ဟေဗြဲ 1:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဤနောက်ဆုံးသောနေ့ရက်များတွင် ငါတို့ကို သားတော်အားဖြင့် စကားပြောတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အား အရာခပ်သိမ်းကို အမွေဆက်ခံသူအဖြစ်ခန့်ထား၍ လောကဓာတ်တို့ကိုလည်း သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။- အခန်းကိုကြည့်ပါ။Garrad Bible2 ဤ နောင် ကာ လ၌ သား တော် ဖြင့် ငါ တို့ အား ဗျာ ဒိတ် ပေး တော် မူ၏။ အ ရာ ခပ် သိမ်း ကို အ မွေ ခံ အ ဖြစ်၊ လော က ဓာတ် များ ကို ဖန် ဆင်း ရှင် အ ဖြစ် ခန့် ထား ခံ ရ သော၊ အခန်းကိုကြည့်ပါ။Judson Bible2 ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။