Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 4:24 - မြန်မာ

24 သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ကိုယ် တော့် အ ကြောင်း သ တင်း သည် ရှု ရိ ပြည် လုံး နှံ့ ကြေ ငြာ သ ဖြင့် နတ် ဆိုး ပူး သူ၊ ဝက် ရူး စွဲ သူ၊ သွက် ချာ ပါ ဒ ရောက် သူ တို့ နှင့် တ ကွ ရော ဂါ ဝေ ဒ နာ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် ကျန်း မာ စေ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 4:24
41 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။-


ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊-


ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။-


အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။-


ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


ကမ်း​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​နှစ်​ယောက်​တို့​သည် ထို​လမ်း​ကို အ​ဘယ်​သူ​မျှ မ​သွား​နိုင်​အောင် အ​လွန်​ကြမ်း​ကြုတ်​စွာ​ပြု​လျက်၊ သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊-


ဝက်​ကျောင်း​သော သူ​တို့​သည်​လည်း ပြေး၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ နတ်​ဆိုး​စွဲ​သော​သူ​တို့၏ အ​ကြောင်း​မှ​စ၍ ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​ကြ​သော်၊-


သ​ခင်၊ ကျွန်​တော်၏ ငယ်​သား​တစ်​ယောက်​သည် လက်​ခြေ​သေ​သည်​အ​နာ​နှင့် ပြင်း​စွာ​ခံ​ရ၍ အိမ်​တွင် တုံး​လုံး​နေ​ပါ​သည်​ဟု တောင်း​ပန်​လေ၏။-


ထို​သ​တင်း​စ​ကား​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။-


သ​တင်း​တော်​သည်​လည်း ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ်​တို့၌ ချက်​ချင်း နှံ့​ပြား​ကျော်​စော​လေ၏။


နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊-


ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို လူ​လေး​ယောက်​တို့​သည် ထမ်း၍ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။-


လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​သ​ဖြင့်၊ ကိုယ်​တော်​ရှိ​ရာ​အ​ပေါ်​မှာ အ​မိုး​ကို ဖောက်​ထွင်း​ပြီး​မှ လူ​နာ​နှင့်​တ​ကွ အိပ်​ရာ​ခု​တင်​ကို လျှော့​ချ​ကြ၏။-


လက်​ခြေ​သေ​သော​သူ​အား အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။-


ကု​ရေ​နိ​သည် ရှု​ရိ​ပြည်၌ မြို့​ဝန်​ဖြစ်​စဉ်​တွင်၊ ဤ​ပ​ထ​မ​စာ​ရင်း​ယူ​ခြင်း ဖြစ်​သ​တည်း။-


ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့် ဂါ​လိ​လဲ​ပြည်​သို့​ပြန်၍၊ သ​တင်း​တော်​သည် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၍၊-


တ​ရား​ဇ​ရပ်​မှ ထွက်​ပြီး​လျှင် ရှိ​မုန်​အိမ်​သို့​ကြွ​တော်​မူ၏။ ရှိ​မုန်၏ ယော​က္ခ​မ​သည် ပြင်း​စွာ​သော ဖျား​နာ​စွဲ​သည်​ဖြစ်၍ သူ့​အ​တွက် ကိုယ်​တော်​ကို တောင်း​လျှောက်​ကြ၏။-


သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။-


လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-


ထို​သ​တင်း​တော်​သည် ယု​ဒ​ပြည်​မှ​စ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။


အ​ချို့​တို့​က၊ သူ့​စ​ကား​သည် နတ်​ဆိုး​စွဲ​သော​သူ၏​စ​ကား မ​ဟုတ်။ နတ်​ဆိုး​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​ခြင်း​ငှာ တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ