ရောမ 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။ အခန်းကိုကြည့်ပါ။Common Language Bible4 သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 သို့ မ ဟုတ် ဘု ရား သ ခင်၏ မေ တ္တာ ကျေး ဇူး တော် သည် သင့် ကို နောင် တ ရ စေ ရန် ပို့ ဆောင် ကြောင်း မ သိ မ မှတ် ဘဲ ကိုယ် တော်၌ ကြွယ် ဝ သော က ရု ဏာ ရှိ ခြင်း၊ သည်း ခံ ခြင်း၊ စိတ် ရှည် ခြင်း များ ကို မ ထီ လေး စား ပြု သ လော။ အခန်းကိုကြည့်ပါ။Judson Bible4 ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ဘုရားသခင်သည် မည်မျှကျေးဇူးပြုတော်မူတတ်ကြောင်းနှင့် မည်မျှပြင်းထန်စွာ စီရင်တော်မူတတ်ကြောင်းကို သိမှတ်ကြလော့။ မနာခံသောသူတို့အပေါ် ပြင်းထန်စွာ စီရင်တော်မူ၏။ သို့သော် သင်သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ဆက်၍ ယုံကြည်လျှင် သင့်အပေါ် ကျေးဇူးပြုတော်မူလိမ့်မည်။ ဆက်၍ မယုံကြည်လျှင်မူ သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
ဘုရားသခင်သည် ယေရှုခရစ်တော်အား အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ ယေရှုအသွေးသွန်း၍ အသေခံတော်မူခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်သည် ခရစ်တော်ကို ယဇ်အဖြစ် သတ်မှတ်တော်မူရခြင်းမှာ မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန်ဖြစ်၏။ ထိုသို့ ဘုရားသခင်သည် သည်းခံတော်မူ၍ လူတို့ကျူးလွန်ခဲ့သောအပြစ်များကို ပြစ်ဒဏ်မပေးဘဲနေတော်မူ၏။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။