Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 3:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ညီ အစ် ကို တို့၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော်၌ မိန့် မှာ သည် ကား၊ ငါ တို့ ထံ မှ ခံ ရ သော ထုံး နည်း အ တိုင်း မ လိုက်၊ လေ လွင့် ကျင့် ကြံ သော ညီ အစ် ကို ရှိ သ မျှ ထံ မှ ဖဲ ကြဉ် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 တစ်​နည်း​ကား၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ၌​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း မ​ကျင့်​ဘဲ၊ မ​တ​ရား​စွာ​ပြု​သော ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​ကို ရှောင်​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ညီအစ်ကို​တို့၊ ငါ​တို့​ထံမှ​ခံယူ​ရရှိ​သည့်​ဓလေ့​ထုံးတမ်း​နှင့်အညီ မ​လိုက်လျှောက်​ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော ညီအစ်ကို​အားလုံး​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်ကြား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 3:6
24 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် သူတို့​၏ စကား​ကို နားမထောင်ဘဲ​နေ​လျှင် ဤ​အမှု​ကို အသင်းတော်​သို့ တင်ပြလော့။ ထို​သူ​သည် အသင်းတော်​၏​ဆုံးဖြတ်ချက်​ကို​ပင်လျှင် နားမထောင်​ပါက ဘုရားသခင်​ကို မကိုးကွယ်သော​သူ​နှင့် အကျင့်ပျက်သော​အခွန်ကောက်သူ​ကဲ့သို့ သူ့​အား သတ်မှတ်လော့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သင်ယူထားသော သွန်သင်ချက်​ကို ဆန့်ကျင်​၍ စိတ်ဝမ်းကွဲစရာ​နှင့် မှားယွင်းစရာတို့​ကို ဖြစ်စေသော​သူတို့​အား သတိပြု​လျက် ရှောင်ရှား​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။


သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


ယခင်က သင်တို့​ထံ ပို့သည့် စာ​၌ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ​နှင့် မပေါင်းဖော်ကြ​ရန် ကျွန်ုပ်​ရေးသား​မှာကြားခဲ့၏။


သင်တို့ ခွင့်လွှတ်သော​သူ​ကို ကျွန်ုပ်​လည်း ခွင့်လွှတ်၏။ ကျွန်ုပ်​သည် တစ်စုံတစ်ယောက်​ကို ခွင့်လွှတ်စရာ​ရှိ​၍ ခွင့်လွှတ်​လျှင် သင်တို့​အကျိုး​အတွက် ခရစ်တော်​၏​ရှေ့တော်​၌ ခွင့်လွှတ်၏။


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


အပြောအဆို​အားဖြင့်​ဖြစ်စေ၊ အပြုအမူ​အားဖြင့်​ဖြစ်စေ ပြုလေသမျှတို့​တွင် သခင်​ယေရှု​၏ နာမတော်​ကို ထောက်​၍ ပြုကြလော့။ ထို​သခင်​ကို အကြောင်းပြု​၍ အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင်​နှစ်သက်တော်မူ​ရန် မည်သို့ ပြုမူ​နေထိုင်ရမည်​ကို ကျွန်ုပ်တို့​သွန်သင်ခဲ့သည့်​အတိုင်း ပြုမူနေထိုင်​လျက်​ရှိ၏။ ယခု​တွင် ကျွန်ုပ်တို့​သည် သခင်​ယေရှု​နှင့် တပေါင်းတစည်းတည်း​ဖြစ်​သောကြောင့် ထိုသို့ ပို၍​ပြုမူနေထိုင်ကြ​ရန် တောင်းပန်​လျက် တိုက်တွန်း​နှိုးဆော်လို၏။


ထို့ပြင် ကျွန်ုပ်တို့ သွန်သင်ခဲ့သည်​အတိုင်း သင်တို့​သည် တည်ငြိမ်​အေးချမ်း​စွာ နေထိုင်​ရန် ရည်မှန်းချက်​ထား​၍ မိမိတို့​အရေး​ကိစ္စများ​ကို အာရုံစိုက်​လျက် မိမိတို့​လက်​ဖြင့် လုပ်ဆောင်လော့။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ စကား​ဖြင့်​ဖြစ်စေ၊ စာ​ဖြင့် ဖြစ်စေ သင်တို့​ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်​အရာများ​ကို ဆက်လက်​ယုံကြည်ကြလော့။


ကျွန်ုပ်တို့​၏ စံနမူနာ​ကို သင်တို့​မည်သို့ ယူ​သင့်သည်​ကို သိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​နှင့် အတူ​နေထိုင်​စဉ်က ပျင်းရိ​လေလွင့်​၍ မနေခဲ့ကြ။


မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း​မရှိဘဲ ဤ​ညွှန်ကြားချက်များ​ကို လိုက်နာဆောင်ရွက်​ရန် ဘုရားသခင်​နှင့် ယေရှု​ခရစ်တော်​တို့ ရှေ့၌​လည်းကောင်း၊ ရွေးကောက်တော်မူသော​ကောင်းကင်တမန်တို့​ရှေ့၌​လည်းကောင်း သင့်​ကို ကျွန်ုပ်​အလေးအနက် ညွှန်ကြားလို၏။


ထို့ပြင် အသိစိတ်​ဖောက်ပြန်ပြီး အမှန်တရား​ကို ကျောခိုင်းသော​သူတို့​အကြား အဆုံးမသတ်နိုင်သော​အငြင်းပွားမှုများ ဖြစ်လာ၏။ ထို​သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်း​လျှင် အကျိုးစီးပွား​ဖြစ်သည်​ဟု ထင်မှတ်ကြ၏။


ဘုရားတရား ကိုင်းရှိုင်း​ယောင်ဆောင်​၍ ကိုင်းရှိုင်းခြင်း​၏​တန်ခိုးတော်​ကို ငြင်းပယ်သူများ​ဖြစ်လာ​ကြလိမ့်မည်။ ထို​သူတို့​ကို ရှောင်လော့။


နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။


တစ်စုံတစ်ယောက်​သည် သင်တို့​ထံသို့ လာ​၍ ဤ​သွန်သင်ချက်​ကို မဝေမျှ​လျှင် ထို​သူ​ကို သင်တို့​အိမ်​သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်း​လည်း မဆက်ကြနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ