Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 အကယ်၍ တစ်စုံတစ်ယောက်​က ဤ​အစားအစာ​သည် ရုပ်တု​ကို ပူဇော်ထားသော​အရာ​ဖြစ်၏​ဟု ပြော​လျှင် ထိုသို့​ပြောသောသူ​အတွက်​လည်းကောင်း၊ အသိစိတ်​ကို​လည်းကောင်း ငဲ့ရမည်​ဖြစ်​သောကြောင့် မစားကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ဤ​အ​ရာ သည်​ယဇ်​ပူ​ဇော်​သော​အ​သား​ဖြစ်​သည်'' ဟု ဆို​ပါ​မူ​ယင်း​သို့​ပြော​ဆို​သူ​ကို​လည်း​ကောင်း၊ သြတ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း​ထောက်​၍​ထို အ​သား​ကို​မ​စား​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28-29 သို့ ရာ တွင် တစ် ဦး တစ် ယောက် က ဤ ကား ပူ ဇော် ပြီး အ သား ဟု ဆို လျှင် ကိုယ် သြ တ္တ ပ္ပ စိတ် အ တွက် မ ဟုတ်၊ ထို သို့ ဖော် ပြ သူ နှင့် ၎င်း သြ တ္တ ပ္ပ စိတ် အ တွက် မ စား ဘဲ နေ ကြ လော့။ အ ဘယ့် ကြောင့် ငါ့ လွတ် ခြင်း အ ခွင့် သည် သူ တစ် ထူး ၏ သြ တ္တ ပ္ပ စိတ် စီ ရင် ခြင်း ခံ ထိုက် မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 သို့​သော်​လည်း ဤ​မည်​သော​အ​ရာ​သည် ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ဖြစ်၏​ဟု တစ်​စုံ​တစ်​ယောက် သော​သူ​ဆို​လျှင်၊ ထို​သို့​ဆို​သော​သူ၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ဩ​တ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း၊ ထောက်၍ မ​စား​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သို့သော် တစ်စုံတစ်ယောက်​က “ဤ​အရာ​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ဖြစ်​သည်”​ဟု သင်​တို့​ကို​ဆို​ခဲ့​လျှင် ထိုသို့​ဆို​သော​သူ​အတွက်​လည်းကောင်း၊ အသိစိတ်​အတွက်​လည်းကောင်း ထို​အရာ​ကို​မ​စား​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:28
11 ပူးပေါင်းရင်းမြစ်များ  

အခြား​ယုံကြည်သောသူ​တစ်ယောက်​သည် သင်​စားသော​အစာ​ကြောင့် စိတ်အနှောင့်အယှက်​ဖြစ်​လျှင် သင်​သည် မေတ္တာတရား​ဖြင့် အသက်ရှင်​နေထိုင်ရာ မကျတော့ပေ။ ထို​သူ​အတွက် ခရစ်တော်​အသေခံ​ပေးတော်မူခဲ့သည်​ဖြစ်ရာ သင်​စားသော​အစားအစာ​ကြောင့် သူ့​ကို မပျက်စီးစေနှင့်။


အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “ဤ​ကမ္ဘာလောက​နှင့် ကမ္ဘာ​ပေါ်​၌ ရှိသမျှသော​အရာတို့​ကို ထာဝရဘုရား ပိုင်တော်မူ၏” ဟု ဖော်ပြထား​သောကြောင့် ဖြစ်၏။


သို့သော် ယုံကြည်သူ​တိုင်း​၌ ထို​အသိပညာ​ရှိသည်​မဟုတ်ချေ။ အချို့သော​သူတို့​သည် ရုပ်တု​ကိုးကွယ်သည့် အလေ့အထ​ရှိခဲ့​သောကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စား​သောအခါ စစ်မှန်သော​နတ်ဘုရားများ​၏​အစားအစာ​ကို စားသည်​ဟု ထင်မှတ်​ဆဲ​ဖြစ်ကြ၏။ သို့ဖြစ်၍ စား​သောအခါ သူတို့​၏ အသိစိတ်​သည် အားနည်း​သောကြောင့် ထို​အစာ​က သူတို့​အား ညစ်ညူးစေသည်​ဟု ထင်မှတ်ကြ၏။


သို့သော်လည်း သင်တို့​၏ လွတ်လပ်မှု​သည် အသိစိတ်​အားနည်းသူတို့​အတွက် ထိမိ​၍ လဲစရာ မဖြစ်​စေရန် သတိပြုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ