ကျွန်ုပ်သည် မပူပန်ဘဲ နေနိုင်မည်လော။
အမှုတော်လုပ်ငန်းတွင် အပြစ်တင်စရာအကြောင်း တစ်စုံတစ်ခုမျှ မရှိစေရန် ကျွန်ုပ်တို့သည် သူတစ်ပါးရှေ့၌ ထိမိ၍ လဲစရာမဖြစ်စေကြ။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
လွတ်လပ်သူများအဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှုပြုရန် ထိုလွတ်လပ်မှုကို ဆင်ခြေအဖြစ် အသုံးမချဘဲ ဘုရားသခင်၏ကျွန်အဖြစ် ပြုမူနေထိုင်ကြလော့။
သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။