Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 အားနည်းသော​သူတို့​နှင့်အတူ​ရှိစဉ်က အားနည်းသော​သူတို့​ကို ကယ်တင်​နိုင်ရန် အားနည်းသောသူ​ဖြစ်လာ၏။ တတ်နိုင်​သမျှ လူ​တချို့​ကို ကယ်တင်​နိုင်ရန် ထို​သူတို့​နှင့် တူသော​အချက်​ကို ရှာ​၍ နေထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 နုန့် နဲ့ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ နုန့် နဲ့ သူ အ ဖြစ် နေ လျက် တစ် နည်း နည်း အား ဖြင့် အ ချို့ တို့ ကို ရ ခြင်း ငှာ အ မျိုး မျိုး တို့ ရှေ့ အ မျိုး မျိူး အ ဖြစ် နေ ခဲ့ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အား​နည်း​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ အား​နည်း​သော​သူ​တို့၌ အား​နည်း​သော​သူ​ကဲ့​သို့ ဖြစ်၏။ အ​ချို့​သော​သူ​တို့​ကို တစ်​စုံ​တစ်​ခု​သော အ​မှု​အ​ရာ​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ၊ ခပ်​သိမ်း​သော​သူ​တို့၌ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အားနည်း​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် အားနည်း​သော​သူ​တို့​တွင် အားနည်း​သော​သူ​ဖြစ်​၏။ လူ​အချို့​တို့​ကို တစ်နည်းနည်း​ဖြင့် ကယ်တင်​နိုင်​ရန် လူ​အမျိုးမျိုး​တို့​တွင် အမျိုးမျိုး​ဖြစ်​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:22
12 ပူးပေါင်းရင်းမြစ်များ  

သင်တို့​ရရှိသည့် အကျိုး​အားဖြင့် ကျွန်ုပ်​၏ လူမျိုးတို့​ကို သဝန်တိုစိတ်​ဖြစ်စေ​၍ သူတို့​အထဲမှ တချို့​ကို ကယ်တင်​ရန် ဆန္ဒ​ရှိ၏။


ယုံကြည်ခြင်း​အားနည်းသော​သူ​ကို လက်ခံကြလော့။ သူ​၏ ထင်မြင်​ယူဆချက်များ​ကို သူ​နှင့် မငြင်းခုံကြနှင့်။


ဥပမာ​ဆိုရ​လျှင် တချို့​က အစားအစာ​အားလုံး​ကို စား​၍​ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်း​အားနည်းသူ​သည် ဟင်းသီးဟင်းရွက်​ကိုသာ စား၏။


ယုံကြည်ခြင်း​အားကြီးသော ကျွန်ုပ်တို့​သည် မိမိတို့​စိတ်ကြိုက်​မပြုမူဘဲ အားနည်းသော​သူတို့​၏ အားနည်းချက်များ​ကို ထောက်ထား​ညှာတာ​ရမည်။


ကျွန်ုပ်တို့​တစ်ဦးစီ​သည် ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို တည်ဆောက်​ပျိုးထောင်​ရာတွင် သူ​၏​အကျိုး​ကို ထောက်​၍ သူ့​ကို စိတ်ကျေနပ်စေ​ရမည်။


အသင် အမျိုးသမီး… သင်​၏ ခင်ပွန်း​သည် သင့်​အားဖြင့် ကယ်တင်​ခံရမည် မခံရမည်​ကို သင်​မည်သို့​သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်​၏ ဇနီး​သည် သင့်​အားဖြင့် ကယ်တင်​ခံရမည် မခံရမည်​ကို သင်​မည်သို့​သိနိုင်မည်နည်း။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော အသား​ကို ကျွန်ုပ်​စား​သဖြင့် အခြား​ယုံကြည်သူ​ကို မှားယွင်း​စေမည်​ဆိုပါက ထိုသို့​မမှားယွင်း​စေရန် ကျွန်ုပ် အသက်ရှင်​သမျှ​ကာလပတ်လုံး အသား​ကို မစားဘဲ​နေမည်။ အဘယ်ကြောင့်ဆိုသော် အခြား​ယုံကြည်သူ​ကို မမှားယွင်း​စေလို​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် လွတ်လပ်သောသူ​ဖြစ်ပြီး မည်သူ​၏​ကျွန်​မှ မဟုတ်ပါ။ သို့သော် ခရစ်တော်​ကို ယုံကြည်သောသူများ ပို၍ များလာ​စေရန် လူ​အပေါင်းတို့​၏​ကျွန် ဖြစ်လာရ၏။


သတင်းကောင်း​ပျံ့နှံ့​ရန်အတွက် အရာ​အားလုံး​ကို လုပ်ဆောင်​ပြီး ထို​သတင်းကောင်း​၏ အကျိုး​ကျေးဇူးများ​ကို မျှဝေခံစား၏။


တစ်စုံတစ်ယောက်​အားနည်း​သောအခါ ကျွန်ုပ်​သည် အားမနည်း​ဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်​လမ်းမှားရောက်​သောအခါ ကျွန်ုပ်​သည် မပူပန်​ဘဲ နေနိုင်မည်လော။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ