Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 3:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ဘုရားတရား ကိုင်းရှိုင်း​ယောင်ဆောင်​၍ ကိုင်းရှိုင်းခြင်း​၏​တန်ခိုးတော်​ကို ငြင်းပယ်သူများ​ဖြစ်လာ​ကြလိမ့်မည်။ ထို​သူတို့​ကို ရှောင်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဘု ရား ကြည် ညို ဟန် ဆောင် သော် လည်း ဆိုင် ရာ တန် ခိုး ကို ငြင်း ပယ် သူ များ ဖြစ် ကြ လိမ့် မည်။ ထို သူ တို့ ကို လွှဲ ရှောင် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 3:5
20 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​အတုအယောင်များ​ကို သတိပြုကြလော့။ သူတို့​သည် သိုးရေ​ခြုံ​လျက် သင်တို့​ထံ လာ​သော်လည်း အတွင်း​၌​မူ ကြမ်းကြုတ်သော​ဝံပုလွေများ​ကဲ့သို့ ဖြစ်ကြ၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။


သင်​သည် ဘုရားတရား​မဲ့သော၊ ယုတ္တိ​မရှိသော​ဒဏ္ဍာရီများ​ကို ရှောင်ကြဉ်​၍ ဘုရားတရား​ကိုင်းရှိုင်း​ရန် မိမိ​ကိုယ်ကိုယ် လေ့ကျင့်လော့။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


မိမိ​ဆွေမျိုးသားချင်း၊ အထူး​သဖြင့် မိမိ​အိမ်သူအိမ်သားများ​ကို မစောင့်ရှောက်သူ​သည် ယုံကြည်ခြင်း​တရား​ကို ငြင်းပယ်​သဖြင့် မယုံကြည်သူများ​ထက် ပို​၍ ဆိုး၏။


ထို့ပြင် အသိစိတ်​ဖောက်ပြန်ပြီး အမှန်တရား​ကို ကျောခိုင်းသော​သူတို့​အကြား အဆုံးမသတ်နိုင်သော​အငြင်းပွားမှုများ ဖြစ်လာ၏။ ထို​သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်း​လျှင် အကျိုးစီးပွား​ဖြစ်သည်​ဟု ထင်မှတ်ကြ၏။


ဘုရားတရား​မဲ့သော စကား​ကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထို​စကား​သည် လူတို့​အား ဘုရားတရား​နှင့် ပို၍ ဝေးကွာစေ​သောကြောင့်​ဖြစ်၏။


မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။


သူတို့​သည် ဘုရားသခင်​ကို သိသည်​ဟု ဝန်ခံ​သော်လည်း သူတို့​၏ အပြုအမူ​ဖြင့် ကိုယ်တော်​ကို ငြင်းပယ်ကြ၏။ သူတို့​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်​ကောင်းမှု​ကိုမျှ ပြုနိုင်စွမ်း​မရှိသောသူများ ဖြစ်ကြ၏။


စိတ်ဝမ်း​ကွဲစေတတ်သောသူ​ကို နှစ်ကြိမ်​ထိတိုင် သတိပေး​ပြီးနောက် မနာခံ​လျှင် ထို​သူ​နှင့် အဆက်အသွယ်​ဖြတ်လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ