Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယု​ဒ 1:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 လူ​အပေါင်းတို့​ကို တရားစီရင်တော်မူ​လိမ့်မည်။ ဘုရားတရားမဲ့သော​သူတို့​၏ ဘုရားတရားမဲ့သော​အပြုအမူ​တိုင်း​အတွက်​လည်းကောင်း၊ ဘုရားတရားမဲ့သော​အပြစ်သားတို့​သည် ဘုရားသခင်​ကို ပြစ်မှား​၍ ကြမ်းတမ်း​စွာ ပြောဆိုခြင်း​အတွက်​လည်းကောင်း ပြစ်ဒဏ်​စီရင်တော်မူ​ရန်​ဖြစ်သည်” ဟူ၍ ပရောဖက်ပြု​ဟောပြောခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 တစ်​ကမ္ဘာ​လုံး​ကို​တ​ရား​စီ​ရင်​တော်​မူ​လိမ့် မည်။ လူ​အ​ပေါင်း​တို့​အား မိ​မိ​တို့​၏​ဆိုး​သွမ်း ယုတ်​မာ​မှု​များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရား မဲ့​အ​ပြစ်​သား​တို့​ဘု​ရား​သ​ခင်​အား ရိုင်း​ပြ စွာ​ပြစ်​မှား​ပြော​ဆို​ကြ​သည့်​စ​ကား​များ အ​တွက်​လည်း​ကောင်း အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​လိမ့်​မည်'' ဟု​ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို တင်​ဟော​ပြော​ခဲ့​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဤသည်ကား လူ​အပေါင်း​တို့​ကို​တရား​စီရင်​ရန်​နှင့် ဘုရား​တရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူတို့​၏​ဘုရား​တရား​မဲ့​ခြင်း​အမှု​အလုံးစုံ​အတွက်​လည်းကောင်း၊ ဘုရား​တရား​မဲ့​သော​အပြစ်သား​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​ပြောဆို​သည့် ပြင်းထန်​သော​စကား​အလုံးစုံ​အတွက်​လည်းကောင်း သူ​တို့​အားလုံး​၏​အပြစ်​ကို​ဖော်ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယု​ဒ 1:15
35 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် သားတော်​သည် လူသား​ဖြစ်သောကြောင့် ခမည်းတော်​သည် တရားစီရင်ပိုင်ခွင့်​ကိုလည်း သားတော်​အား ပေးအပ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ခန့်အပ်သော အရှင်​အားဖြင့် လောက​ကို မှန်ကန်​စွာ တရားစီရင်​ရန် နေ့​တစ်နေ့​ကို သတ်မှတ်ထား​တော်မူ​သောကြောင့်​ဖြစ်၏။ ထို​အရှင်​ကိုလည်း သေရာ​မှ ထမြောက်စေတော်မူခြင်း​ဖြင့် ထိုသို့​ဖြစ်မည့်​အကြောင်း​ကို ကျွန်ုပ်တို့​အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။


သို့ဖြစ်၍ သင်​သည် သင်တို့​၏ ညီအစ်ကို​မောင်နှမများ​ကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့​အား အဘယ်ကြောင့် မထီမဲ့မြင်​ပြုသနည်း။ ဘုရားသခင်​၏ တရားခွင်​ရှေ့၌ ကျွန်ုပ်တို့​အားလုံး ရောက်ကြ​ရမည်​ဖြစ်၏။


ကျွန်ုပ်​ဟောပြောသော သတင်းကောင်း​အရ လူအပေါင်းတို့​၏ လျှို့ဝှက်သော​အကြံအစည်တို့​ကို ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​စီရင်တော်မူသော​နေ့​၌ အထက်​တွင် ဖော်ပြသည့်​အတိုင်း ဖြစ်ပျက်​လိမ့်မည်။


ထိုသို့ သင်​သည် ခေါင်းမာ​၍ နောင်တရသော​စိတ်​မရှိ။ ထို့ကြောင့် ဘုရားသခင်​၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်​အချိန်​ဖြစ်သည့် အမျက်တော်​နေ့​တွင် ပို၍​ကြီးလေးသော​ပြစ်ဒဏ်​ကို သင်​ခံရ​လိမ့်မည်။


ထို့ကြောင့် သခင်ဘုရား ပြန်လည်​ကြွလာတော်မမူ​မီ မည်သူ့​ကိုမျှ ကြိုတင်​၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်​၌ ဝှက်ထားသော​အရာများ​ကို ကိုယ်တော်​သည် အလင်း​သို့ ယူလာ​၍ ကျွန်ုပ်တို့​၏ အတွင်း​စိတ် အကြံအစည်များ​ကို ဖော်ထုတ်မည်​ဖြစ်​သောကြောင့်​ဖြစ်၏။ ထို့နောက်​တွင်မူ ဘုရားသခင်​သည် လူ​အသီးသီးတို့​ကို ချီးမွမ်းတော်မူ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် ဖြောင့်မတ်သူတို့​အတွက် ချမှတ်ထားသည်​မဟုတ်ဘဲ ပညတ်တရား​ကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရား​မကိုင်းရှိုင်းသူများ၊ မိဘ​ကို သတ်သူများ၊ လူသတ်သမားများ၊


ထို​သူတို့​သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့​၏ တပ်မက်မှု​အတိုင်း ပြုမူတတ်သူ၊ ချဲ့ကား​ကြွားဝါ​ပြောတတ်သူ၊ ကိုယ်ကျိုး​အတွက် သူတစ်ပါး​ကို မြှောက်ပင့်တတ်သူတို့​ဖြစ်ကြ၏။


ထို့နောက် မြေကြီး​ထဲမှ ထွက်လာသော အခြား​သားရဲ​တစ်ကောင်​ကို ကျွန်ုပ်​မြင်ရပြန်၏။ ထို​သားရဲ​သည် သိုးသငယ်​၏​ဦးချို​နှင့်​တူသော ဦးချို​နှစ်ချောင်း ပါရှိ​ပြီး နဂါး​ကဲ့သို့ စကားပြော၏။


ဤ​အကြောင်းအရာများ​ကို သက်သေခံတော်မူသော​အရှင်​က “ဧကန်​အမှန်​ပင် ငါ​သည် မကြာမီ​လာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်​ယေရှု… ကြွလာတော်မူပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ