Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 6:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သင်တို့​၏ လူ့သဘာဝ​အားနည်းချက်​ကြောင့် ဤ​အကြောင်းအရာ​ကို သင်တို့​နားလည်​စေရန် ကျွန်ခံခြင်း​ဥပမာ​ကို ကျွန်ုပ်​အသုံးပြုရခြင်း​ဖြစ်၏။ ယခင်က သင်တို့​သည် စက်ဆုပ်​ညစ်ညမ်းခြင်း​နှင့် တရားမဲ့ခြင်းတို့​၏​ကျွန်​အဖြစ် မိမိတို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဆက်သ​၍ ပိုမို​ကြီးလေးသော​အပြစ်​ကို ကျူးလွန်ကြ၏။ ယခု​တွင်မူ သင်တို့​သည် သန့်ရှင်းသောသူများ​ဖြစ်လာကြ​စေရန် ဖြောင့်မတ်ခြင်းတရား​၏​ကျွန်​အဖြစ် အပ်နှံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 (သင်​တို့​၏​ဇာ​တိ​သ​ဘော​အ​ရ​အား​နည်း​မှု ကြောင့် လူ​တို့​နား​လည်​နိုင်​သော​ဝေါ​ဟာ​ရ​ကို ငါ​သုံး​ခြင်း​ဖြစ်​သည်။) အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဆိုး​ယုတ်​မှု​အ​မျိုး​မျိုး​ကို​ပြု ကျင့်​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​ဆိုး​ယုတ် မှု​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ​အပ်​နှံ ခဲ့​ကြ​၏။ ထို​နည်း​တူ​စွာ​သင်​တို့​သည်​ယ​ခု အ​ခါ​၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​မှု​ကို ပြု​ကျင့်​နိုင်​ရန် မိ​မိ​တို့​၏​ကိုယ်​ကို​ဖြောင့်​မတ် ခြင်း​တ​ရား​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ အပ်​နှံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဇာ တိ သ ဘော အ လိုက် သင် တို့ အား နည်း သော ကြောင့် လူ့ စ ရိုက် အ တိုင်း ငါ ဆို ရ လျှင် သင် တို့ သည် ကိုယ် အင်္ဂါ များ ကို ဒု စ ရိုက် အ လို့ ငှါ ညစ် ညှူး ခြင်း၊ မ တ ရား ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ဖူး ကြ သ ကဲ့ သို့ ပင် ယ ခု မှာ၊ သန့် ရှင်း ခြင်း အ လို့ ငှါ ဖြောင့် မတ် ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ဉာဏ်​နည်း​သော​ကြောင့်၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ဆို​သ​တည်း။ သင်​တို့​သည် မိ​မိ​တို့ ကိုယ်​အင်္ဂါ​များ​ကို အ​ဓ​မ္မ​အ​လို​ငှာ ညစ်​ညူး​ခြင်း​တ​ရား၊ အ​ဓ​မ္မ​တ​ရား၌သွင်း၍ ကျွန်​ခံ​စေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 6:19
19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။


ယုံကြည်ခြင်း​အားကြီးသော ကျွန်ုပ်တို့​သည် မိမိတို့​စိတ်ကြိုက်​မပြုမူဘဲ အားနည်းသော​သူတို့​၏ အားနည်းချက်များ​ကို ထောက်ထား​ညှာတာ​ရမည်။


သို့သော်လည်း ကျွန်ုပ်တို့​၏ မတရားမှု​သည် ဘုရားသခင်​၏ ဖြောင့်မတ်ခြင်း​ကို ပေါ်လွင်​ထင်ရှားစေ​လျှင် မည်သို့​ဆိုမည်နည်း။ ကျွန်ုပ်တို့​အပေါ် အမျက်တော်​ကျရောက်စေတော်မူသော ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင်​ဖြစ်သလော။ ဤ​အရာ​ကို လူသား​တစ်ယောက်​အနေဖြင့် ကျွန်ုပ်​ပြောဆိုခြင်း​ဖြစ်၏။


သင်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဒုစရိုက်​လက်နက်​အဖြစ် အပြစ်တရား​အား မဆက်သကြနှင့်။ ထိုသို့​ပြုမည့်​အစား သင်တို့​သည် သေရာ​မှ ပြန်ရှင်လာသော​သူများ​ဖြစ်ကြ​သောကြောင့် မိမိ​ကိုယ်​မိမိ ဘုရားသခင်​ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ဖြောင့်မတ်​စွာ လုပ်ဆောင်နိုင်မည့်​လက်နက်​အဖြစ် ဆက်သကြလော့။


သို့သော်လည်း ကျွန်ုပ်​၏​စိတ်​က နှစ်သက်သော​သဘောတရား​နှင့် ဆန့်ကျင်​တိုက်ခိုက်နေသည့် အခြား​သဘောတရား​တစ်ခု​သည် ကျွန်ုပ်​အတွင်း​၌ ရှိနေ၏။ ထို​သဘောတရား​က ကျွန်ုပ်​အတွင်း​၌ ကိန်းအောင်း​လျက် ရှိနေသေးသော အပြစ်တရား​၏​လက်အောက်​သို့ ကျရောက်စေသည်​ကို ကျွန်ုပ်​မြင်ရ၏။


ထို​ကဲ့သို့​ပင် သန့်ရှင်းသော​ဝိညာဉ်တော်​သည် ကျွန်ုပ်တို့​အားနည်းသော​အရာ​၌ ကူညီ​မစတော်မူ၏။ ဥပမာ ဘုရားသခင်​သည် ကျွန်ုပ်တို့​အား မည်သည့်​ဆု​ကို တောင်းစေလိုသည်​ကို ကျွန်ုပ်တို့​မသိ။ ထိုအခါ သန့်ရှင်းသော​ဝိညာဉ်တော်​သည် ဖော်ပြ​၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသော​စကားတို့​ဖြင့် ကျွန်ုပ်တို့​အတွက် ကိုယ်စားပြု​ဆုတောင်းပေးတော်မူ၏။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


သင်တို့​ထဲမှ တချို့​သည် ယခင်​က ထိုကဲ့သို့သော​သူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခု​တွင် သခင်​ယေရှု​ခရစ်တော်​နှင့် ကျွန်ုပ်တို့​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူ​အဖြစ် သတ်မှတ်​ခံရကြပြီ။


ကျွန်ုပ်​သည် ဤ​အရာများ​ကို လူ့​အမြင်​ဖြင့်သာ ပြောနေသလော။ ပညတ်တရား​သည်လည်း ဤ​အတိုင်း​ပင် ဖော်ပြထားသည်​မဟုတ်လော။


ညီအစ်ကို​မောင်နှမတို့… နေ့စဉ်​ဘဝ​ထဲမှ ဥပမာ​တစ်ခု​ကို ကျွန်ုပ်​ပေးမည်။ လူတို့​ချုပ်ဆိုသော စာချုပ်​ပင်လျှင် အတည်ပြု​ပြီး​သောအခါ မည်သူ​ကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။


မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​သည် ကျွန်ုပ်တို့​၏ အားနည်းချက်များ​ကို မစာနာမထောက်ထားနိုင်​သူ မဟုတ်။ ကိုယ်တော်​သည် ကျွန်ုပ်တို့​နည်းတူ ဖြားယောင်း​သွေးဆောင်မှု​အမျိုးမျိုး​ကို တွေ့ကြုံခဲ့သော​အရှင်​ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်​သည် အပြစ်​နှင့်​ကင်းလွတ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ