ထို့ကြောင့် သင့်အား ငါပြောလိုသည်မှာ သူ၏အပြစ်သည် အလွန်များပြားလှသော်လည်း သူသည် ခွင့်လွှတ်ခြင်းကို ခံရပြီ။ ထို့ကြောင့် သူသည် ငါ့ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သောအပြစ်လွှတ်ခြင်းကို ခံရသောသူသည် အနည်းငယ်သာချစ်တော်မူ၏” ဟု မိန့်တော်မူ၏။
ရောမ 12:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။ Common Language Bible သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။- Garrad Bible ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။ Judson Bible ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။ |
ထို့ကြောင့် သင့်အား ငါပြောလိုသည်မှာ သူ၏အပြစ်သည် အလွန်များပြားလှသော်လည်း သူသည် ခွင့်လွှတ်ခြင်းကို ခံရပြီ။ ထို့ကြောင့် သူသည် ငါ့ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သောအပြစ်လွှတ်ခြင်းကို ခံရသောသူသည် အနည်းငယ်သာချစ်တော်မူ၏” ဟု မိန့်တော်မူ၏။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။
ညီအစ်ကိုမောင်နှမတို့… သန့်ရှင်းသောဝိညာဉ်တော်၏ မေတ္တာတော်နှင့် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ထံ ကျွန်ုပ်အတွက် ကျွန်ုပ်နှင့်အတူ ဆုတောင်းကြရန် သင်တို့အား တိုက်တွန်းနှိုးဆော်ပါ၏။
သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
သင်တို့သည် တစ်စုံတစ်ဦးအား နာခံရန် မိမိကိုယ်မိမိ ဆက်သလျှင် ထိုသူ၏ ကျွန်ဖြစ်လာသည်ကို မသိသလော။ သို့ဖြစ်၍ သင်တို့သည် သင်တို့ကို သေစေမည့်အပြစ်တရား၏ကျွန်လည်း ဖြစ်နိုင်သကဲ့သို့ ဖြောင့်မတ်စွာ နေထိုင်စေမည့်နာခံခြင်း၏ကျွန်လည်း ဖြစ်နိုင်၏။
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့အချင်းချင်း စည်းလုံးကြရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သဘောထားမကွဲလွဲကြနှင့်။ တူညီသောစိတ်၊ တူညီသောရည်ရွယ်ချက်တို့ဖြင့် စည်းလုံးကြလော့။
သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရသည်နှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြပေ။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိ။ ကျွန်ုပ်တို့၏ အပြင်ပန်းကိုယ်ခန္ဓာသည် ပျက်စီးယိုယွင်းလာသော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အားမှာမူ နေ့စဉ်နှင့်အမျှ အသစ်တိုးပွားလျက်ရှိ၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဘုရားသခင်အား ပူဇော်ပြီး မိမိအသက်ကို သွန်းလောင်းရာပူဇော်စရာကဲ့သို့ သွန်းလောင်းရမည်ဆိုလျှင်ပင် ဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ကျွန်ုပ်ဝမ်းမြောက်၏။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်အရပ်ရပ်၌ နေထိုင်ကြသော ညီအစ်ကိုမောင်နှမတို့ကို အမှန်တကယ် ချစ်ကြ၏။ သို့ရာတွင် ညီအစ်ကိုမောင်နှမတို့… ထိုထက်မက ပို၍ချစ်ကြရန် ကျွန်ုပ်တို့သည် သင်တို့ကို တိုက်တွန်း၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ တိုက်တွန်းလို၏။ သင်တို့အထဲတွင် အမှုတော်ကို ကြိုးစားဆောင်ရွက်၍ ဝိညာဉ်ရေးရာ၌ ဦးဆောင်ပြီး သင်တို့ကို သတိပေးဆုံးမသွန်သင်နေသောသူများကို ရိုသေလေးစားကြလော့။
ထိုသို့ ဆုတောင်းခြင်းသည် မွန်မြတ်ပြီး ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင် နှစ်သက်တော်မူ၏။
သားသမီးများ၊ မြေးများရှိသော မုဆိုးမဖြစ်လျှင် ထိုသားသမီးမြေးတို့သည် အိမ်သူအိမ်သားများကို ကျွေးမွေးရန်နှင့် မိဘတို့ကို ကျေးဇူးဆပ်ရန် ဦးစွာသင်ယူပါစေ။ ၎င်းသည် မိမိတို့ပြုအပ်သောဘာသာရေးကျင့်ဝတ်ဖြစ်၏။ ဤသို့ပြုခြင်းသည် ဘုရားသခင်၏ စိတ်တော်ကို ကျေနပ်စေ၏။
အကျဉ်းချခံရစဉ် ကျွန်ုပ်၏ သားသဖွယ်ဖြစ်လာသော ဩနေသိမ်အတွက် သင့်ကို တောင်းပန်လို၏။
မေတ္တာဖြင့်သာ တောင်းပန်လို၏။ ယေရှုခရစ်တော်ကြောင့် အကျဉ်းချခံထားရသည့် အသက်ကြီးသူ ကျွန်ုပ်ပေါလုသည်
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။
သင်တို့သည် ပြစ်မှား၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် မည်သည့်ဂုဏ်ယူစရာရှိမည်နည်း။ သို့သော် ကောင်းမှုပြု၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ချီးကျူးထိုက်ဖွယ်ဖြစ်၏။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။