Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ဤ​သတင်း​သည် ထို​နယ်​တစ်ခွင်လုံး​သို့ ပျံ့နှံ့သွားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ထို သ တင်း လည်း ပြည် လုံး နှံ့ ကြေ ငြာ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​သ​တင်း​စ​ကား​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ဤ​သတင်း​သည်​လည်း ထို​နယ်​တစ်နယ်လုံး​သို့ ပျံ့နှံ့​သွား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

26 ထို​သ​တင်း​စ​ကား​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:26
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


သို့သော်လည်း သူတို့​သည် ထွက်သွား​၍ ယေရှု​၏​သတင်းတော်​ကို ထို​နယ်​တစ်ခွင်လုံး​၌ ပျံ့နှံ့စေကြ၏။


ထို့နောက် ကိုယ်တော်​၏​သတင်းတော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လျင်မြန်​စွာ ပျံ့နှံ့သွားလေ၏။


သို့သော်လည်း ထို​သူ​သည် သွား​၍ ထို​သတင်း​ကို နေရာအနှံ့​ပြော​လျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှု​သည် မြို့​ထဲသို့ ထင်ရှား​စွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသော​အရပ်တို့​တွင်သာ နေတော်မူ၏။ ထိုအခါ နေရာ​အသီးသီး​မှ လူတို့​သည် ကိုယ်တော်​ထံသို့ ရောက်လာကြ၏။


ယေရှု​၏ သတင်းတော်​သည် ကျော်ကြားလာ​သဖြင့် ဟေရုဒ်မင်း​ကြားလေ၏။ လူ​တချို့​က “ဤ​သူ​သည် သေရာ​မှ​ပြန်ရှင်လာသော နှစ်ခြင်းဆရာ​ယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများ​ကို ပြနိုင်ခြင်း​ဖြစ်သည်” ဟု ပြောဆိုကြ၏။


ထို့နောက် ယေရှု​သည် ဝိညာဉ်တော်​တန်ခိုး​နှင့် ပြည့်ဝ​လျက်​ဂါလိလဲပြည်​သို့ ပြန်ကြွတော်မူ၏။ ယေရှု​၏​သတင်းတော်​သည်လည်း ထို​အရပ်ဒေသ​တစ်လျှောက်လုံး​တွင် ပျံ့နှံ့သွား၏။


ထို့နောက် ယေရှု​၏​သတင်းတော်​သည် ပတ်ဝန်းကျင်​အရပ်ရပ်​သို့ ပျံ့နှံ့သွားလေ၏။


သို့သော်လည်း ကိုယ်တော်​၏​သတင်းတော်​သည် ပို၍​ပျံ့နှံ့သွား​သဖြင့် လူအုပ်ကြီး​သည် ကိုယ်တော်​၏​တရားတော်​ကို ကြားနာရန်​နှင့် မိမိတို့​၏​အနာရောဂါများ​ကို ကုသခံ​ရန် စုဝေးလာကြ၏။


ထို​သတင်းတော်​သည် ယုဒပြည်​နှင့် ပတ်ဝန်းကျင် ဒေသ​အသီးသီး​သို့ ပျံ့နှံ့လေ၏။


ဤ​အကြောင်းအရာများ​ကို အဂြိပ္ပမင်းကြီး​သိရှိ​သောကြောင့် ထို​မင်း​ရှေ့​၌ အကျွန်ုပ်​သည်လည်း ရဲဝံ့​စွာ​လျှောက်ထားခြင်း​ဖြစ်ပါ၏။ ထို​အကြောင်းအရာတို့​သည် ဆိတ်ကွယ်ရာ​တွင် ဖြစ်ပျက်ခဲ့သည့်​ကိစ္စများ​မဟုတ်​သောကြောင့် အရှင်မင်းကြီး​မသိဘဲ​မနေပါ​ဟု အကျွန်ုပ်​ယုံကြည်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ