Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ကျွန်ုပ်​သည် သင်တို့​ရှိသမျှ​အား အခြား​ဘာသာစကား​ကို ပြောတတ်​စေလို၏။ သို့သော် ပရောဖက်ပြု​ဟောပြောခြင်း​ကို ပို​၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆို​ရာတွင် အသင်းတော်​အတွက် တည်ဆောက်​စရာ​ဖြစ်​စေရန် အနက်​ကို ပြန်နိုင်​ရမည်​ဖြစ်၏။ အနက်​မပြန်နိုင်​လျှင် အခြား​ဘာသာစကား​ကို ပြောဆိုခြင်း​ထက် ပရောဖက်ပြု​ဟောပြောခြင်း​သည် ပို​၍ မြတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ငါ​သည်​သင်​တို့​အား​လုံး​ကို​ပင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​စေ​လို သော်​လည်း နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော နိုင်​သော​ဆု​ကျေး​ဇူး​ကို​ပို​၍​ရ​စေ​လို​၏။ ထူး ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော ဆို​သူ​သည် မိ​မိ​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​သူ​ရှိ​မှ​သာ​လျှင် အ​သင်း တော်​၏​အ​ကျိုး​ကို​ပြု​စု​၏။ သို့​မ​ဟုတ်​ပါ​မူ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း က​ပို​၍​တန်​ဖိုး​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ငါ သည် သင် တို့ ရှိ သ မျှ ကို ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ စေ လို သော် လည်း ဟော ပြော ခွင့် ကို အ ထူး သ ဖြင့် ရ စေ လို၏။ အ သင်း တော် ကို ဆောက် တည် ခြင်း ငှာ အ ဓိ ပ္ပါယ် ကို မ ဖော် ပြ နိုင် ဘဲ ဘာ သာ စ ကား ထူး ပြော ဆို သူ ထက် ဟော ပြော သူ သည် ကြီး မြတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သင်​တို့​ရှိ​သ​မျှ​သည် အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ပြော​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ပ​ရော​ဖက်​ပြု​စေ​ခြင်း​ငှာ သာ၍​အ​လို​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ပြော​သော​သူ​သည်၊ အ​သင်း​တော်​ကို တည်​ဆောက်​ခြင်း​ငှာ အ​နက်​ကို မ​ဖော်​မ​ပြ​လျှင်၊ သူ့​ထက် ပ​ရော​ဖက်​ပြု​သော​သူ​သည် သာ၍​မြတ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​တို့​အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​နိုင်​ရန် ငါ​အလိုရှိ​၏။ သို့သော် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို သင်​တို့​အား ပို၍​ပြု​စေ​လို​၏။ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​ရန် ၎င်း​၏​အနက်​ကို​ဖွင့်​ခြင်း​မ​ရှိ​လျှင် ထို​သူ​ထက် ပရောဖက်ပြု​ဟောပြော​သော​သူ​သည် ပို၍​ကြီးမြတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:5
13 ပူးပေါင်းရင်းမြစ်များ  

ယုံကြည်သော​သူတို့​သည် နိမိတ်​လက္ခဏာများ​ကို ပြသကြ​လိမ့်မည်။ သူတို့​သည် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ နတ်ဆိုးများ​ကို နှင်ထုတ်ကြ​လိမ့်မည်။ အသစ်သော​ဘာသာစကားများ​ကို ပြောကြ​လိမ့်မည်။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား အံ့ဖွယ်တန်ခိုး​ပြနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား သန့်ရှင်းသော​ဝိညာဉ်တော်​ထံမှ​လာသော​အရာ​နှင့် အခြား​ဝိညာဉ်​ထံမှ လာသော​အရာ​တို့ကို ပိုင်းခြားနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ဘာသာစကား​အမျိုးမျိုး ပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ထို​ဘာသာစကားများ​၏ အနက်​ကို ပြန်နိုင်စွမ်း​ကို​လည်းကောင်း ပေးတော်မူ၏။


ကျွန်ုပ်​သည် လူ​ဘာသာစကားများ​နှင့် ကောင်းကင်တမန်​ဘာသာစကားများ​ကို ပြောနိုင်​သော်လည်း မေတ္တာ​မရှိ​လျှင် ဆူညံသော​မောင်း သို့မဟုတ် မြည်ဟည်းနေသော​လင်းကွင်း​ကဲ့သို့​သာ ဖြစ်၏။


မေတ္တာ​သည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာ​သည် မနာလို​မဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာန​မထားတတ်။


ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။


သင်​သည် ဘုရားသခင်​အား ကောင်းစွာ ကျေးဇူးတင်​နေ​သော်လည်း တစ်ပါးသူ​အတွက် တည်ဆောက်စရာ​မဖြစ်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ