ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
ရှင်ယောဟန် 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။ Common Language Bible နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။ Garrad Bible နှုတ်ကပတ်တော်သည် လူ့ဇာတိကိုယူဆောင်၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ဘောင်တွင်ရပ်စံတော်မူရာ အဘဖြစ်သူမှ၊ ဧကပုတ္တသားခံရသောဘုန်းဂုဏ်ကဲ့သို့ ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ဖူးမြင်ရကြ၏။ Judson Bible နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။ မြန်မာ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။- |
ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် သင်တို့အတွက် မွေးဖွားလာတော်မူပြီ။
သားဦးကို မွေးဖွားလေ၏။ တည်းခိုခန်းတွင် သူတို့အတွက် တည်းခိုရန် နေရာမရှိသောကြောင့် မာရိသည် သူငယ်ကို အနှီးနှင့်ရစ်ပတ်၍ နွားစားခွက်၌ သိပ်ထားလေ၏။
ထိုအချိန်တွင် ပေတရုနှင့် အပေါင်းအဖော်တို့သည်လည်း ငိုက်မျဉ်း၍ အိပ်ပျော်လျက်ရှိကြ၏။ အိပ်ပျော်ရာမှ နိုးလာကြသော် သူတို့သည် ယေရှု၏ဘုန်းရောင်ခြည်ကိုလည်းကောင်း၊ ယေရှုနှင့်အတူရပ်နေကြသော လူနှစ်ဦးကိုလည်းကောင်း တွေ့မြင်ကြ၏။
နှုတ်ကပတ်တော်သည် အစဦးကပင် ရှိတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
ယေရှုက “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတော်ကို မြင်ရမည်ဟု သင့်အား ငါပြောခဲ့ပြီ မဟုတ်လော” ဟု မာသကို မိန့်တော်မူ၏။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ယေရှုက “ဖိလိပ္ပု… ငါသည် သင်နှင့်အတူ အမြဲရှိနေခဲ့ပါလျက်နှင့် ငါမည်သူဖြစ်သည်ကို ယခုတိုင်အောင် မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် သင်သည် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြပါဟု အဘယ်ကြောင့်ဆိုသနည်း။
အကျွန်ုပ်တို့သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေကို သူတို့အား ပေးပါပြီ။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ပိလတ်မင်းက “ဤသို့ ဆိုလျှင် သင်သည် ရှင်ဘုရင်လော” ဟု မေးလျှင် ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ လာ၏။ သမ္မာတရားကို ချစ်မြတ်နိုးသူတိုင်းသည် ငါ့စကားမှန်ကန်ကြောင်းကို သိကြ၏” ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ။ မယုံကြည်သောသူမှာမူ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရပြီ။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
သမ္မာတရားကိုလည်း သိသဖြင့် ထိုသမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ယေရှုကို ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့အတွက် ထိုကတိတော်ကို ပြည့်စုံစေတော်မူ၏။ ဒုတိယမြောက်ဆာလံကျမ်းတွင် ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့တွင် သင့်ကို ငါ၏သား ဖြစ်စေပြီ’ ဟူ၍ ရေးသားထား၏။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် သူတို့၏ ဘိုးဘေးများဖြစ်၏။ ခရစ်တော်ကိုယ်တိုင်သည်လည်း လူသားအနေဖြင့် သူတို့၏ အမျိုးဖြစ်၏။ ခရစ်တော်သည် အရာခပ်သိမ်းကို အုပ်စိုး၍ ထာဝရမင်္ဂလာရှိသော ဘုရားသခင်လည်း ဖြစ်တော်မူ၏။ အာမင်။
ပထမဦးဆုံးလူသည် မြေကြီးက ဖြစ်လာသောကြောင့် မြေကြီးသားဖြစ်၏။ ဒုတိယလူမှာ ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ထိုခရစ်တော်ထံ၌ ဉာဏ်ပညာနှင့် အသိပညာတို့သည် ရတနာသိုက်သဖွယ် ဖုံးကွယ်လျက် ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားဖြစ်ခြင်း၏ ပြည့်စုံမှုအားလုံးသည် ခရစ်တော်ထံ၌ ကိုယ်ခန္ဓာအသွင်ဖြင့် ကိန်းအောင်းတော်မူပြီး
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်ကိုမျှ “သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် ငါသည် သင်၏ ဖခင်ဖြစ်လာ၏” ဟူ၍ လည်းကောင်း၊ “ငါသည် သူ၏ဖခင်ဖြစ်မည်။ သူသည် ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။
ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ ဘုရားသခင်အား “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်စရာကို အလိုတော်မရှိသောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူ၏။
သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။
ထိုနည်းတူ ခရစ်တော်သည် မိမိကိုယ်မိမိ ယဇ်ပုရောဟိတ်မင်းအဖြစ် ချီးမြှောက်သည်မဟုတ်။ ကိုယ်တော်အား “သင်သည် ငါ့သားဖြစ်၏။ ယနေ့ ငါသည် သင်၏အဖဖြစ်လာ၏” ဟု မိန့်တော်မူသောဘုရားသခင်က ခန့်အပ်တော်မူခြင်းဖြစ်၏။
ခမည်းတော်သည် သားတော်ကို ဤလောက၏ကယ်တင်ရှင်ဖြစ်ရန် စေလွှတ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့မြင်၍ သက်သေခံကြ၏။
ကျွန်ုပ်တို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤနည်းဖြင့် ဘုရားသခင်သည် မိမိ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။
သူသည် သွေး၌ နှစ်ထားသောဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အမည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူ၍ ဖြစ်၏။
ထို့နောက် ရာဇပလ္လင်တော်မှ ကျယ်လောင်သောအသံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာနေရာသည် လူတို့တွင် ရှိ၍ သူတို့နှင့်အတူ စံမြန်းတော်မူမည်။ သူတို့သည် ကိုယ်တော်၏လူများဖြစ်ကြပြီး ဘုရားသခင်ကိုယ်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူလိမ့်မည်။