Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:39 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ဂျုံစေ့​ကြား​တွင် ပေါင်းမျိုးစေ့​ကို​ကြဲသော ရန်သူ​မှာ မာရ်နတ်​ဖြစ်၏။ ရိတ်သိမ်းချိန်​မှာ ကမ္ဘာ​ကုန်ဆုံးချိန်​ဖြစ်ပြီး ရိတ်သိမ်းသူများ​မှာ ကောင်းကင်တမန်များ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ဂျုံ ရိုင်း မျိုး ကို ကြဲ ဖြန့် သော ရန် သူ မှာ မာရ် နတ် ဖြစ်၏။ ရိတ် သိမ်း ချိန် မှာ ယ ခု ခေတ် ကာ လ အ ဆုံး ဖြစ်၏။ ရိတ် သိမ်း သူ တို့ မှာ လည်း စေ တ မန် တော် များ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 တော​မျိုး​စေ့​ကို​ကြဲ​သော ရန်​သူ​ကား မာရ်​နတ်​ဖြစ်၏။ စ​ပါး​ရိတ်​သော​ကာ​လ​ကား ဤ​က​မ္ဘာ​ကုန်​သော​ကာ​လ ဖြစ်၏။ စ​ပါး​ရိတ်​သော​သူ​ကား ကောင်း​ကင်​တ​မန်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​သော​ရန်သူ​သည် မာရ်နတ်​ဖြစ်​၏။ ရိတ်သိမ်း​ချိန်​မူကား ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​ဖြစ်​၍ ရိတ်သိမ်း​သော​သူ​တို့​သည် ကောင်းကင်တမန်​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

39 တော​မျိုး​စေ့​ကို​ကြဲ​သော ရန်​သူ​ကား မာရ်​နတ်​ဖြစ်၏။ စ​ပါး​ရိတ်​သော​ကာ​လ​ကား ဤ​က​မ္ဘာ​ကုန်​သော​ကာ​လ ဖြစ်၏။ စ​ပါး​ရိတ်​သော​သူ​ကား ကောင်း​ကင်​တ​မန်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:39
29 ပူးပေါင်းရင်းမြစ်များ  

လူသား​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​သူ​သည် ယခု​ဘဝ၊ နောင်ဘဝ​၌ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။


ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


သို့ရာတွင် လယ်လုပ်သားများ အိပ်ပျော်​နေစဉ် ရန်သူ​သည် လာ​၍ ပေါင်းမျိုးစေ့များ​ကို ဂျုံစေ့များ​ကြား​တွင် ကြဲ​ပြီးနောက် ထွက်ခွာသွား၏။


လယ်ရှင်​က ‘ဤအရာ​သည် ရန်သူ​၏​လုပ်ရပ် ဖြစ်သည်’ ဟု ဆို၏။ ထိုအခါ လယ်လုပ်သားများ​က ‘အကျွန်ုပ်တို့​သွား​၍ ထို​ပေါင်းပင်များ​ကို နုတ်ယူ​ရမည်လော’ ဟု မေးမြန်းကြ၏။


ပေါင်းပင်များ​ကို​နုတ်​၍ မီးရှို့​သကဲ့သို့ ကမ္ဘာ​ကုန်ဆုံးချိန်​တွင်လည်း ထိုသို့​ဖြစ်​လိမ့်မည်။


ကမ္ဘာ​ကုန်ဆုံးချိန်​တွင်လည်း ထိုသို့ပင် ဖြစ်​လိမ့်မည်။ ကောင်းကင်တမန်များ​သည် လာ​၍ ဆိုးသွမ်းသူတို့​ကို ဖြောင့်မတ်သူများ​ထံမှ ခွဲထားကြမည်။


ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။


လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


သူတို့​၌ ဖြစ်ပျက်ခဲ့သည့် ဤ​အခြင်းအရာများ​သည် ကျွန်ုပ်တို့​အတွက် သင်ခန်းစာများ​ဖြစ်၏။ ထို​အကြောင်းအရာများ​ကို ရေးသားရခြင်း​မှာ ကမ္ဘာ​ကုန်ဆုံး​ရန် နီးချိန်​တွင် အသက်ရှင်​ကြသော ကျွန်ုပ်တို့​ကို သတိပေး​ရန်အတွက်​ဖြစ်၏။


သို့သော် ဧဝ​သည် မြွေ​၏ ပရိယာယ်​ဖြင့် လှည့်ဖြားခံရ​သကဲ့သို့ သင်တို့​၏​စိတ်နှလုံး​သည်လည်း ခရစ်တော်​အား ရိုးသား​ဖြူစင်​စွာ ကိုးကွယ်ရာ​မှ သွေဖည်စေခြင်း​ခံရမည်​ကို ကျွန်ုပ်​စိုးရိမ်၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ထိုသို့ သင်တို့​သည် ဘုရားသခင်​ကို မနာခံသော​သူတို့​ထဲ၌ သက်ဝင်လှုပ်ရှား​လျက်​ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ​ဆိုင်ရာ တန်ခိုးများ​ကို ကြီးစိုးသော​မင်း​ကို နာခံ​၍ လောကီသားများ​၏​လမ်းစဉ်​အတိုင်း အပြစ်ပြု​လျက် နေထိုင်ကြ၏။


ဤ​နောက်ဆုံးသော​နေ့ရက်များ​တွင်​မူ ဘုရားသခင်​သည် မိမိ​သားတော်​မှတစ်ဆင့် ကျွန်ုပ်တို့​အား စကား​ပြောတော်မူ၏။ ဘုရားသခင်​သည် သားတော်​ကို အရာ​အားလုံး​၏ အမွေခံ​ဖြစ်စေတော်မူ​ပြီး ထို​သားတော်​အားဖြင့် စကြဝဠာ​ကို ဖန်ဆင်းတော်မူ၏။


ထိုသို့​ပူဇော်​ရန် လိုအပ်​လျှင် ကိုယ်တော်​သည် ကမ္ဘာ​တည်ချိန်​ကတည်းက အကြိမ်ကြိမ် ဒုက္ခခံ​ရ​လိမ့်မည်။ ယခု​တွင်မူ ကိုယ်တော်​သည် မိမိ​ကိုယ်​မိမိ ယဇ်ပူဇော်​၍ အပြစ်များ​ကို ပယ်ရှင်း​ရန် ကမ္ဘာ​ကုန်ဆုံးချိန်​၌ တစ်ကြိမ်တည်း​နှင့်​အပြီး ပေါ်ထွန်းတော်မူ၏။


မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​နှင့် စောင့်ကြလော့။ သင်တို့​၏ ရန်သူ​ဖြစ်သော မာရ်နတ်​သည် ဟိန်းဟောက်သော​ခြင်္သေ့​ကဲ့သို့ ဝါးမျိုရမည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။


အာဒံ​မှ ဆင်းသက်​၍ ခုနစ်ဆက်​မြောက်သော​မျိုးဆက် ဧနောက်​သည် သူတို့​နှင့်​ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရား​သည် မိမိ​၏ မြောက်မြားစွာသော​ကောင်းကင်တမန်များ​နှင့်အတူ ကြွလာ​၍


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


သူ​သည် ပထမ​သားရဲ ကိုယ်စား ပြခွင့်​ရသည့် နိမိတ်​လက္ခဏာများ​ဖြင့် ဤ​ကမ္ဘာလောက​၌ နေထိုင်ကြသော​လူအပေါင်းတို့​ကို လှည့်ဖြား၏။ ဓား​ဒဏ်ရာ​ရထား​သော်လည်း အသက်ရှင်​သေးသော ပထမ​သားရဲ​၏ ရုပ်တု​ကို ပြုလုပ်​ရန် လူတို့​အား အမိန့်ပေး၏။


သို့ရာတွင် သားရဲ​သည် မိမိ​ကိုယ်စား နိမိတ်​လက္ခဏာများ​ပြသော ပရောဖက်​အတုအယောင်​နှင့်အတူ ဖမ်းဆီးခံရ၏။ ထို​ပရောဖက်​မှာ သားရဲ​၏​အမှတ်တံဆိပ်​ကို ခံယူကြ​လျက် သားရဲ​၏​ရုပ်တု​ကို ကိုးကွယ်ကြသော​သူတို့​အား ထို​နိမိတ်​လက္ခဏာများ​ဖြင့် လှည့်ဖြားသူ​ဖြစ်၏။ သူတို့​နှစ်ဦး​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ အရှင်​လတ်လတ် ပစ်ချခံကြရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ