Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 28:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ထို အ ခါ ယေ ရှု သည် သူ တို့ ထံ ချဉ်း လာ တော် မူ လျက် မိုး မြေ တွင် အ ခွင့် အာ ဏာ ခပ် သိမ်း ကို ငါ အား အပ် နှင်း တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထိုအခါ ယေရှု​သည် သူ​တို့​ထံသို့​ချဉ်းကပ်​၍“ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ ရှိသမျှ​သော​အခွင့်​အာဏာ​တို့​ကို ငါ့​ထံ​ပေးအပ်​တော်မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

18 ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 28:18
31 ပူးပေါင်းရင်းမြစ်များ  

ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ယေရှု​က “သင်​ပြောသည့်​အတိုင်း မှန်ပါ၏။ နောင်​တွင် လူသား​သည် တန်ခိုးရှင်​၏​လက်ယာတော်ဘက်​၌ ထိုင်​၍ ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု ပြန်​၍ မိန့်တော်မူ၏။


ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ” ဟု မိန့်တော်မူ၏။


ယေရှု​သည် မိမိ​ထံ​၌ ခမည်းတော်​က အခွင့်အာဏာ​အားလုံး​ကို အပ်နှံထားသည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ ကြွလာ​၍ ဘုရားသခင်​ထံသို့ ပြန်ကြွတော့မည်​ကို​လည်းကောင်း သိတော်မူ၏။


သားတော်​သည် ကိုယ်တော်​ပေးအပ်တော်မူ​သမျှသော​သူတို့​အား ထာဝရ​အသက်​ကို ပေး​နိုင်ရန် ကိုယ်တော်​သည် သားတော်​အား လူသား​အားလုံး​အပေါ် အုပ်စိုးရသော​အခွင့်အာဏာ​ကို ပေးအပ်ထားတော်မူပြီ။


အထက်​မှ ကြွလာသော​အရှင်​သည် အရာ​အားလုံး​ထက် ကြီးမြတ်၏။ ကမ္ဘာလောက​မှ ဖြစ်ပွားသော​သူ​သည် လောကီသား​ဖြစ်​၍ လောကီ​နှင့်ဆိုင်သော​အရာများ​ကိုသာ ပြောဆို၏။ ကောင်းကင်ဘုံ​မှ ကြွလာသော​အရှင်​သည် အရာ​အားလုံး​ထက် ကြီးမြတ်၏။


ခမည်းတော်​သည် သားတော်​ကို ချစ်တော်မူ​သဖြင့် အရာ​အားလုံး​ကို သားတော်​လက်​သို့ ပေးအပ်ထားတော်မူပြီ။


ဘုရားသခင်​သည် အရာခပ်သိမ်းတို့​၏​အရှင်သခင်​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်းချမ်းခြင်း​တရား​ကို​ဟောပြော​၍ အစ္စရေးလူမျိုးတို့​အား ပေးပို့သည့်​နှုတ်တော်ထွက်စကား​ကို သင်တို့​သိကြ၏။


ထို့ကြောင့် အစ္စရေးလူမျိုး​အပေါင်းတို့… လက်ဝါးကပ်တိုင်​ပေါ်တွင် သင်တို့​သတ်သော ထို​ယေရှု​ကို ဘုရားသခင်​သည် အရှင်သခင်​နှင့်​ခရစ်တော်​အရာ​၌ ခန့်ထားတော်မူသည်​ကို သေချာ​စွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။


ခရစ်တော်​သည် သေလွန်သောသူများ​နှင့် အသက်ရှင်သောသူများ​၏ အရှင်သခင်​ဖြစ်​ရန်အတွက် အသေခံ​ပြီး ရှင်ပြန်​ထမြောက်တော်မူခဲ့၏။


ကျမ်းစာ​၌ “ဘုရားသခင်​သည် အရာ​အားလုံး​ကို ကိုယ်တော်​၏ ခြေဖဝါး​အောက်၌ ချထားတော်မူပြီ” ဟု ဖော်ပြထား၏။ “အရာ​အားလုံး​ကို ချထားတော်မူပြီ” ဟု ဆိုရာ​တွင် ထို​အရာ​အားလုံး​ထဲ၌ ဘုရားသခင် မပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ခရစ်တော်​အား အုပ်စိုးစေတော်မူသော​အရှင် ဖြစ်သောကြောင့်​ပင်။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​၍ ပြည့်စုံသော​အနေအထား​သို့ ရောက်လာကြ​သောကြောင့် ဖြစ်၏။ ထို​ခရစ်တော်​သည် အုပ်စိုးမှု​နှင့် အာဏာစက်​အပေါင်းတို့​ကို အစိုးရတော်မူ၏။


ဤ​နောက်ဆုံးသော​နေ့ရက်များ​တွင်​မူ ဘုရားသခင်​သည် မိမိ​သားတော်​မှတစ်ဆင့် ကျွန်ုပ်တို့​အား စကား​ပြောတော်မူ၏။ ဘုရားသခင်​သည် သားတော်​ကို အရာ​အားလုံး​၏ အမွေခံ​ဖြစ်စေတော်မူ​ပြီး ထို​သားတော်​အားဖြင့် စကြဝဠာ​ကို ဖန်ဆင်းတော်မူ၏။


ဘုရားသခင်​သည် အရာ​အားလုံး​ကို ကိုယ်တော်​၏ ခြေဖဝါး​အောက်၌ ချထားတော်မူပြီ” ဟု အလေးအနက်​ဆိုထား၏။ အရာ​အားလုံး​ကို ကိုယ်တော်​၏ ခြေဖဝါး​အောက်၌ ချထားတော်မူပြီ​ဟု ဆိုထား​သောကြောင့် သူ​၏ အုပ်စိုးခြင်း​နှင့် ကင်းလွတ်သော​အရာ တစ်စုံတစ်ခု​မျှ မရှိပါ။ သို့သော် ယခု​တွင်မူ အရာ​အားလုံး​ကို သူ​၏ အုပ်စိုးမှု​အောက်တွင် ချထားကြောင်း ကျွန်ုပ်တို့​မမြင်ရသေး။


ခရစ်တော်​သည် ကောင်းကင်ဘုံ​သို့ တက်ကြွတော်မူ​ပြီး ဘုရားသခင်​၏​လက်ယာတော်​ဘက်​၌ ထိုင်​လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များ​ကို အုပ်စိုးတော်မူ၏။


သတ္တမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ “ဤ​လောကီ​နိုင်ငံ​သည် ယခု ငါတို့​အရှင်​နှင့် ထို​အရှင်​၏​ခရစ်တော်​စိုးပိုင်သော​နိုင်ငံ​ဖြစ်လေပြီ။ ကိုယ်တော်​သည် အစဉ်​ထာဝရ​အုပ်စိုးတော်မူ​လိမ့်မည်” ဟု ကောင်းကင်​မှ ကျယ်လောင်​စွာ ပြောဆိုသံများ​ထွက်ပေါ်လာ၏။


သူတို့​သည် သိုးသငယ်တော်​ကို တိုက်ကြ​လိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်​သည် ဘုရင်​တကာ​တို့​၏ ဘုရင်၊ သခင်​တကာ​တို့​၏ သခင်​ဖြစ်တော်မူ​သောကြောင့် သူတို့​ကို အောင်နိုင်​လိမ့်မည်။ သိုးသငယ်တော်​နှင့်အတူ ရှိသောသူတို့​သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများ​ဖြစ်ကြ၏” ဟု ကျွန်ုပ်​အား ပြော၏။


ဝတ်ရုံတော်​နှင့် ပေါင်တော်​ပေါ်​၌ “ဘုရင်​တကာတို့​၏ ဘုရင်၊ သခင်​တကာ​တို့​၏ သခင်” ဟူသော ဘွဲ့နာမ​ကို ရေးထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ