ဧဖက် 5:11 - မြန်မာ့စံမီသမ္မာကျမ်း11 အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible11 မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible11 အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible11 အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 အချည်းနှီး ဖြစ်သော အမှောင်၏အမှုတို့၌ မပါဝင်ဘဲ ထိုအမှုတို့ကို ဖော်ပြကြလော့။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။