မဿဲ 18:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 ဤ သူ ငယ် တစ် ယောက် ယောက် ကို မ ထီ မဲ့ မြင် မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ စောင့် ထိန်း သူ ကောင်း ကင် တ မန် တို့ သည် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ မျက် နှာ တော် ကို အ စဉ် ဖူး မြင် ရ ကြ သည် ငါ ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible10 သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ10 သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ပညာရှိများ ထွက်ခွာသွားပြီးနောက် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ထလော့။ သူငယ်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ပြေးလော့။ ဟေရုဒ်မင်းသည် သူငယ်တော်ကို ရှာဖွေ၍ သတ်ရန် ကြံစည်ပြီ။ ထို့ကြောင့် ငါပြန်ခေါ်မည့်အချိန်ထိတိုင်အောင် ထိုအရပ်၌ နေကြလော့” ဟု ဆိုလေ၏။