Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့အပြင် ကျမ်းစာ​၌ “၎င်း​သည် ဆူးငြောင့်ခလုတ်​ဖြစ်သော​ကျောက်၊ တိုက်မိ​၍​လဲစရာ​ဖြစ်သော​ကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့​သည် နှုတ်ကပတ်တော်​ကို မနာခံ​သောကြောင့် ထိမိ​၍​လဲကြ၏။ ဤ​ထိမိ​၍​လဲခြင်း​သည် သူတို့​အတွက် ကြိုတင်​သတ်မှတ်ထားသော​အရာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အ​ခြား​ကျမ်း​တစ်​ပုဒ်​တွင်၊ ``ထို​ကျောက်​သည်​လူ​တို့​အား​ခ​လုတ်​ထိ​စေ​၍ ပြို​လဲ​စေ​သော​ကျောက်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ သူ​တို့​သည်​နှုတ်​က​ပတ်​တော် ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့်​ခ​လုတ်​ထိ​ရ​ကြ​၏။ ဤ​ကား​ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ပင်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 တိုက် လဲ ရာ ကျောက် ထိ လဲ ရာ ကျောက် ဖြစ် သည် ဟူ သော ကျမ်း ချက် အ ရ မ ယုံ ကြည် သူ တို့၌ ဖြစ် ၏။ နား မ ထောင် ကြ သော ကြောင့် တ ရား တော် ကို တိုက် လဲ ရန် ခန့် ထား တော် မူ သည့် အ တိုင်း ထို သူ တို့ လဲ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 “​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:8
16 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှိမောင်​သည် သူတို့​ကို ကောင်းချီးပေး​၍ မိခင်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေးလူမျိုး​ထဲမှ လူ​များစွာ​ကို လဲ​စေရန်​သော်လည်းကောင်း၊ များစွာ​ကို ထ​စေရန်​သော်လည်းကောင်း ခန့်အပ်ခြင်း​ခံရသော​သူ​ဖြစ်၏။ ဆန့်ကျင်ခြင်း​ခံရမည့် နိမိတ်​လက္ခဏာ​အဖြစ် စေလွှတ်ခံရသော​သူလည်း​ဖြစ်၏။


ထို​နည်းတူ ဘုရားသခင်​သည် မိမိ​၏ အမျက်တော်​နှင့် တန်ခိုးတော်​တို့ကို ပြပိုင်ခွင့်​ရှိ၏။ သို့သော်လည်း ဘုရားသခင်​သည် မိမိ​၏ အမျက်တော်​သင့်​၍ ဖျက်ဆီး​ခံရမည့်သူများ​အပေါ် အလွန်​သည်းခံတော်မူ၏။


သို့ရာတွင် ကျွန်ုပ်တို့​သည် လက်ဝါးကပ်တိုင်​တွင် ခရစ်တော်​အသေခံသည့်​အကြောင်း​ကို ဟောပြောကြ၏။ ထို​အကြောင်းအရာ​သည် ဂျူးလူမျိုးတို့​အတွက် ဆူးငြောင့်ခလုတ်​ဖြစ်​ပြီး လူမျိုးခြားတို့​အတွက် အဓိပ္ပာယ်​မဲ့သော​အရာ ဖြစ်၏။


ကျွန်ုပ်တို့​သည် ဖျက်ဆီးခြင်း​ခံရသောသူတို့​အတွက် သေစေတတ်သော သေခြင်းတရား​၏​ရနံ့​ဖြစ်ပြီး ကယ်တင်ခြင်း​ခံရသော​သူများ​အတွက်​မှာမူ အသက်​ရှင်စေတတ်သော အသက်ရှင်ခြင်း​၏​ရနံ့​ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ​ကဲ့သို့သော တာဝန်​ကို မည်သူ​ထမ်းဆောင်​နိုင်မည်နည်း။


ညီအစ်ကို​မောင်နှမတို့… အရေပြားလှီးခြင်း​မင်္ဂလာ​တရား လိုအပ်ကြောင်း​ကို ကျွန်ုပ်​ဟောပြောနေ​သေး​လျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရ​သေးသနည်း။ ထိုသို့ ဟောပြောသည်​မှန်​လျှင် ကျွန်ုပ်​ဟောပြောသည့် လက်ဝါးကပ်တိုင်​၌ ခရစ်တော်​အသေခံခြင်း​အကြောင်း​သည် အနှောင့်အယှက် ဖြစ်တော့မည်​မဟုတ်ပေ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အမျက်တော်​ခံရ​စေရန် သတ်မှတ်ထားတော်မူသည်​မဟုတ်။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် လုပ်ဆောင်သော​အမှု​ဖြင့် ကယ်တင်ခံရ​စေရန် သတ်မှတ်ထားတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “ကြည့်ရှုလော့။ ရွေးချယ်ထားသည့် အဖိုးတန်သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်မြို့​၌ ငါ​ချထားမည်။ ကိုယ်တော်​ကို ယုံကြည်သောသူ​သည် မည်သည့်​အခါမျှ အရှက်ရမည်​မဟုတ်” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် ယုံကြည်သော​သင်တို့​အတွက် ဤ​ကျောက်​သည် ဂုဏ်သရေ​ရှိ၏။ မယုံကြည်သော​သူတို့​အတွက်​မှာမူ “တိုက်ဆောက်သူတို့​ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက်​ဖြစ်လာ၏” ဟု ဆို၏။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူ​တချို့​သည် သင်တို့​ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြ​သောကြောင့်​ဖြစ်၏။ ထို​သူတို့​မှာ ပြစ်ဒဏ်စီရင်​ခံရမည်​ဟု ရှေးယခင်​ကတည်းက သတ်မှတ်ထားခြင်း​ခံရသူများ​ဖြစ်ကြ၏။ သူတို့​သည် ကျွန်ုပ်တို့​ဘုရားသခင်​၏ ကျေးဇူးတော်​ကို ကာမဂုဏ်​လိုက်စားခြင်း​အတွက် အခွင့်အရေး​အဖြစ် အလွဲသုံးစား​လုပ်​၍ ကျွန်ုပ်တို့​၏​တစ်ပါးတည်းသော​အရှင်၊ သခင် ယေရှု​ခရစ်တော်​ကို ငြင်းပယ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ