ထို့နောက် လူတို့သည် မျက်စိမမြင်၊ စကားဆွံ့အသောနတ်ဆိုးပူးသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုက ထိုသူအား ကုသတော်မူသဖြင့် စကားပြန်ပြောနိုင်လာပြီး မျက်စိလည်း ပြန်မြင်လေ၏။
မဿဲ 4:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။ Common Language Bible ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။- Garrad Bible ကိုယ် တော့် အ ကြောင်း သ တင်း သည် ရှု ရိ ပြည် လုံး နှံ့ ကြေ ငြာ သ ဖြင့် နတ် ဆိုး ပူး သူ၊ ဝက် ရူး စွဲ သူ၊ သွက် ချာ ပါ ဒ ရောက် သူ တို့ နှင့် တ ကွ ရော ဂါ ဝေ ဒ နာ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် ကျန်း မာ စေ တော် မူ ၏။ Judson Bible သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။ မြန်မာ သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။ |
ထို့နောက် လူတို့သည် မျက်စိမမြင်၊ စကားဆွံ့အသောနတ်ဆိုးပူးသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုက ထိုသူအား ကုသတော်မူသဖြင့် စကားပြန်ပြောနိုင်လာပြီး မျက်စိလည်း ပြန်မြင်လေ၏။
ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
“သခင်… အကျွန်ုပ်၏သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါစွဲကပ်၍ ဝေဒနာပြင်းထန်စွာ ခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏကျတတ်ပါ၏။
ထို့နောက် ယေရှုသည် နတ်ဆိုးကို ဆုံးမသဖြင့် နတ်ဆိုးသည် သူငယ်အထဲမှ ထွက်သွား၏။ ထိုခဏချင်းတွင် သူငယ်သည် ကျန်းမာလာ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
အိုင်တစ်ဖက်ကမ်းရှိ ဂါရစဒေသသို့ ကြွသောအခါ နတ်ဆိုးပူးသူနှစ်ဦးတို့သည် သင်္ချိုင်းဂူများအကြားမှ ထွက်လာ၍ ယေရှုနှင့် တွေ့ဆုံကြ၏။ ထိုသူတို့သည် အလွန်ဆိုးသွမ်းသဖြင့် မည်သူမျှ ထိုသင်္ချိုင်းလမ်းကို ဖြတ်မသွားနိုင်ကြပေ။
ဝက်ကျောင်းသောသူတို့သည် မြို့သို့ ထွက်ပြေး၍ လူအပေါင်းတို့ကို ထိုနတ်ဆိုးပူးခံရသောသူတို့၌ ဖြစ်ပျက်ခဲ့သမျှအကြောင်းကို ပြောပြကြ၏။
“သခင်… အကျွန်ုပ်၏ အစေခံတစ်ယောက်သည် လေဖြတ်၍ ဝေဒနာပြင်းစွာ ခံစားလျက် အိပ်ရာတွင် လဲနေရပါသည်” ဟု လျှောက်လေ၏။
ထို့နောက် ယေရှုသည် ထိုဒေသ၏ ရှိသမျှမြို့ရွာများသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ထို့နောက် ကိုယ်တော်၏သတင်းတော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
နေဝင်၍ ညချမ်းအချိန်ရောက်သော် လူတို့သည် မကျန်းမာသူများနှင့် နတ်ဆိုးပူးသူများကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။
ထိုအခါ လူလေးဦးသည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ဖြင့်ထမ်း၍ ကိုယ်တော်ထံသို့ သယ်ဆောင်လာကြ၏။
သို့သော်လည်း လူထုပရိသတ်ရှိနေသဖြင့် သူတို့သည် ကိုယ်တော်ထံသို့ မချဉ်းကပ်နိုင်ကြပေ။ ထို့ကြောင့် ကိုယ်တော်ရှိသည့်နေရာအထက်မှ အမိုးကို ခွာ၍ လူနာကို ထမ်းစင်နှင့်တကွ ရှေ့တော်သို့ ကြိုးဖြင့် လျှောချကြ၏။
ဤလေဖြတ်သူအား ‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ သင့်ထမ်းစင်ကို ယူလျက် လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍လွယ်ကူသလော။
ဤသို့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် ဆီးရီးယားပြည်၊ ဘုရင်ခံကုရေနိမင်းလက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်၏။
ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။
ယေရှုသည် ဝတ်ပြုဆောင်မှ ထွက်ခွာ၍ ရှိမုန်၏အိမ်သို့ ကြွလေ၏။ ရှိမုန်၏ယောက္ခမသည် အပြင်းဖျားလျက်ရှိသောကြောင့် ကုသပေးရန် လူတို့က ကိုယ်တော်အား လျှောက်ကြ၏။
သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပို၍ပျံ့နှံ့သွားသဖြင့် လူအုပ်ကြီးသည် ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့် မိမိတို့၏အနာရောဂါများကို ကုသခံရန် စုဝေးလာကြ၏။
သို့သော် လူသားသည် ဤလောကတွင် အပြစ်လွှတ်ပိုင်သောအခွင့်အာဏာရှိသည်ကို သင်တို့အား ငါသက်သေပြမည်” ဟု ဆိုကာ လေဖြတ်သူအား “သင့်အား ငါဆို၏။ ထလော့။ သင့်ထမ်းစင်ကိုယူ၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
အခြားသူများက “သူ၏ စကားတို့သည် နတ်ဆိုးပူးသောသူ၏ စကားများနှင့် မတူပါ။ နတ်ဆိုးသည် မျက်မမြင်တို့ကို မြင်စေနိုင်မည်လော” ဟု ပြောဆိုကြ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
ထိုသူတို့နှင့်အတူ ပေးလိုက်သောစာတွင် သင်တို့၏ညီအစ်ကိုများဖြစ်သည့် တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားယုံကြည်သူများအား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ပေါလုသည် ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်တို့ကို ဖြတ်သွား၍ အသင်းတော်များကို ကြံ့ခိုင်စေ၏။
ဤသို့ဖြစ်ပြီးနောက် ကျွန်းပေါ်ရှိ အခြားဖျားနာသောသူတို့သည်လည်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို ကျန်းမာစေ၏။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးပူးခံရသူများစွာအထဲမှ နတ်ဆိုးတို့သည် ကျယ်လောင်စွာအော်ဟစ်၍ ထွက်သွားကြသောကြောင့်ဖြစ်၏။ လေဖြတ်သောသူများနှင့် ခြေမသန်သောသူများသည်လည်း အကောင်းပကတိအတိုင်း ဖြစ်လာကြ၏။