Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 အပြစ်​ကျူးလွန်သော သင်းအုပ်တို့​ကို လူအများ​ရှေ့​တွင် ဆုံးမလော့။ ထိုသို့ပြုလျှင် အခြား​သင်းအုပ်တို့​သည်လည်း အပြစ်​ကျူးလွန်​ရန် ကြောက်ရွံ့ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အ​ခြား​သူ​တို့​ကြောက်​စေ​ရန်​အ​ပြစ်​ကူး သူ​တို့​အား လူ​အ​များ​ရှေ့​တွင်​ဆုံး​မ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကြွင်း​သော​သူ​တို့​သည် ကြောက်​စေ​ခြင်း​ငှာ အ​ပြစ်​ရှိ​သော သူ​တို့​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ အ​ပြစ်​တင်၍ ဆုံး​မ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ကျန်​သော​သူ​တို့​သည်​လည်း ကြောက်ရွံ့​ခြင်း​ရှိ​ကြ​စေရန် အပြစ်​ပြု​သော​သူ​တို့​ကို အားလုံး​ရှေ့​၌ ဆိုဆုံးမ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:20
15 ပူးပေါင်းရင်းမြစ်များ  

ဤ​သတင်း​ကို ဧဖက်မြို့​တွင် နေထိုင်ကြသော ဂျူးလူမျိုးများ​နှင့် ဂရိလူမျိုးများ ကြားသိ​သောအခါ သူတို့​သည် ကြောက်ရွံ့​၍ သခင်​ယေရှု​၏​အမည်​နာမ​ကို ချီးမွမ်းကြ၏။


အသင်းတော်​တစ်ခုလုံး​နှင့် ထို​အဖြစ်အပျက်​အကြောင်း​ကို ကြားသော​သူ​ရှိသမျှတို့​သည် ထိတ်လန့်ကြ၏။


ထို​စကား​ကို ကြား​သောအခါ အာနနိ​သည် လဲကျ​၍ သေဆုံးလေ၏။ ဤ​အဖြစ်ပျက်​ကို ကြားသော​သူ​ရှိသမျှတို့​သည် အလွန်​ထိတ်လန့်ကြ၏။


ဘုရားသခင်​၏ အလိုတော်​နှင့်​ညီသော ဝမ်းနည်းခြင်း​သည် သင်တို့​အထဲတွင် မည်သည့်​အရာများ ဖြစ်ပေါ်စေသည်​ကို ကြည့်လော့။ မှန်သော​အရာ​ကို လုပ်ဆောင်​ရန် ကြိုးစား​အားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပ​လိုကြလေပြီ။ မိမိတို့​၏​အပြစ်​အတွက် ယူကျုံးမရ​ဖြစ်ကြလေပြီ။ အလွန်​ကြောက်ရွံ့ကြလေပြီ။ အလွန်​တောင့်တကြလေပြီ။ အလွန်​စိတ်အား​ထက်သန်ကြလေပြီ။ အပြစ်​ရှိသူ​အား ပြစ်ဒဏ်ပေး​ရန် အသင့်​ဖြစ်ကြလေပြီ။ ဤ​အမှု​၌ သင်တို့​သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်​မှ ပြသကြပြီ​ဖြစ်၏။


အချည်းနှီး ဖြစ်သော အမှောင်​၏​အမှုတို့​၌ မပါဝင်ဘဲ ထို​အမှုတို့​ကို ဖော်ပြကြလော့။


ထို​သူတို့​ထဲတွင် ဟုမေနဲ​နှင့် အလက်ဇန်းဒါး​တို့ ပါဝင်ကြ၏။ သူတို့​သည် ဘုရားသခင်​ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမ​ခံကြ​စေရန် ကျွန်ုပ်​သည် သူတို့​ကို စာတန်​လက်သို့ အပ်လိုက်၏။


အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။


ဤ​ဆိုရိုးစကား​သည် မှန်ပေ၏။ ထို့ကြောင့် မှန်ကန်သော​သွန်သင်မှု​ကို ခိုင်မာ​စွာ ယုံကြည်​စေရန် သူတို့​အား ပြင်းပြင်းထန်ထန် ဆုံးမ​ရမည်။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ