Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 18:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သင်​၏​ညီအစ်ကို​မောင်နှမ​တစ်ဦး​သည် သင့်​ကို ပြစ်မှား​လျှင် သူ့​ထံသို့ သွား​၍ သူ​၏​အပြစ်​ကို နှစ်ကိုယ်ကြား​ဖော်ပြလော့။ ထို​သူ​သည် သင့်​စကား​ကို နားထောင်​လျှင် သင်​သည် ထို​သူ​ကို ပြန်ရရှိပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ၎င်း ပြင် ညီ အစ် ကို ချင်း သည် သင့် ကို ပြစ် မှား မိ လျှင် သူ့ အ ပြစ် ကို နှစ် ယောက် တည်း ဖော် ပြ ရန် သွား လော့။ သင်၏ စ ကား ကို နာ ယူ လျှင် ထို ညီ အစ် ကို ကို သင် ရ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင်​၏​ညီအစ်ကို​သည် သင့်​အား​ပြစ်မှား​လျှင် သွား​၍ နှစ်ကိုယ်​ကြား သူ့​ကို​ဆိုဆုံးမ​လော့။ သူ​သည် သင်​၏​စကား​ကို​နားထောင်​လျှင် သင်​၏​ညီအစ်ကို​ကို သင်​ရရှိ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 18:15
21 ပူးပေါင်းရင်းမြစ်များ  

ထို​ကဲ့သို့​ပင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​၏​အဖ​သည် ဤ​ကလေးငယ်​တစ်စုံတစ်ယောက်​ကိုမျှ ပျက်စီး​စေရန် အလိုတော်​မရှိ။


ထိုအခါ ပေတရု​သည် ယေရှု​ထံသို့ ချဉ်းကပ်​၍ “သခင်… အကျွန်ုပ်​ကို အပြစ်ကျူးလွန်သော​ညီအစ်ကို​အား အကြိမ်​မည်မျှ ခွင့်လွှတ်ရမည်နည်း။ ခုနစ်ကြိမ်​တိုင်အောင်​လော” ဟု မေးလျှောက်လေ၏။


ထို​နည်းတူ သင်တို့​တစ်ဦးချင်း​သည် မိမိ​ညီအစ်ကို​မောင်နှမ​ကို စိတ်ရင်း​အမှန်​ဖြင့် ခွင့်မလွှတ်​လျှင် ကောင်းကင်ဘုံရှင် ငါ​၏​ခမည်းတော်​သည်လည်း သင်တို့​ကို ခွင့်လွှတ်တော်မူမည်​မဟုတ်” ဟု မိန့်တော်မူ၏။


မကောင်းမှု​၏ အနိုင်ယူခြင်း​ကို မခံနှင့်။ ကောင်းမှု​ပြုခြင်း​ဖြင့် မကောင်းမှု​ကို အနိုင်ယူလော့။


ထိုသို့ အခြား​ယုံကြည်သူများ​၏ အသိစိတ်​၌ မှားယွင်းသည်​ဟု ခံယူထားသော​အရာ​ကို လုပ်ဆောင်​ရန် အားပေးခြင်း​မှာ သင်​သည် ထို​သူတို့​ကို သာမက ခရစ်တော်​ကို​လည်း ပြစ်မှားခြင်း​ပင်​ဖြစ်၏။


ထို့ကြောင့် သင်တို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်​သော်လည်း ထိုသို့​ရေးရခြင်း​မှာ ပြစ်မှားသောသူ​အတွက်ကြောင့် မဟုတ်​သကဲ့သို့ နစ်နာသောသူ​အတွက်ကြောင့်​လည်း မဟုတ်။ သင်တို့​သည် ဘုရားသခင်​ရှေ့တော်​တွင် ကျွန်ုပ်တို့​ကို မည်မျှ ချစ်ခင်​ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်​နိုင်ရန်​သာ​ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။


တစ်ဦး​နှင့်​တစ်ဦး အပြစ်တင်​စရာ​ရှိလျှင် အချင်းချင်း သည်းခံ​၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရား​သည် သင်တို့​ကို ခွင့်လွှတ်​သကဲ့သို့ သင်တို့​သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။


ထို့ပြင် ဤသို့သော ကိစ္စများ​တွင် မည်သူ​မျှ မိမိတို့ ညီအစ်ကို​အပေါ် အခွင့်ကောင်း​ယူ​၍ သူ​၏ သားမယား​နှင့် မပြစ်မှားရ။ သင်တို့​ကို ကျွန်ုပ်တို့ သတိပေး​ပြောဆိုခဲ့သည့်​အတိုင်း အထက်ပါ​အပြစ်တို့​ကို ကျူးလွန်သော သူတို့​ကို သခင်ဘုရား ပြစ်ဒဏ်​ပေးတော်မူ​လိမ့်မည်။


သို့သော်လည်း ထို​သူ​ကို ရန်သူ​အဖြစ် သဘောမထားဘဲ ယုံကြည်သူ​ချင်း ကဲ့သို့ သတိပေးကြလော့။


စိတ်ဝမ်း​ကွဲစေတတ်သောသူ​ကို နှစ်ကြိမ်​ထိတိုင် သတိပေး​ပြီးနောက် မနာခံ​လျှင် ထို​သူ​နှင့် အဆက်အသွယ်​ဖြတ်လော့။


ထိုနည်းတူ ဇနီးသည်​တို့… သင်တို့​၏​ခင်ပွန်းသည်​ကို နာခံကြလော့။ သို့ပြုလျှင် အချို့​ခင်ပွန်းသည်တို့​သည် နှုတ်ကပတ်​တရား​ကို မယုံကြည်​သော်လည်း သင်တို့​၏ ဘုရားတရား​ရိုသေကိုင်းရှိုင်း​၍ သန့်ရှင်း​စင်ကြယ်သော​ပြုမူနေထိုင်ပုံ​ကို မြင်​သဖြင့် စကား​တစ်ခွန်း​မျှပင် မလိုဘဲ ယုံကြည်လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ