Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 8:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အဘယ်ကြောင့်ဆိုသော် အသိပညာ​ရှိသော​သင်​သည် ရုပ်တုဆောင်​အတွင်း​၌ စားသောက်နေသည်​ကို အသိစိတ်​အားနည်းသူ​က မြင်တွေ့​လျှင် ထို​သူ​သည် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စား​ရန် ရဲဝံ့လာမည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အ​ကယ်​၍​ဤ​ကိစ္စ​မျိုး​၌​စိတ်​မ​သိုး​မ​သန့် ဖြစ်​သူ​သည် ``အ​သိ​ပ​ညာ'' ရှိ​သူ​သင်​တို့​က နတ်​ကွန်း​အ​တွင်း​၌​ထိုင်​လျက်​စား​သောက်​နေ သည်​ကို​တွေ့​ရှိ​သော​အ​ခါ ရုပ်​တု​အား​ဆက်​သ သည့်​ပူ​ဇော်​သ​ကာ​ကို​စား​ရဲ​လာ​မည်​မ​ဟုတ် ပါ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ သို့ ဆို သော် အ သိ ပ ညာ ရှိ သော သင် သည် ရုပ် ပွား ကျောင်း၌ စား ပွဲ ထိုင် နေ သည် ကို နုန့် နဲ့ သူ တစ် ယောက် ယောက် မြင် သော် ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား ကို သုံး ဆောင် ရန် သြ တ္တ ပ္ပ စိတ် ရဲ ရင့် မည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အ​ကြောင်း​မူ​ကား၊ သင်​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​လျက်​ပင်၊ ရုပ်​တု​စင်​ထဲ၌ စား​ပွဲ​နား​မှာ လျောင်း​သည်​ကို သူ​တစ်​ပါး​မြင်​လျှင်၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် အား​နည်း​သော​သူ​သည်၊ ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​ခြင်း​ငှာ ရဲ​မည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား အသိပညာ​ရှိ​သော​သင်​သည် ရုပ်တု​ဗိမာန်​ထဲ၌ ထိုင်​၍​စား​သောက်​နေ​သည်​ကို တစ်စုံတစ်ဦး​က​တွေ့မြင်​လျှင် ထို​သူ​၏​အားနည်း​သည့်​အသိစိတ်​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ကို​စား​ရန် ရဲတင်း​လာ​မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 8:10
13 ပူးပေါင်းရင်းမြစ်များ  

ရုပ်တုများ​အား ပူဇော်ထားသော​အစားအစာ​ကို စားသုံးခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ လည်​ညှစ်သတ်သော​တိရစ္ဆာန်များ​၏​အသား​ကို စားသုံးခြင်း​နှင့် သွေး​ကို စားသုံးခြင်း​တို့​မှ​ရှောင်ကြဉ်​ရန်​သာ စာရေး​၍ မှာကြား​သင့်ကြောင်း ကျွန်ုပ်​ယူဆပါ၏။


မည်သည့်​အစားအစာ​မျှ ပကတိ​အလျောက် မညစ်ညမ်းကြောင်း​ကို သခင်​ယေရှု​အားဖြင့် အမှန်​ပင် ကျွန်ုပ်​သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်​က ညစ်ညမ်းသည်​ဟု မှတ်ယူ​လျှင် ထို​အစာ​သည် ထို​သူ​အတွက် ညစ်ညမ်း၏။


သို့သော် စားသင့်၊ မစားသင့်​ဟူ၍ သံသယစိတ်​နှင့်​စား​လျှင် သင်​သည် ယုံကြည်ခြင်း​နှင့် မစား​သောကြောင့် အပြစ်​စီရင်ခြင်း​ကို ခံရမည်။ မယုံကြည်ဘဲ ပြုလုပ်​သမျှ​အရာတို့​သည် အပြစ်​ဖြစ်၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စားသောက်ခြင်း​နှင့်​ပတ်သက်​၍ ဆိုရ​လျှင် ရုပ်တု​သည် ဤ​လောက​တွင် သက်ရှိ​မဟုတ်ကြောင်း​နှင့် ဘုရားသခင်​တစ်ဆူတည်း​မှလွဲ၍ အခြား​ဘုရား​မရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


သို့သော် ယုံကြည်သူ​တိုင်း​၌ ထို​အသိပညာ​ရှိသည်​မဟုတ်ချေ။ အချို့သော​သူတို့​သည် ရုပ်တု​ကိုးကွယ်သည့် အလေ့အထ​ရှိခဲ့​သောကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စား​သောအခါ စစ်မှန်သော​နတ်ဘုရားများ​၏​အစားအစာ​ကို စားသည်​ဟု ထင်မှတ်​ဆဲ​ဖြစ်ကြ၏။ သို့ဖြစ်၍ စား​သောအခါ သူတို့​၏ အသိစိတ်​သည် အားနည်း​သောကြောင့် ထို​အစာ​က သူတို့​အား ညစ်ညူးစေသည်​ဟု ထင်မှတ်ကြ၏။


သို့သော်လည်း သင်တို့​၏ လွတ်လပ်မှု​သည် အသိစိတ်​အားနည်းသူတို့​အတွက် ထိမိ​၍ လဲစရာ မဖြစ်​စေရန် သတိပြုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ