Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 အဘယ်ကြောင့်ဆိုသော် မယုံကြည်သော​ခင်ပွန်း​သည် မိမိ​ဇနီး​အားဖြင့် သန့်ရှင်းစင်ကြယ်​ပြီး မယုံကြည်သော​ဇနီး​သည်လည်း မိမိ​ခင်ပွန်း​အားဖြင့် သန့်ရှင်းစင်ကြယ်​သောကြောင့်​ဖြစ်၏။ သို့မဟုတ်​ပါက သင်တို့​၏ သားသမီးများ​သည် သန့်ရှင်း​စင်ကြယ်မည်​မဟုတ်။ ယခု​တွင်မူ သန့်ရှင်းစင်ကြယ်ပြီ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ သို့ ဆို သော် မ ယုံ ကြည် သော လင် သည် မ ယား အား ဖြင့်လည်းကောင်း၊ မ ယုံ ကြည် သော မ ယား သည် ထို ညီ အစ် ကို အား ဖြင့် လည်းကောင်း၊ သီး သန့် ရာ ရောက် ပြီ။ အ ကယ်၍ မ ဟုတ် လျှင် သင် တို့၏ သား သ မီး များ သည် ယ ခု ကဲ့ သို့ သီး သန့် ရာ မ ရောက် ဘဲ မ သန့် ရာ အ ဖြစ် နေ ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ကြောင်း​မူ​ကား၊ မ​ယုံ​ကြည်​သော​လင်​သည် မိ​မိ​မ​ယား​အ​ဖို့ စင်​ကြယ်၏။ မ​ယုံ​ကြည်​သော မ​ယား​သည်​လည်း မိ​မိ​လင်​အ​ဖို့ စင်​ကြယ်၏။ သို့​မ​ဟုတ်​လျှင် သင်​တို့၏ သား​သ​မီး​သည် မ​စင်​ကြယ်။ ယ​ခု​တွင် စင်​ကြယ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အကြောင်းမူကား ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိမိ​မယား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ ယုံကြည်​သူ​မ​ဟုတ်​သော​မယား​သည်​လည်း မိမိ​လင်​ယောက်ျား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ သို့မဟုတ်​လျှင် သင်​တို့​၏​သားသမီး​တို့​သည် ညစ်ညူး​ကြ​လိမ့်မည်။ သို့သော် ယခု သူ​တို့​သည် သန့်ရှင်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:14
9 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ပေတရု​သည် ထို​သူတို့​အား အထဲ​သို့​ဖိတ်ခေါ်​၍ တည်းခိုစေ၏။ နောက်​တစ်နေ့​တွင် ထ​၍ ထို​သူတို့​နှင့်အတူ လိုက်ပါသွား​ရာ ယုပ္ပေမြို့​မှ ယုံကြည်သူ​တချို့​လည်း လိုက်ပါလာကြ၏။


အဦးသီး​အဖြစ် ပူဇော်သည့် အနည်းငယ်သော​မုန့်ညက်​သည် သန့်ရှင်း​လျှင် မုန့်ညက်​တစ်ပုံလုံး​သည် သန့်ရှင်း​လိမ့်မည်။ သစ်ပင်​၏ အမြစ်​သည် သန့်ရှင်း​လျှင် အကိုင်းအခက်များ​သည်လည်း သန့်ရှင်း​လိမ့်မည်။


ထို​နည်းတူ ယုံကြည်သော​အမျိုးသမီး​တစ်ဦး​တွင် မယုံကြည်သော​ခင်ပွန်း ရှိ​ပြီး ထို​ခင်ပွန်း​သည် သူ​နှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်​လို​ပါက သူ​သည် ထို​ခင်ပွန်း​ကို မကွာရှင်းရ။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ နှုတ်ကပတ်တော်​နှင့် ဆုတောင်းခြင်း​တို့သည် အစားအစာ​ကို သန့်ရှင်းစင်ကြယ်စေ​သောကြောင့် ဖြစ်၏။


နှလုံးသား​ဖြူစင်သူတို့​အတွက် အရာ​အားလုံး​သည် စင်ကြယ်၏။ သို့သော် ညစ်ညူး​၍ ခရစ်တော်​ကို မယုံကြည်သူတို့​အတွက် မည်သည့်​အရာမျှ မစင်ကြယ်။ သူတို့​၏ အတွေးအခေါ်​နှင့် အသိစိတ်တို့​သည် ညစ်ညူး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ