Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 6:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထိုစဉ်​က ပြုကျင့်ခဲ့သော​အရာ​မှ မည်သည့် အကျိုး​ကို ရသနည်း။ သင်တို့​သည် ယခင်က ကျူးလွန်ခဲ့ဖူးသော​အရာများ​အတွက် ယခု​ရှက်ကြောက်ရ၏။ ထို​အရာတို့​သည် သေခြင်း​၌ လမ်းဆုံး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​စဉ်​အ​ခါ​က​သင်​တို့​ပြု​ကျင့်​ခဲ့​သော​အ​မှု များ​သည်​မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး​ခဲ့။ သင် တို့​ကို​သာ​သေ​စေ​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့ သည်​ထို​အ​မှု​များ​အ​တွက်​ရှက်​ကြောက်​လျက် နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ခံ စား ရ သော အ ကျိုး ကား အ သို့ နည်း။ သေ ခြင်း၌ အ ဆုံး ရောက် သည့် အ လျောက်၊ သင် တို့ ယ ခု ရှက် သော အ ရာ များ သာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုစဉ်က ယခု သင်​တို့​ရှက်ကြောက်​လျက်​ရှိ​သော​အရာ​တို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို ရရှိ​ခဲ့​ကြ​သနည်း။ ထို​အရာ​တို့​၏​ရလဒ်​သည် သေ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 6:21
46 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​ပြုကျင့်သော​သူတို့​သည် သေဒဏ်​ခံထိုက်သည်​ဟု ဘုရားသခင်​သတ်မှတ်​ပြဋ္ဌာန်းထားကြောင်း​ကို သိ​လျက်နှင့်ပင် မိမိတို့​ကိုယ်တိုင်​ပြုကျင့်သည်​သာမက ထိုသို့​ပြုကျင့်သော​အခြားသူတို့​ကိုလည်း အားပေး​အားမြှောက်​ပြုကြသေး၏။


လူ့​ဗီဇစိတ်​အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့​စဉ်က ပညတ်တရား​၏ လှုံ့ဆော်မှု​အားဖြင့် ပေါ်ပေါက်လာသော အပြစ်​ပြုလိုစိတ်​သည် ကျွန်ုပ်တို့​အတွင်း​၌ သက်ဝင်လှုပ်ရှား​၍ သေခြင်း​သို့​ပို့ဆောင်သည့်​အကျင့်ဆိုး​ကို ဖြစ်စေကြ၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


သို့သော် ဆူးပင်​အမျိုးမျိုး​ကို​သာ ပေါက်ပွားစေ​လျှင် ထို​မြေ​သည် အသုံး​မဝင်ဘဲ ကျိန်ခြင်း​ခံရ​ပြီး အဆုံး​တွင် မီးရှို့​ခံရ​လိမ့်မည်။


သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း အသက်ရှင်​လျှင် သေကြရ​လိမ့်မည်။ သို့သော် လူ့​ဗီဇစိတ်​၏ အကျင့်တို့​ကို ဝိညာဉ်တော်​အားဖြင့် အဆုံးသတ်​လျှင်​မူ အသက်ရှင်ကြ​လိမ့်မည်။


လူ့​ဗီဇစိတ်​နှင့်​ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်​ဆုံးရ​လိမ့်မည်။ ဝိညာဉ်တော်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်ရှင်​၍ ငြိမ်းချမ်းမှု​ကို ရ​လိမ့်မည်။


ထို့နောက် သေခြင်း​နှင့် မရဏ​နိုင်ငံ​သည် မီးအိုင်​ထဲသို့ ပစ်ချ​ခံခဲ့ရ၏။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏။


ထို​သူတို့​သည် သန့်ရှင်းသူတို့​နှင့် ပရောဖက်တို့​၏ သွေး​ကို သွန်းခဲ့ကြ​သဖြင့် ထို​သူတို့​နှင့် ထိုက်တန်သည့်​အတိုင်း ကိုယ်တော်​သည် ထို​သွေး​ကို သူတို့​အား တိုက်တော်မူ၏” ဟု​ပြောသည်​ကို ကျွန်ုပ်​ကြားရ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​အိမ်တော်သားတို့​ကို ဦးစွာ တရားစီရင်မည့်​အချိန်​ရောက်လာ​သောကြောင့်​ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့​ကို ဦးစွာ တရားစီရင်​လျှင် ဘုရားသခင်​၏ သတင်းကောင်း​ကို မနာခံသော​သူတို့​၏ အဆုံးသတ်​သည် မည်သို့​ဖြစ်မည်နည်း။


အပြစ်ရှိသောသူ​ကို မှားယွင်းသော​လမ်း​မှ ပြန်လည်​ခေါ်ဆောင်လာသောသူ​သည် ထို​အပြစ်သား​၏ စိတ်ဝိညာဉ်​ကို သေခြင်း​မှ ကယ်တင်​၍ သူ​၏ အပြစ်​များစွာ​ကို သခင်ဘုရား​ခွင့်လွှတ်​ပေးတော်မူ​စေရန် ဆောင်ရွက်သူ​ဖြစ်ကြောင်း သူ​သိမှတ်ပါစေ။ ရှင်ယာကုပ်​ဩဝါဒစာ ပြီးပါပြီ။


ထို​မကောင်းသော​တပ်မက်မှု​သည် သန္ဓေတည်​၍ အပြစ်​ကို မွေးဖွား၏။ ထို​အပြစ်​သည် ကြီးထွားလာ​သောအခါ သေခြင်း​ကို ဖြစ်ပေါ်စေ၏။


သို့​ဖြစ်လျှင် ဘုရားသခင်​၏​သားတော်​ကို နင်းခြေ​၍ မိမိ​အား စင်ကြယ်စေသည့်​ပဋိညာဉ်​နှင့်ဆိုင်သော​အသွေး​ကို မသန့်ရှင်းသော​အရာ​အဖြစ် သဘောထား​ကာ ကျေးဇူးပြုတော်မူသော​ဝိညာဉ်တော်​ကို စော်ကားသူ​သည် မည်မျှ ပို​၍ ပြင်းထန်သော​ပြစ်ဒဏ်​ကို ခံထိုက်သည်​ဟု သင်တို့​ထင်သနည်း။


ဘုရားသခင်​၏ အလိုတော်​နှင့်​ညီသော ဝမ်းနည်းခြင်း​သည် သင်တို့​အထဲတွင် မည်သည့်​အရာများ ဖြစ်ပေါ်စေသည်​ကို ကြည့်လော့။ မှန်သော​အရာ​ကို လုပ်ဆောင်​ရန် ကြိုးစား​အားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပ​လိုကြလေပြီ။ မိမိတို့​၏​အပြစ်​အတွက် ယူကျုံးမရ​ဖြစ်ကြလေပြီ။ အလွန်​ကြောက်ရွံ့ကြလေပြီ။ အလွန်​တောင့်တကြလေပြီ။ အလွန်​စိတ်အား​ထက်သန်ကြလေပြီ။ အပြစ်​ရှိသူ​အား ပြစ်ဒဏ်ပေး​ရန် အသင့်​ဖြစ်ကြလေပြီ။ ဤ​အမှု​၌ သင်တို့​သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်​မှ ပြသကြပြီ​ဖြစ်၏။


ထိုသူတို့​၏ နိဂုံး​သည် ပျက်စီးခြင်း ဖြစ်၏။ သူတို့​၏ ဘုရား​သည် သူတို့​၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့​ပြုသော ရှက်ဖွယ်​အရာ​ကို ဂုဏ်ယူ​ဝင့်ကြွားကြ၏။ သူတို့​သည် လောကီရေးရာ​ကိုသာ စွဲလမ်းကြ၏။


အပြစ်​သည် လူတစ်ဦး​ကြောင့် ကမ္ဘာလောက​သို့ ဝင်လာခဲ့၏။ အပြစ်​ကြောင့် သေခြင်းတရား​ပေါ်ပေါက်လာသည်​နှင့်အညီ လူအပေါင်းတို့​သည် အပြစ်ကျူးလွန်​သောကြောင့် သေခြင်းတရား​နှင့် ရင်ဆိုင်ကြရ၏။


သင်တို့​သည် တစ်စုံတစ်ဦး​အား နာခံ​ရန် မိမိကိုယ်မိမိ ဆက်သ​လျှင် ထို​သူ​၏ ကျွန်​ဖြစ်လာသည်​ကို မသိသလော။ သို့ဖြစ်၍ သင်တို့​သည် သင်တို့​ကို သေစေမည့်​အပြစ်တရား​၏​ကျွန်​လည်း ဖြစ်နိုင်​သကဲ့သို့ ဖြောင့်မတ်​စွာ နေထိုင်စေမည့်​နာခံခြင်း​၏​ကျွန်​လည်း ဖြစ်နိုင်၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ