Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 14:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 အစားအစာ​ကြောင့် ဘုရားသခင်​၏ အမှုတော်​ကို မပျက်စီးစေနှင့်။ အစားအစာ​အားလုံး​သည် စားသုံး​သင့်သော​အရာ​ဖြစ်​သော်လည်း ထို​အစာ​ကို စားသုံး​၍ တစ်ပါးသူ​အတွက် ထိမိ​၍ လဲစရာ​ဖြစ်စေ​လျှင် ထို​အခြင်းအရာ​သည် အပြစ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အ​စား​အ​စာ​တစ်​စုံ​တစ်​ရာ​စား​သောက်​မှု အ​တွက်​ကြောင့်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သူ​ကို​အ​ကျိုး​မ​နည်း​စေ​နှင့်။ အ​စား​အ​စာ မှန်​သ​မျှ​သည်​စား​သင့်​သော​အ​ရာ​ဖြစ်​သော် လည်း​ထို​အ​စား​အ​စာ​များ​ကို​စား​သုံး ခြင်း​ဖြင့်​သူ​တစ်​ပါး​တို့​အား​မှောက်​မှား စေ​သူ​၌​အ​ဆိုး​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 စား ဖွယ် ခဲ ဖွယ် အ တွက် ကြောင့် ဘု ရား သ ခင့် အ မှု တော် ကို မ ဖျက် နှင့်။ ခဲ ဖွယ် အ မျိုး မျိုး သန့် သည် မှန် သော် လည်း စား မှု ကြောင့် မှောက် မှား စေ သူ၌ အ ဆိုး ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ဘု​ရား​သ​ခင်၏ အ​မှု​တော်​ကို သင်၏​အ​စာ​အ​လို​ငှာ မ​ဖျက်​ဆီး​နှင့်။ အ​စာ​အ​မျိုး​မျိုး​တို့​သည် စင်​ကြယ်၏။ သို့​သော်​လည်း သူ​တစ်​ပါး​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​နှင့် စား​သော​သူ​သည် အ​ပြစ်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အစားအစာ​ကြောင့် ဘုရားသခင်​၏​အမှု​တော်​ကို မ​ဖျက်ဆီး​နှင့်။ အမှန်စင်စစ် အရာ​ခပ်သိမ်း​တို့​သည် စင်ကြယ်​၏။ သို့သော် တစ်စုံတစ်ဦး​၏​စားသုံး​ခြင်း​သည် သူတစ်ပါး​အတွက်​ခလုတ်တံသင်း​ဖြစ်​လျှင် ထို​အမှုအရာ​သည် အပြစ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:20
13 ပူးပေါင်းရင်းမြစ်များ  

ခံတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို ညစ်ညမ်းစေသည်​မဟုတ်ပါ။ သို့သော် ခံတွင်း​မှ ထွက်လာသော​အရာ​သည်သာ လူ​ကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။


ငါ့​ကို​ယုံကြည်သော ကလေးငယ်​တစ်စုံတစ်ယောက်​အား မှားယွင်းစေသောသူ​သည် ကြီးသော​ကြိတ်ဆုံကျောက်​ကို လည်​၌ ဆွဲ​လျက် နက်သော​ပင်လယ်​ထဲသို့ ပစ်ချခံရ​လျှင် ပို၍​ကောင်း၏။


တစ်ဖန် အသံတော်​က “ဘုရားသခင် စင်ကြယ်စေသည့်​အရာ​ကို ညစ်ညမ်းသည်​ဟု မဆိုနှင့်” ဟူ၍ ဆိုလေ၏။


ဥပမာ​ဆိုရ​လျှင် တချို့​က အစားအစာ​အားလုံး​ကို စား​၍​ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်း​အားနည်းသူ​သည် ဟင်းသီးဟင်းရွက်​ကိုသာ စား၏။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​လျက် ကြိုတင်​ပြင်ဆင်ထားတော်မူသော ကောင်းမှုများ​ကို ပြုစေ​ရန် ဖန်ဆင်းတော်မူခဲ့၏။


သင်တို့​အထဲ​တွင် ကောင်းသော​အမှု​ကို စတင်​ဆောင်ရွက်​တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော် ပြန်ကြွလာသည့် နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်သည်​အထိ ဆက်​၍ ပြုတော်မူမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။


နှလုံးသား​ဖြူစင်သူတို့​အတွက် အရာ​အားလုံး​သည် စင်ကြယ်၏။ သို့သော် ညစ်ညူး​၍ ခရစ်တော်​ကို မယုံကြည်သူတို့​အတွက် မည်သည့်​အရာမျှ မစင်ကြယ်။ သူတို့​၏ အတွေးအခေါ်​နှင့် အသိစိတ်တို့​သည် ညစ်ညူး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ