Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သို့သော် မယုံကြည်သော​ခင်ပွန်း၊ သို့မဟုတ် ဇနီး​က ကွာရှင်း​လို​လျှင် ကွာရှင်းပါစေ။ ထို​အခြေအနေ​မျိုး​တွင် ယုံကြည်သော​ခင်ပွန်း​ဖြစ်စေ၊ ဇနီး​ဖြစ်စေ ထို​သူ​နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်​သည် သင်တို့​အား ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးကောက်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​သော်​မ​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​အ​မျိုး​သား က​သော်​လည်း​ကောင်း၊ အ​မျိုး​သ​မီး​က​သော် လည်း​ကောင်း ကွာ​ရှင်း​လို​လျှင်​ကွာ​ရှင်း​ပါ​စေ။ ဤ အ​မှု​မျိုး​တွင်​ယုံ​ကြည်​သူ​ခင်​ပွန်း​ဖြစ်​စေ၊ ဇ​နီး ဖြစ်​စေ​လွတ်​လပ်​စွာ​ပြု​နိုင်​ခွင့်​ရှိ​၏။ ဘု​ရား​သ​ခင် သည်​သင်​တို့​အား သင့်​တင့်​အေး​ချမ်း​စွာ​နေ​ထိုင် ကြ​စေ​ရန် ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သို့ ရာ တွင် ထို သို့ သော အ မှု မျိုး နှင့် စပ်၍ ညီ အစ် ကို ဖြစ် စေ၊ ညီ အစ် မ ဖြစ် စေ၊ ချဥ် နှောင် ခြင်း မ ရှိ သော ကြောင့် မ ယုံ ကြည် သူ ကွာ သွား လို လျှင် ကွာ သွား စေ။ ဘု ရား သ ခင် သည် ငါ တို့ ကို ငြိမ် သက် ခြင်း၌ ခေါ် ထား တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့ရာတွင် မ​ယုံကြည်​သူ​ဖက်​မှ ကွဲကွာ​လို​လျှင် ကွဲကွာ​ပါ​စေ။ ထိုသို့​သော​အခြေအနေ​မျိုး​တွင် ယုံကြည်​သူ​ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ အနှောင်အဖွဲ့​ကင်း​၏။ ဘုရားသခင်​သည် သင်​တို့​အား ငြိမ်းချမ်း​မှု​ရရှိ​စေရန် ခေါ်ယူ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:15
11 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်ဘုံ​၌​ရှိတော်မူသော​ငါ့​ခမည်းတော်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။


နတ်ဆိုး​ဝင်ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်တတ်ပါ၏။ သူ​၏ ပါးစပ်​မှ အမြှုပ်များ​ထွက်သည်​တိုင်အောင် နတ်ဆိုး​သည် သူ့​ကို တက်စေပါ၏။ သူ့​ကို ကုတ်ဖဲ့နာကျင်စေ​ပြီး သူ့​အထဲ​မှ အလွန်​ထွက်ခဲပါ၏။


တတ်နိုင်သမျှ လူတိုင်း​နှင့် သင့်မြတ်​စွာ နေကြလော့။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ယောက်ယက်ခတ်​စေတတ်သော​ဘုရား​မဟုတ်ဘဲ ယုံကြည်သူတို့​၏ အသင်းတော်များ​၌ ပြု​သကဲ့သို့ ငြိမ်းချမ်းခြင်း​ကို ဖြစ်​စေသော​ဘုရား ဖြစ်တော်မူ​သောကြောင့်​ပင်။


နိဂုံးချုပ်​စကား​ဆိုရ​လျှင် ညီအစ်ကို​မောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် အခွင့်ပေးကြလော့။ ကျွန်ုပ်​၏ နှိုးဆော်ချက်​ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်း​ရှိ​လျက် သင့်မြတ်​စွာ​နေကြလော့။ မေတ္တာတရား​နှင့် ငြိမ်းချမ်းခြင်း​တို့​၏ အရှင်​ဖြစ်တော်မူသော ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


လူတိုင်း​နှင့် သဟဇာတ​ဖြစ်ရန်၊ သန့်ရှင်းသော​ဘဝ​နှင့်​နေထိုင်​ရန် အစွမ်းကုန်​ကြိုးစားလော့။ မသန့်ရှင်းသော​သူတို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရမည်​မဟုတ်။


ညီအစ်ကို​မောင်နှမ​တစ်ဦးဦး​သည် အစားအစာ​နှင့် အဝတ်အထည် ချို့တဲ့​ဆင်းရဲ​နေ​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ