Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 12:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို့နောက် လူတို့​သည် မျက်စိ​မမြင်၊ စကား​ဆွံ့အသော​နတ်ဆိုးပူးသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု​က ထို​သူ​အား ကုသတော်မူ​သဖြင့် စကား​ပြန်ပြောနိုင်လာ​ပြီး မျက်စိ​လည်း ပြန်မြင်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သ​ဖြင့်​မျက်​စိ​မ​မြင်၊ ဆွံ့​အ နေ​သူ​လူ​တစ်​ယောက်​ကို လူ​အ​ချို့​တို့​သည်​အ​ထံ တော်​သို့​ခေါ်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​သ​ဖြင့် ထို​သူ​သည်​မျက်​စိ​မြင် လာ​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထို နောက် နတ် ပူး၍ ကန်း လျက် အ လျက် ရှိ သူ တစ် ယောက် ကို ကိုယ် တော့် ထံ ခေါ် ခဲ့ ကြ သည် နှင့် ကျန်း မာ စေ တော် မူ သ ဖြင့် ထို သူ မျက် စိ မြင်၍ စ ကား ပြော သော်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့နောက် လူ​တို့​သည် နတ်ဆိုး​ပူး​သည့် မျက်မမြင်​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​ရာ ကိုယ်တော်​သည် ထို​သူ​ကို​ကျန်းမာ​စေ​တော်မူ​သဖြင့် ထို​ဆွံ့အ​သော​သူ​သည် စကား​ပြော​နိုင်​ပြီး မျက်စိ​လည်း​မြင်​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

22 ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:22
12 ပူးပေါင်းရင်းမြစ်များ  

သူတို့​အား​အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်မာရ်နတ်​၏​လက်အောက်​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲလာ​စေရန် သင်​သည် ထို​သူတို့​၏​မျက်စိများ​ကို ဖွင့်ပေး​ရမည်။ သို့မှသာ သူတို့​သည် အပြစ်များ​အတွက်​ခွင့်လွှတ်ခြင်း​ကို ခံစားရမည်။ ထို့ပြင် ငါ့​ကို​ယုံကြည်ကြ​သဖြင့် ဘုရားသခင်​သန့်ရှင်းစေတော်မူသော​လူစု​ထဲတွင် ပါဝင်ရ​လိမ့်မည်’ ဟု မိန့်တော်မူ၏။


နတ်ဆိုးပူးသော သူတို့​သည် ကိုယ်တော်​ကို တွေ့မြင်သည့် အခါတိုင်း ရှေ့တော်​၌ ဝပ်တွားခယ​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်ပါ၏” ဟု ဟစ်အော်ကြ၏။


ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


ထို​တရားမဲ့သူ​သည် စာတန်​ထံက တန်ခိုး​ကို ရ​၍ စာတန်​၏ အလုပ်​ကို လုပ်ဆောင်​ရန် ရောက်လာ​သောအခါ အတုအယောင်​တန်ခိုး၊ အံ့ဖွယ်​ဖြစ်ရပ်​နှင့် နိမိတ်​လက္ခဏာများ​ကို ပြလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ