၂ ပေ 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သို့ရာတွင် ဘုရားသခင်သည် တရားမဲ့သောသူတို့၏ ကာမဂုဏ်လိုက်စားသော ပြုမူနေထိုင်ပုံတို့ကြောင့် စိတ်ဆင်းရဲနေရသည့် ဖြောင့်မတ်သူ လောတကို ကယ်တင်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 သို့ရာတွင်ဆိုးယုတ်သူတို့၏မသမာသော အကျင့်အကြံများကြောင့်အလွန်စိတ်ပျက် လျက်နေသူ သူတော်ကောင်းလောတကိုမူ ကားကိုယ်တော်သည်မီးဘေးမှကယ်ဆယ် တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible7-8 ချင်း တို့ ဘောင် တွင် နေ ထိုင်၍ မ တ ရား မှု များ ကို ကြား မြင် ရ သ ဖြင့် နေ့ စဉ် မ ပြတ် ဖြောင့် မတ် သော စိတ် ကို ညှဥ်း ပန်း သည့် အ လျောက် တ ရား လွတ် သူ တို့ ကာ မ လိုက် စား မှု များ ကြောင့် ညှိုး ငယ် သော သူ တော် ကောင်း လော တ ကို ကယ် နုတ် တော် မူ လျှင် လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible7 ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ယှက်ခြင်းကို ခံရသောသူ၊ ဖြောင့်မတ်သော လောတကို ကယ်နုတ်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထိုအခါ စောင့်စည်းမှုမရှိသောသူတို့၏ကာမဂုဏ်လိုက်စားသောအသက်ရှင်နေထိုင်မှုကြောင့် နှောင့်ယှက်ခြင်းခံရသည့် ဖြောင့်မတ်သောလောတကို ကယ်နုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။