Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 4:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ကိုယ် တော့် အ ကြောင်း သ တင်း သည် ရှု ရိ ပြည် လုံး နှံ့ ကြေ ငြာ သ ဖြင့် နတ် ဆိုး ပူး သူ၊ ဝက် ရူး စွဲ သူ၊ သွက် ချာ ပါ ဒ ရောက် သူ တို့ နှင့် တ ကွ ရော ဂါ ဝေ ဒ နာ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် ကျန်း မာ စေ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 4:24
41 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် လူတို့​သည် မျက်စိ​မမြင်၊ စကား​ဆွံ့အသော​နတ်ဆိုးပူးသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု​က ထို​သူ​အား ကုသတော်မူ​သဖြင့် စကား​ပြန်ပြောနိုင်လာ​ပြီး မျက်စိ​လည်း ပြန်မြင်လေ၏။


ထို​အချိန်​တွင် နယ်စား​အန္တိပ​ဟေရုဒ်​သည် ယေရှု​အကြောင်း​ကို ကြား​သော်


ထိုအခါ ထို​ဒေသ​တွင်​နေထိုင်သော လူမျိုးခြား​အမျိုးသမီး​တစ်ဦး​သည် အထံတော်သို့​လာ​၍ “အို သခင်… ဒါဝိဒ်မင်း​၏​သားတော်… ကျွန်မ​ကို သနားတော်မူပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုးပူး​သဖြင့် နတ်ဆိုး​နှိပ်စက်ခြင်း​ကို ခံနေရပါသည်” ဟု အော်ဟစ်​၍ လျှောက်လေ၏။


“သခင်… အကျွန်ုပ်​၏​သား​ကို သနားတော်မူပါ။ သူ​သည် ဝက်ရူးပြန်ရောဂါ​စွဲကပ်​၍ ဝေဒနာ​ပြင်းထန်​စွာ ခံစားနေရပါ၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ကျတတ်ပါ၏။


ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို ဆုံးမ​သဖြင့် နတ်ဆိုး​သည် သူငယ်​အထဲမှ ထွက်သွား၏။ ထို​ခဏချင်း​တွင် သူငယ်​သည် ကျန်းမာလာ၏။


ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။


အိုင်​တစ်ဖက်ကမ်း​ရှိ ဂါရစ​ဒေသ​သို့ ကြွ​သောအခါ နတ်ဆိုးပူးသူ​နှစ်ဦးတို့​သည် သင်္ချိုင်းဂူများ​အကြား​မှ ထွက်လာ​၍ ယေရှု​နှင့် တွေ့ဆုံကြ၏။ ထို​သူတို့​သည် အလွန်​ဆိုးသွမ်း​သဖြင့် မည်သူ​မျှ ထို​သင်္ချိုင်း​လမ်း​ကို ဖြတ်​မသွားနိုင်ကြပေ။


ဝက်ကျောင်းသော​သူတို့​သည် မြို့​သို့ ထွက်ပြေး​၍ လူအပေါင်းတို့​ကို ထို​နတ်ဆိုးပူးခံရသောသူတို့​၌ ဖြစ်ပျက်ခဲ့​သမျှ​အကြောင်း​ကို ပြောပြကြ၏။


“သခင်… အကျွန်ုပ်​၏ အစေခံ​တစ်ယောက်​သည် လေဖြတ်​၍ ဝေဒနာ​ပြင်း​စွာ ခံစား​လျက် အိပ်ရာ​တွင် လဲနေရပါသည်” ဟု လျှောက်လေ၏။


ဤ​သတင်း​သည် ထို​နယ်​တစ်ခွင်လုံး​သို့ ပျံ့နှံ့သွားလေ၏။


ထို့နောက် ယေရှု​သည် ထို​ဒေသ​၏ ရှိသမျှ​မြို့ရွာများ​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။


ထို့နောက် ကိုယ်တော်​၏​သတင်းတော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လျင်မြန်​စွာ ပျံ့နှံ့သွားလေ၏။


နေဝင်​၍ ညချမ်း​အချိန်​ရောက်​သော် လူတို့​သည် မကျန်းမာသူများ​နှင့် နတ်ဆိုးပူးသူများ​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်လာကြ၏။


ထိုအခါ လူ​လေးဦး​သည် လေဖြတ်သူ​တစ်ဦး​ကို ထမ်းစင်​ဖြင့်​ထမ်း​၍ ကိုယ်တော်​ထံသို့ သယ်ဆောင်လာကြ၏။


သို့သော်လည်း လူထု​ပရိသတ်​ရှိနေ​သဖြင့် သူတို့​သည် ကိုယ်တော်​ထံသို့ မချဉ်းကပ်နိုင်ကြပေ။ ထို့ကြောင့် ကိုယ်တော်​ရှိသည့်​နေရာ​အထက်​မှ အမိုး​ကို ခွာ​၍ လူနာ​ကို ထမ်းစင်​နှင့်တကွ ရှေ့တော်​သို့ ကြိုး​ဖြင့် လျှောချကြ၏။


ဤ​လေဖြတ်သူ​အား ‘သင်​၏​အပြစ်များ​ကို ခွင့်လွှတ်ပြီ’ ဟု ပြော​ရန် ပို​၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ​၍ သင့်​ထမ်းစင်​ကို ယူ​လျက် လမ်းလျှောက်လော့’ ဟု ပြော​ရန် ပို၍​လွယ်ကူသလော။


ဤသို့ သန်းခေါင်စာရင်း​ကောက်ယူခြင်း​သည် ဆီးရီးယားပြည်၊ ဘုရင်ခံ​ကုရေနိမင်း​လက်ထက်​တွင် ပထမဆုံး​အကြိမ်​ဖြစ်၏။


ထို့နောက် ယေရှု​သည် ဝိညာဉ်တော်​တန်ခိုး​နှင့် ပြည့်ဝ​လျက်​ဂါလိလဲပြည်​သို့ ပြန်ကြွတော်မူ၏။ ယေရှု​၏​သတင်းတော်​သည်လည်း ထို​အရပ်ဒေသ​တစ်လျှောက်လုံး​တွင် ပျံ့နှံ့သွား၏။


ယေရှု​သည် ဝတ်ပြုဆောင်​မှ ထွက်ခွာ​၍ ရှိမုန်​၏​အိမ်​သို့ ကြွလေ၏။ ရှိမုန်​၏​ယောက္ခမ​သည် အပြင်းဖျား​လျက်​ရှိ​သောကြောင့် ကုသပေး​ရန် လူတို့​က ကိုယ်တော်​အား လျှောက်ကြ၏။


သို့သော်လည်း ကိုယ်တော်​၏​သတင်းတော်​သည် ပို၍​ပျံ့နှံ့သွား​သဖြင့် လူအုပ်ကြီး​သည် ကိုယ်တော်​၏​တရားတော်​ကို ကြားနာရန်​နှင့် မိမိတို့​၏​အနာရောဂါများ​ကို ကုသခံ​ရန် စုဝေးလာကြ၏။


သို့သော် လူသား​သည် ဤ​လောက​တွင် အပြစ်​လွှတ်ပိုင်သော​အခွင့်အာဏာ​ရှိသည်​ကို သင်တို့​အား ငါ​သက်သေပြမည်” ဟု ဆို​ကာ လေဖြတ်သူ​အား “သင့်​အား ငါ​ဆို၏။ ထလော့။ သင့်​ထမ်းစင်​ကို​ယူ​၍ အိမ်​သို့ ပြန်လော့” ဟု မိန့်တော်မူ၏။


ထို​သတင်းတော်​သည် ယုဒပြည်​နှင့် ပတ်ဝန်းကျင် ဒေသ​အသီးသီး​သို့ ပျံ့နှံ့လေ၏။


အခြား​သူများ​က “သူ​၏ စကားတို့​သည် နတ်ဆိုးပူးသော​သူ​၏ စကားများ​နှင့် မတူပါ။ နတ်ဆိုး​သည် မျက်မမြင်တို့​ကို မြင်စေနိုင်မည်လော” ဟု ပြောဆိုကြ၏။


ဘုရားသခင်​သည် နာဇရက်မြို့သား​ယေရှု​အား သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​အားဖြင့် မည်သို့​ဘိသိက်ပေးခဲ့ကြောင်း​ကိုလည်း သင်တို့​သိကြ၏။ ဘုရားသခင်​သည် ယေရှု​နှင့် အတူ​ပါရှိတော်မူ​သဖြင့် ယေရှု​သည်လည်း ကောင်းမှုပြု​၍ နတ်ဆိုးပူးသော​သူများ​အား ပျောက်ကင်း​ကျန်းမာစေ​လျက် အရပ်ရပ်​သို့ လှည့်လည်တော်မူ၏။


ထို​သူတို့​နှင့်အတူ ပေးလိုက်သော​စာ​တွင် သင်တို့​၏​ညီအစ်ကိုများ​ဖြစ်သည့် တမန်တော်များ​နှင့် အသင်းတော်​အကြီးအကဲများ​သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​ရှိ လူမျိုးခြား​ယုံကြည်သူများ​အား နှုတ်ခွန်းဆက်သလိုက်ပါ၏။


ပေါလု​သည် ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​တို့​ကို ဖြတ်သွား​၍ အသင်းတော်များ​ကို ကြံ့ခိုင်စေ၏။


ဤသို့​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်ရှိ အခြား​ဖျားနာသော​သူတို့​သည်လည်း လာကြ၏။ ပေါလု​သည် ထို​သူတို့​ကို ကျန်းမာစေ၏။


အဘယ်ကြောင့်ဆိုသော် နတ်ဆိုးပူးခံရသူ​များစွာ​အထဲ​မှ နတ်ဆိုးတို့​သည် ကျယ်လောင်​စွာ​အော်ဟစ်​၍ ထွက်သွားကြ​သောကြောင့်​ဖြစ်၏။ လေဖြတ်သောသူများ​နှင့် ခြေမသန်သောသူများ​သည်လည်း အကောင်းပကတိ​အတိုင်း ဖြစ်လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ