သင်၏ညီအစ်ကိုမောင်နှမတစ်ဦးသည် သင့်ကို ပြစ်မှားလျှင် သူ့ထံသို့ သွား၍ သူ၏အပြစ်ကို နှစ်ကိုယ်ကြားဖော်ပြလော့။ ထိုသူသည် သင့်စကားကို နားထောင်လျှင် သင်သည် ထိုသူကို ပြန်ရရှိပြီ။
ဧဖက် 5:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အချည်းနှီး ဖြစ်သော အမှောင်၏အမှုတို့၌ မပါဝင်ဘဲ ထိုအမှုတို့ကို ဖော်ပြကြလော့။ Common Language Bible မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။- Garrad Bible အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။ Judson Bible အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။- မြန်မာ့စံမီသမ္မာကျမ်း အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။ |
သင်၏ညီအစ်ကိုမောင်နှမတစ်ဦးသည် သင့်ကို ပြစ်မှားလျှင် သူ့ထံသို့ သွား၍ သူ၏အပြစ်ကို နှစ်ကိုယ်ကြားဖော်ပြလော့။ ထိုသူသည် သင့်စကားကို နားထောင်လျှင် သင်သည် ထိုသူကို ပြန်ရရှိပြီ။
ထို့နောက် နယ်စားဟေရုဒ်သည် ညီဖြစ်သူ၏ဇနီး ဟေရောဒိကို သိမ်းယူသောကြောင့်လည်းကောင်း၊ အခြားမကောင်းမှုအပြစ်အမျိုးမျိုးကို ကျူးလွန်သောကြောင့်လည်းကောင်း ယောဟန်သည် ဟေရုဒ်၏အပြစ်ကို ဖော်ပြဆုံးမလေ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ညအချိန် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေ့အချိန်သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှောင်၌ ပြုသောအကျင့်များကို ဖယ်ရှား၍ အလင်း၏ လက်နက်များကို ကိုင်ဆောင်ကြရမည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
ထိုစဉ်က ပြုကျင့်ခဲ့သောအရာမှ မည်သည့် အကျိုးကို ရသနည်း။ သင်တို့သည် ယခင်က ကျူးလွန်ခဲ့ဖူးသောအရာများအတွက် ယခုရှက်ကြောက်ရ၏။ ထိုအရာတို့သည် သေခြင်း၌ လမ်းဆုံး၏။
လူ့ဗီဇစိတ်ကို အလိုလိုက်၍ စိုက်ပျိုးသောသူသည် ဗီဇစိတ်မှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၏ အလိုတော်အတိုင်း စိုက်ပျိုးသောသူသည် ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
မနာခံသောသူတို့က ဆိတ်ကွယ်ရာတွင် ပြုသောအမှုအကြောင်းကို ကျွန်ုပ်တို့သည် ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။
အလင်းနိုင်ငံတော်၌နေသော ယုံကြည်သူလူစုထဲတွင် ဝင်ရောက်ခွင့်ထိုက်သူ ဖြစ်စေတော်မူသော အဖဘုရားသခင်ကို ကျေးဇူးတင်ကြရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
အိပ်ပျော်သောသူတို့သည် ညအချိန်၌ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်မူးယစ်သော သူတို့သည်လည်း ညအချိန်၌ မူးယစ်တတ်ကြ၏။
တစ်စုံတစ်ယောက်သည် ဤစာတွင် ပါသော ညွှန်ကြားချက်များကို နားမထောင်လျှင် ထိုသူကို အရှက်ရစေရန် မှတ်သားထား၍ ထိုသူနှင့် မပေါင်းဖော်ကြနှင့်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်းအတိုင်း မလိုက်နာဘဲ ပျင်းရိလေလွင့်နေသော ယုံကြည်သူတို့နှင့် မပေါင်းဖော်ရန် ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ညွှန်ကြားလိုက်ပါ၏။
အပြစ်ကျူးလွန်သော သင်းအုပ်တို့ကို လူအများရှေ့တွင် ဆုံးမလော့။ ထိုသို့ပြုလျှင် အခြားသင်းအုပ်တို့သည်လည်း အပြစ်ကျူးလွန်ရန် ကြောက်ရွံ့ကြလိမ့်မည်။
အသင်းတော်ခေါင်းဆောင်တစ်ဦးကို လက်တင်မင်္ဂလာပေး၍ ခန့်အပ်ရာတွင် မည်သည့်အခါမျှ အလျင်စလိုမလုပ်နှင့်။ အခြားသူတို့ အပြစ်ကျူးလွန်ရာတွင် မပါဝင်နှင့်။ မိမိကိုယ်ကိုယ် ဖြူစင်သန့်ရှင်းစေလော့။
ထို့ပြင် အသိစိတ်ဖောက်ပြန်ပြီး အမှန်တရားကို ကျောခိုင်းသောသူတို့အကြား အဆုံးမသတ်နိုင်သောအငြင်းပွားမှုများ ဖြစ်လာ၏။ ထိုသူတို့သည် ဘုရားတရားကိုင်းရှိုင်းလျှင် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်ကြ၏။
ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။
သင်သည် အထက်ပါအကြောင်းအရာများကို သွန်သင်လော့။ အခွင့်အာဏာ အပြည့်အဝဖြင့် တိုက်တွန်း၍ ဆုံးမလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင် မပြုပါစေနှင့်။
ထို့နောက် ကောင်းကင်ဘုံမှ အခြားအသံကို ကျွန်ုပ်ကြားရသည်မှာ “ငါ၏လူမျိုးတို့… ထိုမြို့မှ ထွက်ခဲ့ကြလော့။ ဤသည်မှာ သင်တို့သည် ထိုမြို့၏ အပြစ်ကျူးလွန်မှု၌ မပါဝင်မိစေရန်နှင့် ထိုမြို့၌ ကျရောက်မည့် ဘေးဒဏ်ကို မခံရစေရန်ဖြစ်၏။