ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ရောမ 14:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။ Common Language Bible သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။- Garrad Bible ထို ကြောင့် ငါ တို့ သည် ငြိမ် သက် ခြင်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း အ မှု များ ကို ကြံ စည် ကြ၏။ Judson Bible ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်း တည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်ကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။ |
ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ဆားသည် အရသာကောင်း၏။ သို့သော် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ သင်တို့အထဲ၌ ဆားကဲ့သို့သောအရည်အသွေးရှိစေကြလော့။ အချင်းချင်း သင့်မြတ်စွာနေကြလော့” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။
သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်းသည် သင်တို့အတွက် ကောင်းသည်မဟုတ်။ သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာအားလုံးသည် အကျိုးရှိစေသည်မဟုတ်။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။
ပရောဖက်ပြုဟောပြောသောသူကမူ လူတို့အား ဆောက်တည်စရာစကား၊ အားပေးစကား၊ နှစ်သိမ့်စကားတို့ကို ဟောပြော၏။
အခြားဘာသာစကားကို ပြောသောသူသည် မိမိကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြုဟောပြောသောသူကမူ အသင်းတော်တစ်ခုလုံးကို တည်ဆောက်ပေး၏။
ကျွန်ုပ်သည် သင်တို့ရှိသမျှအား အခြားဘာသာစကားကို ပြောတတ်စေလို၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းကို ပို၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုရာတွင် အသင်းတော်အတွက် တည်ဆောက်စရာဖြစ်စေရန် အနက်ကို ပြန်နိုင်ရမည်ဖြစ်၏။ အနက်မပြန်နိုင်လျှင် အခြားဘာသာစကားကို ပြောဆိုခြင်းထက် ပရောဖက်ပြုဟောပြောခြင်းသည် ပို၍ မြတ်၏။
သို့သော် မယုံကြည်သောခင်ပွန်း၊ သို့မဟုတ် ဇနီးက ကွာရှင်းလိုလျှင် ကွာရှင်းပါစေ။ ထိုအခြေအနေမျိုးတွင် ယုံကြည်သောခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးကောက်တော်မူ၏။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေကြသည်ဟု သင်တို့ တစ်ချိန်လုံးထင်မှတ်နေကြသလော။ ကျွန်ုပ်တို့သည် ခရစ်တော်ပြောဆိုစေတော်မူလိုသည့်အတိုင်း ဘုရားသခင် ရှေ့တော်မှောက်၌ ပြောဆိုကြ၏။ ချစ်ရသောသူတို့… ကျွန်ုပ်တို့လုပ်ဆောင်သမျှ အရာရာတိုင်းသည် သင်တို့ကို ဆောက်တည်ပေးနိုင်ရန်ဖြစ်၏။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
သူတို့၏တာဝန်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်ကို တည်ဆောက်နိုင်ရန်အတွက် ယုံကြည်သူတို့ကို အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။
သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။
ဒဏ္ဍာရီများ၊ မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်မပေးကြရန် ညွှန်ကြားလော့။ ထိုအရာများသည် အငြင်းအခုံများကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်သော ဘုရားသခင်၏ အမှုတော်ကို အထောက်အကူမဖြစ်စေပါ။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
မကောင်းမှုကို စွန့်၍ ကောင်းမှုကို ပြုရမည်။ သူတစ်ပါးနှင့် ငြိမ်းချမ်းစွာ နေထိုင်ရန် တောင့်တ၍ ငြိမ်းချမ်းခြင်းအတွက် ကြိုးစားအားထုတ်ရမည်။