၂ ကော 11:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း29 တစ်စုံတစ်ယောက်အားနည်းသောအခါ ကျွန်ုပ်သည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်လမ်းမှားရောက်သောအခါ ကျွန်ုပ်သည် မပူပန်ဘဲ နေနိုင်မည်လော။ အခန်းကိုကြည့်ပါ။Common Language Bible29 အားနည်းသူရှိလျှင်ငါသည်လည်းအားနည်း ရ၏။ အပြစ်ကူးသူရှိလျှင်ငါသည်ပူပန် ရ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 မည် သူ အား နည်း၍ ငါ အား မ နည်း ရ သ နည်း။ မည် သူ တိုက် လှဲ ၍ ငါ မ ပူ ပန် ရ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible29 ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။ အခန်းကိုကြည့်ပါ။ |
သူတို့သည် စစ်မှန်သောသတင်းကောင်းနှင့်အညီ ပြုမူနေထိုင်ခြင်းမရှိကြောင်း ကျွန်ုပ်မြင်သောအခါ သူတို့အားလုံးရှေ့၌ ပေတရုအား “သင်သည် ဂျူးလူမျိုးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့ နေထိုင်လျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာကို လိုက်နာရန် အဘယ်ကြောင့် အတင်းအကျပ် စေခိုင်းသနည်း” ဟု ဆို၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။