ယုဒ 1:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း18 သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ``အဆုံးစွန်သောကာလ၌သင်တို့ကိုပြောင် လှောင်သူများ၊ မိမိတို့လိုအင်ဆန္ဒရှိသည့် အတိုင်း ဘုရားမဲ့ပြုမူကျင့်ကြံသူများ ပေါ်ပေါက်လာလိမ့်မည်'' ဟုယခင်ကသင် တို့အားပြောကြားခဲ့သည့်စကားကို သတိရကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။