သို့ရာတွင် လယ်လုပ်သားများ အိပ်ပျော်နေစဉ် ရန်သူသည် လာ၍ ပေါင်းမျိုးစေ့များကို ဂျုံစေ့များကြားတွင် ကြဲပြီးနောက် ထွက်ခွာသွား၏။
ယုဒ 1:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။ Garrad Bible အ သို့ ဆို သော် ရှေး ဟောင်း ကျမ်း ချက် အ ရ သင့် လ တ္တံ့ သော စီ ရင် ဒဏ် ခံ ရ မည့် ဘု ရား တ ရား မဲ့ သူ အ ချို့ တို့ သည် လျှို့ တ ဝှက် ဝင် လာ၍ ငါ တို့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ကာ မ ဂုဏ် လိုက် စား ခြင်း အ ကြောင်း ဖြစ် စေ လျက် တစ် ပါး တည်း သော ငါ တို့ အ ရှင် သ ခင် ယေ ရှု ခ ရစ် ကို ငြင်း ဆို ကြ လေ စွ။ Judson Bible အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။ |
သို့ရာတွင် လယ်လုပ်သားများ အိပ်ပျော်နေစဉ် ရန်သူသည် လာ၍ ပေါင်းမျိုးစေ့များကို ဂျုံစေ့များကြားတွင် ကြဲပြီးနောက် ထွက်ခွာသွား၏။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားများကို မစောင့်ရှောက်သူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သဖြင့် မယုံကြည်သူများထက် ပို၍ ဆိုး၏။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ တချို့သည် အိမ်များသို့ လှည့်စားဝင်ရောက်၍ အညှာလွယ်သောအမျိုးသမီးတို့ကို အလွယ်တကူ သိမ်းသွင်းတတ်ကြ၏။ ထိုအမျိုးသမီးတို့သည် အပြစ်ဝန်ပိနေပြီး တပ်မက်မှုအမျိုးမျိုး၏ ဆွဲဆောင်ရာနောက်သို့ လိုက်သူများဖြစ်၏။
လွတ်လပ်သူများအဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှုပြုရန် ထိုလွတ်လပ်မှုကို ဆင်ခြေအဖြစ် အသုံးမချဘဲ ဘုရားသခင်၏ကျွန်အဖြစ် ပြုမူနေထိုင်ကြလော့။
ထို့အပြင် ကျမ်းစာ၌ “၎င်းသည် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်၊ တိုက်မိ၍လဲစရာဖြစ်သောကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့သည် နှုတ်ကပတ်တော်ကို မနာခံသောကြောင့် ထိမိ၍လဲကြ၏။ ဤထိမိ၍လဲခြင်းသည် သူတို့အတွက် ကြိုတင်သတ်မှတ်ထားသောအရာဖြစ်၏။
ထို့ပြင် ကျမ်းစာ၌ “ဖြောင့်မတ်သောသူပင် ကယ်တင်ခံရရန် ခက်ခဲလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်သားတို့သည် မည်သို့ဖြစ်မည်နည်း” ဟု ဖော်ပြထား၏။
အထူးသဖြင့် ညစ်ညမ်းသောအရာကို တပ်မက်သည့် လူ့ဗီဇစိတ်နောက်သို့ လိုက်သွားသူများနှင့် ဘုရားသခင်၏ အုပ်စိုးခြင်းကို မထီမဲ့မြင်ပြုသူများအား ထိုသို့အပြစ်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများဖြစ်ပြီး ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုဝံ့ကြ၏။
သို့ရာတွင် ဘုရားသခင်သည် တရားမဲ့သောသူတို့၏ ကာမဂုဏ်လိုက်စားသော ပြုမူနေထိုင်ပုံတို့ကြောင့် စိတ်ဆင်းရဲနေရသည့် ဖြောင့်မတ်သူ လောတကို ကယ်တင်တော်မူ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
မည်သူသည် လိမ်လည်သူဖြစ်သနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သူသည် လိမ်လည်သူဖြစ်၏။ ထိုသို့သောသူသည် ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သူဖြစ်၍ ခရစ်တော်၏ရန်သူဖြစ်၏။
လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။