ဟေဗြဲ 2:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ဤ မျှ လောက် ကြီး မြတ် သော ကယ် တင် ခြင်း သ တင်း တော် ကို ဂ ရု မ ပြု လျှင် ငါ တို့ သည် မည် သို့ ဘေး လွတ် ကြ အံ့ နည်း။ ထို သ တင်း တော် ကို အ စ က အ ရှင် ဘု ရား ကြား ပြော တော် မူ ပြီး နောက် ငါ တို့၌ ကြား နာ သူ တို့ တည် မြဲ စေ ကြ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible3 အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အားဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့၏လက်မှလည်းကောင်း၊ အကျွန်ုပ်တို့ကို မုန်းသောသူအပေါင်းတို့၏လက်မှလည်းကောင်း ကယ်တင်တော်မူမည်ဟု ရှေးအခါက သူ၏သန့်ရှင်းသောပရောဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း သူ၏အစေခံ ဒါဝိဒ်မင်းအမျိုးအနွယ်ထဲမှ တန်ခိုးကြီးသောကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။