ဂျုံစေ့ကြားတွင် ပေါင်းမျိုးစေ့ကိုကြဲသော ရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မှာ ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပြီး ရိတ်သိမ်းသူများမှာ ကောင်းကင်တမန်များဖြစ်၏။
ဟေဗြဲ 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။ Common Language Bible သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။- Garrad Bible ဤ နောင် ကာ လ၌ သား တော် ဖြင့် ငါ တို့ အား ဗျာ ဒိတ် ပေး တော် မူ၏။ အ ရာ ခပ် သိမ်း ကို အ မွေ ခံ အ ဖြစ်၊ လော က ဓာတ် များ ကို ဖန် ဆင်း ရှင် အ ဖြစ် ခန့် ထား ခံ ရ သော၊ Judson Bible ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤနောက်ဆုံးသောနေ့ရက်များတွင် ငါတို့ကို သားတော်အားဖြင့် စကားပြောတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အား အရာခပ်သိမ်းကို အမွေဆက်ခံသူအဖြစ်ခန့်ထား၍ လောကဓာတ်တို့ကိုလည်း သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ |
ဂျုံစေ့ကြားတွင် ပေါင်းမျိုးစေ့ကိုကြဲသော ရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မှာ ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပြီး ရိတ်သိမ်းသူများမှာ ကောင်းကင်တမန်များဖြစ်၏။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
သို့ရာတွင် ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော။ ငါတို့အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်၏အမည်နာမတော်ကို တိုင်တည်၍ ငါမေး၏” ဟု ဆိုလေ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဤသို့ဖြင့် စပျစ်ခြံပိုင်ရှင်၌ ချစ်လှစွာသောသား တစ်ဦးတည်းသာ ကျန်လေ၏။ နောက်ဆုံးတွင် စပျစ်ခြံပိုင်ရှင်က ‘ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု တွေးလျက် မိမိသားကို စေလွှတ်လိုက်၏။
သို့သော် စပျစ်ခြံလုပ်သားများက ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
ထိုအရှင်သည် မိမိဖန်ဆင်းတော်မူခဲ့သောကမ္ဘာလောကသို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့သည် ထိုအရှင်ကို မသိကြပေ။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် အရာအားလုံးကို ဖန်ဆင်းတော်မူ၏။ ထိုသို့ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းထင်ရှားတော်မူလျှင် ဘုရားသခင်သည် ကိုယ်တိုင် လူသားကို ချက်ချင်းပင် ဘုန်းကြီးစေတော်မူလိမ့်မည်။
ယခုမှစ၍ သင်တို့ကို ‘ကျွန်’ ဟူ၍ ငါခေါ်တော့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်သည် မိမိသခင် လုပ်ဆောင်နေသောအရာကို မသိပေ။ ငါကမူ ခမည်းတော်ပြောပြသမျှကို သင်တို့အား အကုန်အစင်ပြော၏။ ထို့ကြောင့် ယခု သင်တို့ကို ‘မိတ်ဆွေ’ ဟူ၍ ငါခေါ်ပြီ။
ခမည်းတော်နှင့် သက်ဆိုင်သမျှသောအရာတို့သည် ငါနှင့် သက်ဆိုင်၏။ ထို့ကြောင့် ‘ဝိညာဉ်တော်သည် ငါ့ထံမှ ရရှိသောသမ္မာတရားကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်’ ဟု ငါပြောဆိုခဲ့၏။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
ထိုအခါ သန့်ရှင်းစင်ကြယ်ခြင်းဓလေ့ထုံးတမ်းနှင့်ပတ်သက်၍ ယောဟန်၏ တပည့်များနှင့် ဂျူးလူမျိုးတစ်ဦးသည် အငြင်းပွားကြ၏။
အဘယ်ကြောင့်ဆိုသော် ခမည်းတော်သည် မိမိ၌ အသက်ပေးပိုင်သောတန်ခိုးရှိတော်မူသည့်အတိုင်း ထိုအသက်ပေးပိုင်သောတန်ခိုးကို သားတော်အားလည်း ပေးတော်မူသောကြောင့်ဖြစ်၏။
ထို့ပြင် သားတော်သည် လူသားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အား ပေးအပ်တော်မူ၏။
ဘုရားသခင်သည် မောရှေကို မိန့်မြွက်ပြောဆိုသည်ကို ငါတို့သိကြ၏။ ဤသူသည် အဘယ်ကလာသည်ကိုပင် ငါတို့မသိပါ” ဟု ကဲ့ရဲ့ရှုတ်ချလျက် ဆိုကြ၏။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌ ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍ အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
ကျွန်ုပ်တို့ပြောဆိုသောပညာစကားမှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်နက်နဲသောဘုရားသခင်၏ ပညာစကားဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မီကပင် ထိုပညာကို ကျွန်ုပ်တို့၏ ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ထိုအကြံအစည်တော်သည် အချိန်ကျသောအခါ ကောင်းကင်နှင့် မြေကြီး၌ ရှိသမျှသောအရာအားလုံးကို ခရစ်တော်၏ အာဏာစက်အောက်၌ ပေါင်းစည်းစေရန် ဖြစ်၏။
အရာအားလုံးကို ဖန်ဆင်းတော်မူသောဘုရားသခင်ထံ၌ ရှေးယခင်မှစ၍ ဝှက်ထားသည့် ဤလျှို့ဝှက်နက်နဲသော အကြံအစည်တော်သည် မည်သည့်အရာဖြစ်ကြောင်း လူအပေါင်းတို့ကို ဖော်ပြနိုင်ရန် ဖြစ်၏။
ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်ကိုမျှ “သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် ငါသည် သင်၏ ဖခင်ဖြစ်လာ၏” ဟူ၍ လည်းကောင်း၊ “ငါသည် သူ၏ဖခင်ဖြစ်မည်။ သူသည် ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။
သို့သော် သားတော်နှင့် ပတ်သက်၍ “အို ဘုရားသခင်… ကိုယ်တော်၏ရာဇပလ္လင်သည် ထာဝရတည်တံ့၏။ ကိုယ်တော်၏နိုင်ငံတော်သည် တရားမျှတမှုဖြင့် အုပ်စိုးသောနိုင်ငံ ဖြစ်ပါ၏။
စကြဝဠာကို ဘုရားသခင်၏ အမိန့်တော်ဖြင့် ဖန်ဆင်းတော်မူသည်နှင့်အညီ ယခုကျွန်ုပ်တို့မြင်ရသောအရာသည် မမြင်ရသောအရာမှတစ်ဆင့် ဖြစ်တည်လာကြောင်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့နားလည်ကြ၏။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သော်လည်း မိမိခံစားရသောဆင်းရဲဒုက္ခအားဖြင့် နာခံတတ်ရန် သင်ယူတော်မူ၏။
ပညတ်တရားအရ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်မင်းသည် လူသားဖြစ်၍အားနည်းချက်ရှိ၏။ သို့သော် ပညတ်တရားနောက်၌ လာသည့်သစ္စာပြုခြင်းအားဖြင့် ခန့်အပ်ထားသော သားတော်မှာမူ ထာဝရပြီးပြည့်စုံတော်မူ၏။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။