Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထို့ကြောင့် ကျွန်ုပ်တို့​သည် စိတ်ပျက်​အားလျော့ခြင်း​မရှိ။ ကျွန်ုပ်တို့​၏ အပြင်ပန်း​ကိုယ်ခန္ဓာ​သည် ပျက်စီး​ယိုယွင်းလာ​သော်လည်း ကျွန်ုပ်တို့​၏ အတွင်း​စိတ်​ခွန်အား​မှာမူ နေ့စဉ်​နှင့်အမျှ အသစ်​တိုးပွား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ကြ။ ငါ​တို့​၏​ကိုယ်​ခန္ဓာ​သည်​တ​ဖြည်း​ဖြည်း​ယို ယွင်း​ပျက်​စီး​လျက်​ရှိ​သော်​လည်း ငါ​တို့​၏ ဝိ​ညာဉ်​မူ​ကား​နေ့​စဉ်​နှင့်​အ​မျှ​အ​သစ် ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို့ကြောင့် ငါ​တို့​သည် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်ပ​လူ့​ခန္ဓာ​သည် ယိုယွင်း​ပျက်စီး​နေ​သော်လည်း ငါ​တို့​၏​အတွင်း​ဝိညာဉ်​မူကား တစ်​နေ့​ထက်​တစ်​နေ့ အသစ်​ပြုပြင်​ခြင်း​ကို​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:16
22 ပူးပေါင်းရင်းမြစ်များ  

နေ့စဉ်​လိုအပ်သော​အစာ​ကို အကျွန်ုပ်တို့​အား ပေးသနားတော်မူပါ။


ဤ​လောက​၏ အမူအကျင့်​နှင့် ဓလေ့တို့​ကို အတု​မယူကြနှင့်။ သင်တို့​၏ စိတ်နှလုံး​ကို ပြောင်းလဲစေခြင်း​အားဖြင့် စိတ်သစ်​လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်​အလိုရှိတော်မူသည့် ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ပြည့်စုံသော​အရာတို့​သည် မည်သည့်​အရာ​ဖြစ်သည်​ကို သင်တို့​ပိုင်းခြား​သိမြင်ကြ​လိမ့်မည်။


ကျွန်ုပ်​၏​စိတ်နှလုံး​အတွင်း​၌ ကျွန်ုပ်​သည် ဘုရားသခင်​၏ ပညတ်တရား​ကို နှစ်သက်၏။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… မြဲမြံ​စွာ ရပ်တည်​၍ မရွေ့လျား​မပြောင်းလဲကြနှင့်။ ဘုရားသခင်​အတွက် သင်တို့ လုပ်ဆောင်​သမျှ​သည် အချည်းနှီး​မဖြစ်ကြောင်း သင်တို့​သိကြသည့်​အတိုင်း ဘုရားသခင်​အတွက် အစဉ်အမြဲ စိတ်အားထက်သန်​စွာ လုပ်ဆောင်ကြလော့။


ထို့ကြောင့် ကျွန်ုပ်​သည် သင်တို့​၏​စိတ်ဝိညာဉ်​အတွက် ကျွန်ုပ်​၌ ရှိသမျှသော​ငွေကြေးဥစ္စာများ​နှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်​သည် သင်တို့​အပေါ် ဤမျှ​မေတ္တာထား​လျှင် ကျွန်ုပ်​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​သည် လျော့ပါး​သွားမည်လော။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ကရုဏာတော်​ကို ခံစားရသည်​နှင့်အညီ ဤ​အမှုတော်​ကို ဆောင်ရွက်ရ​သောကြောင့် စိတ်ပျက်​အားလျော့ခြင်း​မရှိကြပေ။


ဘုရားသခင်​၏ ဘုန်းတော် ကြွယ်ဝသည်​နှင့်အညီ သင်တို့​၏ အတွင်း​စိတ်​ကို ဝိညာဉ်တော်​မှတစ်ဆင့် တန်ခိုးတော်​ဖြင့် ကြံ့ခိုင်​သန်မာ​စေတော်မူ​ရန် ဆုတောင်း၏။


ဝိညာဉ်တော်​သည် သင်တို့​၏ စိတ်သဘောထား​ကို ပြောင်းလဲပါစေ။


လူသစ်​ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်​ကို မှန်ကန်​စွာ သိနိုင်​ရန် ထို​လူသစ်​သည် ဖန်ဆင်းရှင်​၏ ပုံသဏ္ဌာန်တော်​နှင့်​အညီ အစဉ် အသစ်​ပြုပြင်​မွမ်းမံခံရ၏။


ကျွန်ုပ်တို့​သည် ကယ်တင်တော်မူခြင်း​ခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်း​ခံရသည်​မှာ ကျွန်ုပ်တို့ ပြုသည့်​ဖြောင့်မတ်သော​အကျင့်​ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်း​ကြောင့် ဖြစ်၏။ ကိုယ်တော်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဆေးကြောပေးခြင်း​ဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွားစေခြင်း​နှင့် စိတ်သစ်​လူသစ်​ဖြစ်စေခြင်း​အားဖြင့် ကယ်တင်တော်မူ၏။


နူးညံ့သိမ်မွေ့ခြင်း၊ တည်ငြိမ်ခြင်း​ဖြစ်သည့် မပျက်စီးနိုင်သော​အတွင်းစိတ်​အလှတရားများ​ဖြင့်သာ အလှဆင်ကြလော့။ ဤ​အရာ​သည် ဘုရားသခင်​ရှေ့တော်​၌ အလွန်​အဖိုးတန်၏။


သင်တို့​သည် ခရစ်တော်​၏​တပည့်တော်များ​ဖြစ်​သောကြောင့် ကဲ့ရဲ့ခံရ​လျှင် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ ဘုန်းကြီးသော​ဝိညာဉ်တော်​သည် သင်တို့​၌ ကိန်းဝပ်တော်မူ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ