Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 5:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 မနာခံသော​သူတို့​က ဆိတ်ကွယ်​ရာတွင် ပြုသော​အမှု​အကြောင်း​ကို ကျွန်ုပ်တို့​သည် ပြောဆို​ရန်ပင် ရှက်ဖွယ်​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 (ဤ​သူ​တို့​ဆိတ်​ကွယ်​ရာ​တွင်​ပြု​ကျင့်​သည့် အ​မှု​များ​ကို​ဖော်​ပြ​ရန်​ပင်​အ​လွန်​ရှက်​စ​ရာ ကောင်း​၏။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို သူ တို့ သည် လျှို့ တ ဝှက် ပြု ကျင့် တတ် သော အ မှု များ ကို ပြော ရုံ မျှ ပင် ရှက် ဖွယ် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကြောင်းမူကား ဆိတ်ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အရာ​များ​ကို ပြောဆို​ရန်​ပင် ရှက်ဖွယ်​ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 5:12
12 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​ဟောပြောသော သတင်းကောင်း​အရ လူအပေါင်းတို့​၏ လျှို့ဝှက်သော​အကြံအစည်တို့​ကို ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​စီရင်တော်မူသော​နေ့​၌ အထက်​တွင် ဖော်ပြသည့်​အတိုင်း ဖြစ်ပျက်​လိမ့်မည်။


အချည်းနှီး ဖြစ်သော အမှောင်​၏​အမှုတို့​၌ မပါဝင်ဘဲ ထို​အမှုတို့​ကို ဖော်ပြကြလော့။


သို့သော် အလင်း​ဖြင့် ဖော်ပြခံရသော​အရာ​အားလုံး​သည် ထင်ရှားလာ၏။


တရား​နှင့် မညီသော မေထုန်​ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်​ညစ်ညမ်းမှု​ပြုခြင်း၊ လောဘ​လွန်ကြူးခြင်း​တို့​သည် ယုံကြည်သူများ​အတွက် မသင့်လျော်သည့် ဒုစရိုက်​အမှုများ ဖြစ်​သောကြောင့် သင်တို့​ထဲ၌ အရိပ်အယောင်​မျှပင် မရှိစေနှင့်။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ကဲ့သို့ ကိလေသာ​လွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်​ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရား​နှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်း​တို့​ကို ပြုမူ​၍ အချိန်​အတန်ကြာ နေထိုင်ခဲ့​သောကြောင့်​ဖြစ်၏။


သေလွန်သောသူ အကြီး​အငယ်တို့​သည် ရာဇပလ္လင်တော်​ရှေ့​၌ ရပ်နေကြသည်​ကို ကျွန်ုပ်​မြင်ရ၏။ စာစောင်များ​ကို ဖွင့်ထား၏။ အသက်​စာစောင်​ဖြစ်သော အခြား​စာစောင်​တစ်စောင်​ကိုလည်း ဖွင့်ထား၏။ သေလွန်သော​သူတို့​သည် စာစောင်​ထဲတွင် မှတ်တမ်းတင်​ထားသည့်​အတိုင်း မိမိတို့​အကျင့်​နှင့်​အညီ တရားစီရင်​ခံရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ