Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 6:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 လူ့​ဗီဇစိတ်​ကို အလို​လိုက်​၍ စိုက်ပျိုးသောသူ​သည် ဗီဇစိတ်​မှ ပျက်စီးခြင်း​ကို ရိတ်သိမ်းရ​လိမ့်မည်။ ဝိညာဉ်တော်​၏ အလိုတော်​အတိုင်း စိုက်ပျိုးသောသူ​သည် ဝိညာဉ်တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်းရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ရုပ် ခ န္ဓာ အ လို့ ငှာ စိုက် ပျိုး သူ သည် ရုပ် ခ န္ဓာ ဆိုင် ရာ ပုပ် ပျက် ခြင်း ကို၄င်း၊ ဝိ ညာဉ် တော် အ လို့ ငှာ စိုက် ပျိုး သူ သည် ဝိ ညာဉ် တော် မှ ထာ ဝ ရ အ သက် ရှင် ခြင်း ကို၄င်း၊ ရိတ် သိမ်း ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 မိ​မိ​ဇာ​တိ​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ပုပ်​ပျက်​ခြင်း​အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိ​ညာဉ်​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဝိ​ညာဉ်​ပ​က​တိ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 မိမိ​သွေးသား​ဇာတိ​၌​စိုက်ပျိုး​သော​သူ​သည် သွေးသား​ဇာတိ​ထံမှ ပျက်စီး​ခြင်း​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ ဝိညာဉ်​တော်​၌​စိုက်ပျိုး​သော​သူ​မူကား ဝိညာဉ်​တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်း​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 6:8
31 ပူးပေါင်းရင်းမြစ်များ  

ငါ့​အတွက်​ကြောင့် မိမိ​အိမ်များ၊ မြေများ၊ ညီအစ်ကို​မောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာ​ကို စွန့်လွှတ်သောသူတို့​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်။


ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို​သူ​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက နောင်ဘဝ​တွင်လည်း ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ရိတ်သိမ်းသူ​သည် လုပ်အားခ​ကို ရ၏။ သူ​သည် ထာဝရ​အသက်​အတွက် သီးနှံတို့​ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူ​နှင့် ရိတ်သိမ်းသူ​တို့​သည် အတူတကွ ဝမ်းမြောက်ကြ​လိမ့်မည်။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


သခင်​ယေရှု​ခရစ်တော်​ကဲ့သို့ ကျင့်ကြံ​ပြုမူကြလော့။ လူ့​ဗီဇစိတ်​အလို​ကို လိုက်​ရန် မကြံစည်ကြနှင့်။


သင်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဒုစရိုက်​လက်နက်​အဖြစ် အပြစ်တရား​အား မဆက်သကြနှင့်။ ထိုသို့​ပြုမည့်​အစား သင်တို့​သည် သေရာ​မှ ပြန်ရှင်လာသော​သူများ​ဖြစ်ကြ​သောကြောင့် မိမိ​ကိုယ်​မိမိ ဘုရားသခင်​ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ဖြောင့်မတ်​စွာ လုပ်ဆောင်နိုင်မည့်​လက်နက်​အဖြစ် ဆက်သကြလော့။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း အသက်ရှင်​လျှင် သေကြရ​လိမ့်မည်။ သို့သော် လူ့​ဗီဇစိတ်​၏ အကျင့်တို့​ကို ဝိညာဉ်တော်​အားဖြင့် အဆုံးသတ်​လျှင်​မူ အသက်ရှင်ကြ​လိမ့်မည်။


လူ့​ဗီဇစိတ်​နှင့်​ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်​ဆုံးရ​လိမ့်မည်။ ဝိညာဉ်တော်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်ရှင်​၍ ငြိမ်းချမ်းမှု​ကို ရ​လိမ့်မည်။


သေလွန်သော​သူတို့ ပြန်ရှင်ခြင်း​မှာလည်း ထို​နည်း​အတိုင်း​ဖြစ်၏။ ကျွန်ုပ်တို့ သေဆုံး​သောအခါ ကျွန်ုပ်တို့​၏ ပုပ်ပျက်တတ်သော​ခန္ဓာ​သည် မြေ​၌ စိုက်ပျိုးခြင်း​ခံရ၏။ သို့သော်လည်း ထမြောက်​သောအခါ မပုပ်ပျက်နိုင်သော​ခန္ဓာ​အဖြစ် ရှိ​လိမ့်မည်။


ယူဆမှု​မလွဲကြနှင့်။ ဘုရားသခင်​ကို မည်သူမျှ လှည့်စား​၍ မရ။ လူ​သည် မိမိ​စိုက်ပျိုးသည့်​အတိုင်း ရိတ်သိမ်းရ​လိမ့်မည်။


သို့သော်လည်း ယေရှု​ခရစ်တော်​သည် အဆိုးဆုံး​ဖြစ်သူ ကျွန်ုပ်​အပေါ် သူ​၏ အဆုံးမဲ့​သည်းခံခြင်း​ကို ဖော်ပြ​ရန် ရည်ရွယ်​သောကြောင့် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်း​သည် ကိုယ်တော်​ကို ယုံကြည်​၍ ထာဝရ​အသက်​ကို ရရှိကြမည့်သူများ​အတွက် ကျွန်ုပ်​ကို စံနမူနာ​အဖြစ် ထားရန်​ဖြစ်၏။


ဤသည်​မှာ ကျွန်ုပ်တို့​သည် ကျေးဇူးတော်​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရ​အသက်​ကို အမွေခံ​နိုင်ရန်​ဖြစ်၏။


ငြိမ်းချမ်းခြင်း​မျိုးစေ့​ကို ကြဲသော ငြိမ်းချမ်းရေး​ဖော်ဆောင်သူများ​သည် ဖြောင့်မတ်ခြင်း​၏ အသီးအနှံ​ကို ရိတ်ကြရ၏။


သူတို့​သည် ဖမ်းဆီး​သတ်ဖြတ်ခြင်း​ခံရန်​အတွက် ပေါက်ဖွားလာပြီး ပင်ကို​ဗီဇ​အရ ဆင်ခြင်တုံ​တရားမဲ့သော တိရစ္ဆာန်များ​ကဲ့သို့ ဖြစ်ကြ​၍ မိမိတို့​နားမလည်သည့်​အရာများ​ကို စော်ကား​ပြောဆိုကြ၏။ သူတို့​သည် ထို​တိရစ္ဆာန်များ​ကဲ့သို့ပင် ပျက်စီးကြ​လိမ့်မည်။


သူတို့​သည် ထို​သူတို့​ကို လွတ်လပ်ခွင့်​ရမည်​ဟု ကတိပေး​သော်လည်း သူတို့​ကိုယ်တိုင် ပျက်စီးခြင်း​၏​ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူ​သည် မိမိ​ကို အနိုင်ယူ​စိုးမိုးသော​အရာ​ဟူသမျှ​၏ ကျွန်​ဖြစ်ရ​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆက်လက်​ခံစား​၍ ထာဝရ​အသက်​ကို ရရှိစေမည့် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကရုဏာတော်​ကို စောင့်မျှော်ကြလော့။


မတရားမှု​ပြုသောသူ​က ဆက်​၍ ပြုပါစေ။ ညစ်ညမ်းသောသူ​က ဆက်​၍ ညစ်ညမ်း​ပါစေ။ ဖြောင့်မတ်သောသူ​က ဆက်​၍ ဖြောင့်မတ်​ပါစေ။ သန့်ရှင်းသောသူ​က ဆက်​၍ သန့်ရှင်း​ပါစေ” ဟု​ကျွန်ုပ်​အား ပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ