Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 4:23 - မြန်မာ

23 ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကိုယ် တော် သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် ပြည် သူ ပြည် သား တို့ အ လယ် တွင် နိုင် ငံ တော် ဆိုင် ရာ သတင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် ဂါ လိ လဲ နယ် တစ် ဝှမ်း လုံး ကို လှည့် လည် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 4:23
46 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။-


ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။


ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။-


မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-


ထို​နောက်​မှ မိ​မိ​မြို့​သို့​ရောက်​တော်​မူ၍ တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။ မြို့​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ​သ​ဖြင့်၊ ဤ​သူ​သည် ဤ​ပ​ညာ​ကို​လည်း​ကောင်း၊ ဤ​တန်​ခိုး​ကို​လည်း​ကောင်း အ​ဘယ်​မှာ​ရ​သ​နည်း။-


က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-


ထို​နောက်​မှ ကိုယ်​တော်​သည် မြို့​ရွာ​အ​စဉ်​အ​တိုင်း ဒေ​သ​စာ​ရီ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။-


ဥ​ပုသ်​နေ့​ရောက်​လျှင် တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ လူ​များ​တို့​သည် ကြား​နာ​ရ​လျှင် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်၍၊ ဤ​သူ​သည် ဤ​အ​ရာ​တို့​ကို အ​ဘယ်​မှာ​ရ​သ​နည်း။ သူ​ရ​သော ပ​ညာ​ကား အ​ဘယ်​ပ​ညာ​နည်း။ ဤ​မျှ​လောက်​သော တန်​ခိုး​များ​ကို အ​ဘယ်​သို့ ပြ​နိုင်​သ​နည်း။-


လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​တို့၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အ​ဆုံး​သည်​ဖြစ်​လ​တ္တံ့။


ထို​အ​ရပ်​မှ ကြွ၍ တ​ရား​ဇ​ရပ်​သို့ ဝင်​တော်​မူ၏။ လက်​တစ်​ဖက် သေ​သော​သူ​တစ်​ယောက် ရှိ​သည်​ဖြစ်၍၊-


ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-


တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တွင် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သော​အ​ခါ၊


ထို​လူ​များ​ကို လက်​ခံ​တော်​မူ​လျက်၊ ဘု​ရား​သ​ခင့် နိုင်​ငံ​တော်၏​အ​ကြောင်း​ကို ဟော​ပြော၍၊ နာ​သော​သူ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။


တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။-


ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။


အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-


ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊-


က​ပေ​ရ​နောင်​မြို့​တ​ရား​ဇ​ရပ်၌ ဩ​ဝါ​ဒ​ပေး​စဉ်​တွင် မိန့်​တော်​မူ၏။


လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။-


ထို​သူ​တို့​နှင့်​တ​ကွ ကိုယ်​တော်​သည် တောင်​ပေါ်​က​ဆင်း​ကြွ၍ မြေ​ညီ​ရာ​အ​ရပ်၌ ရပ်​တော်​မူ၏။ တ​ရား​နာ​ခြင်း​ငှာ​လည်း​ကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၊ ပင်​လယ်​ကမ်း​နား၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ အ​ရပ်​ရပ်​တို့​က လာ​ကြ​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​နှင့် တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-


ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။


လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-


ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။


ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။


တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင် လူ​များ​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​သည် လာ၍၊-


ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့် ဂါ​လိ​လဲ​ပြည်​သို့​ပြန်၍၊ သ​တင်း​တော်​သည် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၍၊-


အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-


ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။-


ယေ​ရှု​က၊ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ။ သင်​မူ​ကား​သွား၍ ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ အ​ကြောင်း​ကို ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။-


ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​ရှိ၏။ ယော​ဟန်​လက်​ထက်​မှ​စ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်​ရှိ၏။ လူ​များ​တို့​သည်​လည်း နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ဝင်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ